နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ဆီယာရဲ့ အနိုင်ဂိုးကြောင့် ရှုံးထွက်တက်ရေး မျှော်လင့်ချက် ရှင်သန်ခဲ့တဲ့ အေစီမီလန် ( ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

အက်တလက်တီကိုမက်ဒရစ် ၀ – ၁ အေစီမီလန်

ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ ဒုတိယနေ့ မှာတော့ အက်တလက်တီကို မက်ဒရစ်နဲ့ အေစီမီလန်တို့ ယှဉ်ပြိုင် ကစားခဲ့ပြီး အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲ မှာတော့ စပိန်မြေမှာ လာရောက် ကစားခဲ့တဲ့ အေစီမီလန်တို့ ပုံစံကောင်း တစ်ခုနဲ့ အတူ အိမ်ရှင် အက်တလက်တီကို မက်ဒရစ်ကို အနိုင်ယူသွားခဲ့ပြီး ၁၆ သင်း ရှုံးထွက် အဆင့် တက်ရောက်နိုင်ရေး အတွက်လည်း မျှော်လင့်ချက်တွေ ဆက်လက် ရှင်သန်ခဲ့ပါတယ်။


ပွဲစဉ် အကျဉ်း

လက်ရှိ ရာသီ ချန်ပီယံလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေတဲ့ အက်တလက်တီကို မက်ဒရစ်တို့ အခုပွဲ ကနေ ကျိန်းသေပေါက် အနိုင် ၃ မှတ် ရရှိဖို့ ရည်ရွယ်လာခဲ့ပြီး ဂျာအိုဖီးလစ်၊ ဖိလစ်ပီ၊ ထရစ်ပီယာ တို့က လွဲလို့ လူစုံထုတ် ယှဉ်ပြိုင်လာခဲ့ပါတယ်။ အေစီမီလန် ကလည်း ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုရင် အခုပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတာကြောင့် အဓိက ကစားသမား အများစုကိုပဲ အသုံးပြုလာခဲ့ပါတယ်။

လာလီဂါ
ဘီလ်ဘာအို
ဂရာနာဒါ
1X2 သရေ (Draw) @ 4.30
ဂိုးပေါ် 2.25 @ 1.86
ဂိုးပေါင်း 0-1 @ 2.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တကယ်တမ်း ကစားချိန်မှာလည်း အိမ်ရှင်ထက် ဧည့်သည် အသင်းရဲ့ ကစားပုံက ပိုကောင်းခဲ့ပါတယ်။ ဘာရာဟင် ဒီးရာ့ဇ်၊ ဆယ်လီမေကာစ်၊ ကတ်ဆီ၊ တိုနာလီ၊ သီယို ဟာနန်ဒက်ဇ် တို့ လုပ်အားနှုန်း ကောင်းကောင်းနဲ့ အက်တလက်တီကို ဘက်ကို ပွဲစကတည်း ထိုးဖောက်နိုင်ပြီး လိုအပ်နေတဲ့ သွင်းဂိုးတွေကို ရှာဖွေလာခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင် အသင်းရဲ့ နောက်တန်းမှာ ဆာဗစ် ပြန်လည် ပါဝင်လာတာရယ်၊ ဟာမိုဆိုနဲ့ ရိုဒရီဂို ဒီပေါလ်တို့ ခြေစွမ်းပြခဲ့တာရယ်ကြောင့် ဂိုးရဖို့တော့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ လာလီဂါ ပွဲစဉ်တွေ မှာထဲ ခြေပျက်နေတဲ့ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက ပြိုင်ဘက် အေစီမီလန်ရဲ့ ရုန်းအားကြောင့် ပွဲချိန် တစ်လျှောက်လုံး ခက်ခက်ခဲခဲ ကစားခဲ့ရပြီး တိုက်စစ်ဆင် ဖို့ထက် ခံစစ်ကိုပဲ အားပြု ကစားခဲ့ရပါတယ်။ ပွဲကစားချိန် ၈၅ မိနစ်လောက် အထိ အက်တလက်တီကို မက်ဒရစ် တို့ အေစီမီလန်ရဲ့ တိုက်စစ် လမ်းကြောင်းကို အမှားအယွင်း မရှိ ပိတ်ဆို့ တားဆီနိုင်ခဲ့ပေမယ့် ၈၇ မိနစ် အရောက် မှာတော့ မထင်မှတ်ပဲ ဒီနေ့ပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီဂိုး ကတော့ ကတ်ဆီရဲ့ ဖြတ်တင် ပေးပို့မှုကို ဂျူနီယာ မက်ဆီယာက ၆ ကိုက် အကွာ ကနေ ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ အိမ်ရှင် အက်တလက်တီကိုမက်ဒရစ်တို့ ချေပဂိုး ရဖို့ နီးစပ်ခဲ့ပေမယ့် ကော်ရီယာရဲ့ အဆုံးသတ်ပိုင်း အားနည်းချက် တွေကြောင့် ၀-၁ ရလဒ် နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အက်တလက်တီကို မက်ဒရစ် ကတော့ အုပ်စု အောက်ဆုံး နေရာအထိ ဆင်းပေးလိုက်ရပေမယ့် ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး မျှော်လင့်ချက် ကတော့ အပြည့်အဝ ရှင်သန်နေဆဲ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စု (B)ရဲ့ အုပ်စု အောက်ဆုံးနေရာကို ရောက်ရှိသွားတဲ့ အက်တလက်တီကို မက်ဒရစ်

