နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် မုန်တိုင်းကြားမှာ ဒေါင်းဖြူတွေ အရှိန်ပြင်းပြင်း ပျံသန်းနိုင်မှာလား???

“ လိဒ်စ်ယူနိုက်တက်တို့ ရာသီကုန်မှာ ချန်ပီယံရှစ်ကို ပြန်ဆင်းရလိမ့်မယ်” လို့ နာမည်ကျော် ဘောလုံးကျွမ်းကျင်သုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။ တစ်ချိန်က ပရီးမီးယားလိဂ် မှာ အသင်းကြီး တစ်သင်းအဖြစ်ရပ်တည်နိုင်ခဲ့တဲ့ လိဒ်စ်တို့ အကောင်းဆုံးပြန်ပြီးရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ ဘာကြာင့်ယူဆနေကြတာလဲ။ လိဒ်စ်ယူနိုက်တက်ရဲ့ လက်ရှိခြေစွမ်းနဲ့ လူအင်အားအရ ပရီးမီးယားလိဂ်အသင်းတွေနဲ့ယှဉ်ပြိုင်နိုင်ဖို့ အမှန်တကယ်ပဲ လိုအပ်ချက်တွေ များနေသေးတာလား။ ပွဲစဉ်ပေါင်း ၃၈ ပွဲကစားရမယ့် ပရီးမီးယားလိဂ် ခရီးရှည်ကြီးမှာ အရင်တစ်ချိန်ကလိုပဲ အဖြူရောင်တပ်သားတို့ မထင်မှတ်ထားတာတွေ စွမ်းဆောင်ပြပြီး ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးနိုင်ဦးမှာလားဆိုတဲ့ မေးခွန်းပေါင်းများစွာရှိနေခဲ့ပါပြီ။

လိဒ်စ်ယူနိုက်တက် အနေနဲ့ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ဆုဖလားရရှိပြီး အားအင်အပြည့်နဲ့ ပရီးမီးယားလိဂ် ကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့တယ်ဆိုပေမယ့် ရာသီအကုန်မှာ တန်းပြန်ဆင်းသွားမယ်လို့ တချို့သော ဘောလုံးသုံးသပ်သူတွေက ကြိုတင်ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်အနေနဲ့ လွန်ခဲ့တဲ့ ၁၆နှစ်က ဘဏ္ဍာရေးပြသနာတွေကြောင့် တန်းဆင်းသွားခဲ့ရလို့ လိဒ်စ်ယူနိုက်တက်နဲ့ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တော်တော်များများ စိတ်မကောင်းဖြစ်ခဲ့ကြသလို ပရီးမီးယားလိဂ် ကို ပြန်လည်တက်လှမ်းလာနိုင်ချိန်မှာလည်း ဝိုင်း၀န်းဂုဏ်ပြုထားံခထားရပါတယ်။ အာဂျင်တီးနား နည်းပြ ဘိုင်လ်ဆာရဲ့ နည်းစနစ်ပိုင်းကျွမ်းကျင်မှုနဲ့ အတူ လူငယ်ကြယ်ပွင့်တွေကို အတွေ့အကြုံရှိကစားသမားတွေနဲ့ ပေါင်းစပ်ထားပြီး ခြေမှန်နေတဲ့ လိဒ်စ်တို့ ပရီးမီးယားလိဂ် ရာသီသစ်မှာ အောင်မြင်မှုတွေလည်း ပြန်ရနိုင်သလို အခန့်မသင့်ရင် တန်းပြန်ဆင်းသွားနိုင်ပါတယ်။ ဒါ့ကြောင့်အခုတစ်ခါမှာတော့ SBOTOPရဲ့ ဘောလုံးပရိသတ်တွေ အတွက် လိဒ်စ်ယူနိုက်တက်ရဲ့ အားနည်းချက်နဲ့ အားသာချက်ဖြစ်လာနိုင်မယ့် အချက်တစ်ချို့ ကို ကြိုတင်ခန်းမှန်းပြီး ဖော်ပြပေးလိုက်ရပါတယ်။
 

