နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရင်းနှီးမြှုပ်နှံခဲ့သမျှ အချည်းအနှီး မဖြစ်ဘူးဆိုတာကို အလုပ်နဲ့ သက်သေပြနေတဲ့ မန်ချက်စတာစီးတီး – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာစီးတီး ၂ – ၀ ပီအက်စ်ဂျီ

နှစ်ကျော့ပေါင်းရလဒ် (မန်ချက်စတာစီးတီး ၄ – ၁ ပီအက်စ်ဂျီ)

မနေ့ညက အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ စီးတီးတို့ ရီယက်ဒ် မားရက်ဇ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ထပ်မံ အနိုင်ရရှိခဲ့ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ဗိုလ်လုပွဲကို ပထမဦးဆုံးအကြိမ် ထိုက်ထိုက်တန်တန် တက်လှမ်းသွားခဲ့ပါတယ်။

ပထမအကျော့က အိမ်ကွင်းမှာ ၁-၂ ရလဒ်နဲ့ အရေးနိမ့်ထားခဲ့တဲ့ ပိုချက်တီနိုရဲ့ အသင်းက အခုပွဲမှာ မဖြစ်မနေ နိုင်ပွဲပြန်ရဖို့ ပြင်ဆင်လာခဲ့ပေမယ့် ပပ်ဂွာဒီယိုလာရဲ့ ပြောင်မြောက်တဲ့ နည်းဗျူဟာနဲ့ ကစားသမားတွေရဲ့ ကြိုးစားမှုတွေကို ကျော်လွန်နိုင်ခြင်း မရှိခဲ့လို့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးတို့ ဒီနေ့ပွဲမှာ ပထမအကျော့တုန်းက လူစာရင်းကို ၂ နေရာပဲ အပြောင်းအလဲ ပြုလုပ်ပြီး ပွဲထွက်လာခဲ့တာ တွေ့ရပါတယ်။ ကွင်းလယ်က ရိုဒရီ နေရာမှာ ဖာနန်ဒင်ဟို၊ ဘယ်နောက်ခံလူနေရာမှာ ကန်ဆယ်လို အစား ဇင်ချန်ကို တို့ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ ပီအက်စ်ဂျီ ဘက်မှာတော့ တိုက်စစ်က အန်ဘာပေး ဒဏ်ရာကြောင့် ပါဝင်လာနိုင်ခြင်း မရှိခဲ့လို့ အီကာဒီကို အသုံးပြုခဲ့ရပြီး ကွင်းလယ်က ဂူရီနေရာမှာ အန်ဒီရီဟာရဲရား၊ ဘယ်နောက်ခံလူ နေရာမှာ ဒိုင်ယာလိုတို့ ပါဝင်လာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ပိုချက်တီနိုရဲ့ အသင်းကို အများကြီး မျှော်လင့်ထားခဲ့မိပေမယ့် အန်ဘာပေး မပါတဲ့ တိုက်စစ်ဟာ တော်တော်လေးကို အားနည်းခဲ့ပါတယ်။ နောက်ပြီး မန်ချက်စတာစီးတီး နည်းပြ ပပ်ဂွာဒီယိုလာ အနေနဲ့ ပီအက်စ်ဂျီကို လုံးဝ တိုက်စစ်ဆင်လို့ မရအောင် တစ်ဖက် နောက်တန်းအထိ တက်ပြီး ဖိအားပေးတဲ့ ဗျူဟာကို အသုံးပြုခဲ့တာဟာ တော်တော်လေး အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။

မနှစ်က ဗိုလ်လုပွဲအထိ ရောက်ပြီးမှာ ဒုတိယနဲ့ ကျေနပ်ခဲ့ရသလို ဒီနှစ်မှာလည်း ဆီမီးဖိုင်နယ် ကနေပဲ လှည့်ပြန် သွားခဲ့ရတာကြောင့် ပြင်သစ်ထိပ်သီးတို့ ချန်ပီယံလိဂ်ကို လိုချင်လွန်းလို့ မရတာများ ဖြစ်နေပြီလား ဆိုပြီး မေးရတော့မလို ဖြစ်နေပါပြီ။
မန်ချက်စတာစီးတီး ဘက်ကို ဂိုးပေါက်တည့်မှု တစ်ကြိမ်တောင် မစွမ်းဆောင်နိုင်ခဲ့ ပီအက်စ်ဂျီ