ပွဲမစတင်ခင် အက်တလက်တီကို မက်ဒရစ် ကိုပဲ ပိုပြီး သဘောကျခဲ့ကြပေမယ့် ပီအိုလီရဲ့ အသင်း ကတော့ မထင်မှတ်ထားတဲ့ ခြေစွမ်းတွေနဲ့ အတူ လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို အရယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ အက်တလက်တီကိုမက်ဒရစ် အသင်းရဲ့ ခြေစွမ်း အညံ့ဆုံး ကစားသမားတွေကို ပြောပါ ဆိုရင်တော့ တိုက်စစ်က လူးဝစ်ဆွာရက်ဇ်နဲ့ အန်တိုနီ ဂရစ်ဇ်မန်း တို့လို့ပဲ ပြောရမှာ ဖြစ်ပြီး အေစီမီလန် နောက်တန်းရဲ့ ထိန်းချုပ်မှု အောက်မှာ လုံးဝ မလှုပ်နိုင်ခဲ့ပါဘူး။ နည်းပြ ပီအိုလီရဲ့ အချိန်ကိုက် လူစားမှန်ကန်မှုတွေ ကလည်း အေစီမီလန်တို့ အဖိုးတန် နိုင်ပွဲ ရဖို့ အကြောင်းရင်း တစ်ခု ဖြစ်ခဲ့ပြီး ကွင်းလယ်လူ ကတ်ဆီရဲ့ စွမ်းဆောင်ရည် ကလည်း ဒီနေ့ပွဲမှာ အကောင်းဆုံး အနေအထားမှာ ရှိခဲ့တာ တွေ့ရပါတယ်။ အခုပွဲ ရလဒ်ကြောင့် အေစီမီလန်တို့ အုပ်စု (B)ရဲ့ တတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် ရှင်သန်ခဲ့ပါတယ်။ အက်တလက်တီကို မက်ဒရစ် ကတော့ အုပ်စု အောက်ဆုံး နေရာအထိ ဆင်းပေးလိုက်ရပေမယ့် ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး မျှော်လင့်ချက် ကတော့ အပြည့်အဝ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ပေါ်တို၊ အက်တလက်တီကိုနဲ့ အေစီမီလန်တို့ထဲက ဘယ်အသင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မလဲ ဆိုတာ ကိုတော့ အုပ်စု နောက်ဆုံး ပွဲစဉ်က အဆုံးအဖြတ် ပေးသွားတော့မှာ ဖြစ်ပါတယ်။


လာမယ့် ပွဲစဉ်များ

အက်တလက်တီကို မက်ဒရစ်တို့ လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကာဒစ်ဇ်နဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိနေပြီး အေစီမီလန် ကတော့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဆာဆူအိုလိုနဲ့ စီးရီးအေ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်