ကစားပုံနဲ့ နည်းစနစ်ပိုင်း

လိဒ်စ်ယူနိုက်တက်အသင်းဟာ ပြိုင်ဘက်ကို ဖိအားပေးတိုက်စစ်ဆင်ကစားတတ်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ၄-၁-၄-၁ နဲ့ ၃-၃-၃-၁ ကစားကွက် နှစ်မျိုးကို အများဆုံး အသုံးပြုလေ့ရှိတဲ့ နည်းပြဘိုလ်ဆာဟာ တိုက်စစ်ကစားပုံအားသန်တဲ့ နည်းပြတစ်ဦးလို့ ‌ပြောရမှာပါ။ ဘိုင်လ်ဆာအနေနဲ့ ပြီးခဲ့တဲ့ရာသီက လိဒ်စ်ယူနိုက်တက်အသင်း အမှတ်ပေးဇယားမှာ ဘယ်အဆင့်ပဲ ရောက်ရောက် ၃-၃-၃-၁ ကစားကွက်ကို အများဆုံးအသုံးပြုလေ့ရှိတာတွေ့ရပြီး အသင်းပေါင်း ၂၄သင်းနဲ့ တွေ့ဆုံကစားခဲ့ချိန်မှာ ၁၇ကြိမ်ထက်မနည်း အသုံးပြုခဲ့ပါတယ်။ ၃-၃-၃-၁ ကစားကွက်နဲ့ အံ၀င်ဖို့အတွက်ဆိုရင်လည်း စိတ်ဓာတ်ပြင်းပြပြီး ကွင်းထဲမှာ အင်တိုက်အားတိုက်ကစားနိုင်မယ့်သူတွေ လိုအပ်‌တာကြောင့် လိဒ်စ်ယူနိုက်တက် တို့ ပထမပိုင်းမှာတင် မကြာခဏဆိုသလို လူစားလဲမှုတွေ ပြုလုပ်ခဲ့ရတာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီကဆိုရင် လိဒ်စ်ယူနိုက်တက်တို့ ပထမပိုင်းမှာတင် လူစားလဲခဲ့ရတဲ့ ပွဲ ၁၈ပွဲအထိရှိခဲ့ပါတယ်။ လူစားလဲခဲ့တဲ့ အချိန်‌တော်‌တော်မှာလည်း တိုက်စစ်ကစားသမား‌တွေကို ပဲ လဲလှယ်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်လို ခွန်အားသုံးကစားတဲ့ လိဂ်တစ်ခုမှာ ဘိုင်လ်ဆာရဲ့ နည်းစနစ်ပိုင်း အလုပ်ဖြစ်နိုင်မလားဆိုတာကတော့ မကြာခင်မှာ သိရတော့မှာပါ။
 

ကစားသမား အင်အား

ဘိုင်လ်ဆာရဲ့ အသင်းအတွက် အရေးပါတဲ့ကစားသမား ကတော့ ကွင်းလယ်ခံစစ်ကစားသမား ဒါမှမဟုတ် ကွင်းလယ်ဗိုလ်ချုပ်လို့ ပြောနိုင်တဲ့ ကယ်ဗင်ဖီးလစ် ဖြစ်ပါတယ်။ အသက် ၂၄နှစ်အရွယ် အင်္ဂလန်လူငယ်ကစားသမားဟာ လိဒ်စ်ယူနိုက်တက် ရလဒ်ကောင်းရရှိဖို့ အဓိကအကျဆုံးကစားသမားဖြစ်ပြီးတော့ ကွင်းလယ်တိုက်စစ်မှူးတွေ ဖြစ်တဲ့ ပါဘလိုဟာနန်ဒက်စ်၊ ကလစ်ခ်ျတို့ နဲ့ ချိတ်ဆက်ပေးရတဲ့သူလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ တစ်ဖက်က ထိုးဖောက်လာတဲ့ တိုက်စစ်ကို ကွင်းလယ်ကတည်းက တားဆီးပြီး တန်ပြန်တိုက်စစ် အလျင်အမြန် စတင်ဖို့အတွက် အရေးအပါဆုံးကစားသမား လည်း ဖြစ်နေပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ ၇၇ဂိုး ရရှိခဲ့သလို ခံစစ်ကလည်း ၃၅ဂိုး‌ပဲ ပြန်ပေးခဲ့ရတာကို ကြည့်ခြင်းအားဖြင့် ခံစစ်၊ တိုက်စစ် မျှတအောင်ကစားနိုင်တဲ့နေရာမှာတော့ ပြောစရာသိပ်မရှိပါဘူး။

ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘမ်ဖိုဒ့်၊ ဂျက်ဟဲရစ်ဆင် နဲ့ ဘန်ဝှိုက်တို့ကတော့ အငှားစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်လို့ အနာဂတ်မသေချာပါဘူး။ ဘန်ဝှိုက်ကတော့ အငှားစာချုပ်သက်တမ်းကုန်ဆုံးလို့ ဘရိုက်တန်အသင်းဆီ ပြန်သွားခဲ့ပြီးတော့ ဂျက်ဟဲရစ်ဆင်ကတော့ မန်စီးတီးမှာ ဆက်နေရင် ‌ပွဲထွက်ကစားခွင့် ရဖို့ဆိုတာမသေချာလို့ လိဒ်စ်မှာ ဆက်ရှိနေမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။
 