ပွဲစကတည်းက ကစားကွက် တည်မရဖြစ်နေတဲ့ ပီအက်စ်ဂျီတို့ ပွဲချိန် ၁၁ မိနစ် မှာတော့ ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက် ရပါတယ်။ ဂိုးသမား အီဒါဆင်ရဲ့ တိကျတဲ့ ကန်တင်ပေးပို့မှုကို ဇင်ချန်ကိုက ဒီဘရိုင်းနားဆီ ပြန်လည် ချပေးခဲ့ပြီး ဒီဘရိုင်းနားရဲ့ ဖန်တီးပေးပို့မှုကိုတော့ တိုက်စစ်က ရီယက်ဒ် မားရက်ဇ်က အမှားအယွင်းမရှိ ပိတ်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ မန်ချက်စတာစီးတီးတို့ ပြိုင်ဘက် နောက်ခံလူတွေကို အနီးကပ် ဖိအားပေး ကစားခဲ့လို့ ပိုချက်တီနိုရဲ့ အသင်းက ဘယ်လိုမှ တိုက်စစ်ဆင်လို့ မရခဲ့ပါဘူး။ နေမာနဲ့ ဗာရက်တီ၊ ဒီမာရီယာတို့ လွတ်ထွက် လာရင်လည်း ရူဘင်ဒီးရာ့ဇ်-ဂျွန်စတုန်းစ် ခံစစ်အတွဲက အကောင်းဆုံး တားဆီးနိုင်ခဲ့တာကြောင့် ဂိုးသမား အီဒါဆင် ဆီကိုတောင် ဘောလုံးမရောက်သလောက်ပါပဲ။ နေမာ တစ်ဦးတည်း ရုန်းနေရတဲ့ ပီအက်စ်ဂျီတို့ ဒုတိယပိုင်း မှာတော့ ပိုပြီးဆိုးလာတဲ့ ကစားပုံနဲ့ အတူ တိုက်စစ်ဆင်ဖို့အထိ မရောက်တော့ပဲ ဂိုးသမား နားဗက်စ်နဲ့ နောက်ခံလူတွေ အနေနဲ့ လူပေးမမှားအောင် မနည်းကစားနေခဲ့ရပါတယ်။

ပွဲချိန် ၆၃ မိနစ် မှာတော့ တန်ပြန်တိုက်စစ် ကနေ တစ်ဆင့် မန်စီးတီး ကို ဒုတိယဂိုး ထပ်ရသွားပြီး ဖိုဒန်ချိုးပေးတဲ့ ဘောလုံးကို မားရက်ဇ်ကပဲ အမိအရ ပိတ်သွင်းပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မားရက်ဇ်အနေနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ မိုဟာမက်ဆာလာ ပြီးရင် ပြိုင်ဘက်ကို နှစ်ကျော့စလုံး ဂိုးသွင်းနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အဲ့နောက် ဒီမာရီယာရဲ့ ပရော်ရှင်နယ် မဆန်တဲ့ လုပ်ရပ်ကြောင့် အနီကတ်ပြခံခဲ့ရပြီး ပွဲကလည်း ပိုကြမ်းလာခဲ့သလို ပီအက်စ်ဂျီ ကစားသမားတွေ ခဏခဏ ပြစ်ဒဏ် ကျူးလွန်ခဲ့ကြပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ ၂ ဂိုးသွင်းထားပြီး ၁ ယောက်အသာရနေတဲ့ ပပ်ဂွာဒီယိုလာရဲ့ အသင်းက ဂိုးတွေထပ်ရဖို့ စတာလင်၊ ဂျီဆုစ်နဲ့ အဂွဲရိုးတို့ တိုက်စစ် ကစားသမား ၃ ဦးကို ထပ်ထည့်ခဲ့ပါတယ်။ ပီအက်စ်ဂျီ ကတော့ မဖြစ်မနေ ဂိုးရဖို့ အားစိုက် ကစားရမယ့် အချိန်မှာ ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့ အထိ မန်ချက်စတာစီးတီးရဲ့ လွှမ်းမိုးမှုအောက်က ရုန်းထွက်နိုင်ခြင်း မရှိခဲ့လို့ ပွဲအပြီးမှာ နှစ်ကျော့ပေါင်း ၄-၁ ရလဒ်နဲ့ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ကို နှုတ်ဆက်ခဲ့ရပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