ရာသီအကြိုပြင်ဆင်မှုအခြေအနေ

ဗလင်စီယာအသင်းရဲ့ အသက် ၂၉ နှစ်အရွယ်စပိန်တိုက်စစ်မှူး ရိုဒရီဂိုကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူထားနိုင်ပြီး ဖရိုင်းဘတ်က ၂၄နှစ်သား ရော်ဘင် ကော့ချ်ကို ပေါင် ၁၃သန်းနဲ့ ပရီးမီးယားလိဂ် မစတင်ခင် ခေါ်ယူနိုင်ခဲ့တာက လိဒ်စ်ယူနိုက်တက်အတွက် အကျိုးရှိတဲ့ ကစားသမားဖြည့်တင်းမှုတွေ လို့ဆိုနိုင်ပါတယ်။ အရည်အသွေးရှိတဲ့ အဓိကတိုက်စစ်မှူးတစ်ဦး မဖြစ်မနေလိုအပ်နေတဲ့ လိဒ်စ်တို့ အလျင်အမြန် ဖြည့်တင်းထားနိုင်ပေမယ့် ကွင်းလယ်ကစားသမားကော့ချ်ကို ခေါ်ယူခဲ့တာကတော့ အလယ်တန်းကစားသမားတွေ ပိုများလာတာကလွဲရင် သိပ်တော့ မထိရောက်ပါဘူး။ ဂျာမန်သား ကော့ချ်အနေနဲ့ ဗဟိုခံစစ်နေရာမှာလည်း ကစားနိုင်တယ်ဆိုပေမယ့် ပြီးခဲ့တဲ့ရာသီက အငှားနဲ့ လာကစားပြီး ခြေစွမ်းပြခဲ့တဲ့ ဘန်ဝှိုက်ရဲ့နေရာကိုတော့ အစားထိုးနိုင်လောက်တဲ့ ကစားသမား မဟုတ်ပါဘူး။ လီယမ်ကူပါးတစ်ဦးတည်းနဲ့ လိဒ်စ်ရဲ့ ဗဟိုခံစစ်နေရာ လုံလောက်နိုင်တယ်လို့ ဘိုင်လ်ဆာ တွေးနေသေးတယ်ဆိုရင်တော့ လာမယ့် ပရီးမီးယားလိဂ် မှာ လိဒ်စ်တို့ ရုံးကန်ရသွားနိုင်ပါတယ်။

ကျွန်ုပ်ရဲ့ တစ်ဦးချင်းအမြင်အရ လိဒ်စ်ယူနိုက်တက်ရဲ့ လက်ရှိအသင်းတည်ဆောက်ပုံကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် ကစားသမားကောင်းတချို့ရှိနေပြီး အသင်းလိုက်စုစည်းမှုပုံစံကောင်းရထားလို့ တန်းဆင်းရနိုင်ချေတော့မရှိပါဘူး။ နည်းစနစ်ပိုင်းကျွမ်းကျင်တဲ့ ဘိုင်လ်ဆာရဲ့ ဦးဆောင်မှုနဲ့ ကစားသမားကောင်းတချို့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာကို ယုံကြည်ထားလို့ လိဒ်စ်ယူနိုက်တက်တို့ အများသုံးသပ်ထားသလို ဖြစ်လာဖို့တော့မရှိပါဘူး။ လိဒ်စ်တို့ ပြီးခဲ့တဲ့ ချန်ပီယံရှစ်တုန်းက ကစားပုံနဲ့သာဆို ၂၀၁၉-၂၀၂၀ က ရှက်ဖီးလ်ယူနိုက်တက်တို့ စွမ်းဆောင်ပြခဲ့တာထက် ပိုတဲ့ စွမ်းဆောင်ရည်တွေ ထုတ်ပြနိုင်ဦး မယ်လို့ယုံကြည်ပါတယ်။

တစ်ချိန်က ပရီးမီးယားလိဂ် တိမ်လွှာကြားမှာ ခပ်မြင့်မြင့် အတောင်ပံဖြန့်နိုင်ခဲ့ကြတဲ့ ယောခ့်ရှိုင်းယားမြောက်ပိုင်း အဲလန်လမ်းက အဖြူရောင်ဒေါင်းငှက်တို့ ပရီးမီးယားလိဂ် မုန်တိုင်းကြားမှာ ပျံသန်းနိုင်ကြဦးမလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်