တကယ်တော့ ဒီပွဲနဲ့ ပတ်သတ်ပြီး ဘာမှရှည်ရှည်ဝေးဝေး သုံးသပ်နေဖို့ မလိုပါဘူး။ အသင်းကို ကာလတစ်ခုအကြာ အချိန်ယူတည်ဆောက်နိုင်ခဲ့ပြီး နောက်မှာတော့ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ဖို့ ထိုက်တန်နေပြီလို့ပဲ ပြောချင်ပါတယ်။ မန်ချက်စတာစီးတီးတို့ရဲ့ ကစားပုံက သိပ်ပြီး စွဲဆောင်မှု မရှိခဲ့ပေမယ့် အတိုးအလှုပ်ကောင်းတဲ့ ကစားသမားတွေ အများကြီး ပိုင်ဆိုင်ထားတဲ့  ပီအက်စ်ဂျီကို ပွဲချိန်ပြည့် လှုပ်မရအောင် ထိန်းချုပ်သွားနိုင်ခဲ့တာ လေးစားစရာပါပဲ။ ထိန်းချုပ်ခံရတယ် ဆိုတာလည်း နေမာ၊ ဗာရက်တီ၊ အီကာဒီ တို့မှ မဟုတ်ပါဘူး။ ကင်ဘမ်ဘီ၊ မာကွင်ဟိုစ်တို့လို ခံစစ်မှူးတွေပါ ဘောလုံးပေးပို့လို့ မရအောင်ကို ထိန်းချုပ်ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ မားရက်ဇ် အနေနဲ့လည်း ချန်ပီယံလိဂ် သွင်းဂိုး ၁၀ ဂိုးပြည့်ခဲ့ပြီး ပီအက်စ်ဂျီကို ကျော်ဖြတ်ခဲ့တဲ့ နှစ်ကျော့စလုံးမှာ အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ မျောက်သစ်ကိုင်းလွတ်ဖြစ်ခဲ့တဲ့ ပီအက်စ်ဂျီတို့ ပိုချက်တီနိုကို အလောတကြီး မခေါ်ယူပဲ တူဟယ်နဲ့သာ ရာသီအကုန်အထိ ဆက်ပြီး လက်တွဲခဲ့မယ် ဆိုရင် ဒီလောက်အထိ ဆိုးရွားခဲ့မှာ မဟုတ်ပါဘူး။ အခုတော့ နည်းပြသစ် ပိုချက်တီနိုရဲ့ နည်းစနစ်အောက်မှာ အံဝင်အောင် ကစားနေရတဲ့အချိန် အဓိကကစားသမားတွေ မရှိရင် ရုန်းကန်ရလေ့ရှိတဲ့ ပီအက်စ်ဂျီတို့ မန်ချက်စတာစီးတီးနဲ့ ယှဉ်တဲ့အခါမှာ အသင်းငယ်လေး တစ်သင်းအဆင့်ထက် မပိုခဲ့တာ ဖြစ်ပါတယ်။ နေမာ၊ အန်ဘာပေး တို့ကတော့ ချန်ပီယံလိဂ်နဲ့ ကံမစပ်သေးဘူးပဲ ပြောရမှပါ။ မနှစ်က ဗိုလ်လုပွဲအထိ ရောက်ပြီးမှာ ဒုတိယနဲ့ ကျေနပ်ခဲ့ရသလို ဒီနှစ်မှာလည်း ဆီမီးဖိုင်နယ် ကနေပဲ လှည့်ပြန် သွားခဲ့ရတာကြောင့် ပြင်သစ်ထိပ်သီးတို့ ချန်ပီယံလိဂ်ကို လိုချင်လွန်းလို့ မရတာများ ဖြစ်နေပြီလား ဆိုပြီး မေးရတော့မလို ဖြစ်နေပါပြီ။
 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာစီးတီးတို့ လာမယ့်ရက်မှာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိပြီး ပြီးခဲ့တဲ့ အက်ဖ်အေဖလား ရှုံးပွဲကို မြန်မြန်ဆန်ဆန်ပဲ ပြန်ဆပ်ခွင့်ရှိနေပါတယ်။ ပီအက်စ်ဂျီ ကတော့ ဒီရာသီအတွက် ချန်ပီယံလိဂ် ခရီးဟာ ဒီမှာတင်ပဲ တစ်ခန်းရပ်ခဲ့ပြီ ဖြစ်လို့ အိမ်ပြန်ပြီး လီဂူးဝမ်းမှာ ဆက်ရုန်းဖို့ပဲ ကျန်ပါတော့တယ်။ လက်ရှိ လီဂူးဝမ်းမှာလည်း ပီအက်စ်ဂျီတို့ လိုင်လီရဲ့ ဦးဆောင်တာကို ခံနေရပြီး အခုတစ်ပတ်မှာလည်း ရန်းစ်နဲ့ ပွဲမှာ ခြေလုံးဝချော်လို့ မရတဲ့ အခြေအနေ မှာရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်