နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ငွေသုံးကြမ်းခဲ့တဲ့ ဂန်းနားတို့ ပရီးမီးယားလိဂ် ထိပ်တန်း အဆင့် ခြေစွမ်း ပြန်ရနိုင်မလား။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ကမ္ဘာတစ်ဝှမ်း ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန် မှာတောင် ပရီးမီးယားလိဂ် အသင်းတွေရဲ့ နွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ်ဟာ ပေါင် ၁.၀၂ ဘီလျံ အထိ ရှိခဲ့ပါတယ်။
 
ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီး အသင်းတွေ ကတော့ ၂၀၂၁-၂၀၂၂  နွေရာသီ အပြောင်းအရွှေ့မှာ ငွေသုံးစွဲမှု အများဆုံး အသင်းတွေ အဖြစ် ထိပ်ဆုံး ရပ်တည်နေခဲ့ပါတယ်။ အာဆင်နယ်ဟာ ကစားသမား ၆ ဦး အတွက် ပေါင် ၁၄၉ သန်း၊ မန်ချက်စတာယူနိုက်တက်က ကစားသမား ၄ ဦး အတွက် ပေါင် ၁၂၆ သန်း၊ မန်စီးတီး ကတော့ ပေါင် ၁၁၄ သန်းနဲ့ ချဲလ်ဆီး ကတော့ ကစားသမား ၂ ဦး အတွက် ပေါင် ၁၀၈ သန်း အထိ သုံးစွဲခဲ့ပါတယ်။ ဒါ့အပြင် ထိပ်ဆုံး ၁၀ သင်း စာရင်းမှာ အက်စတွန်ဗီလာနဲ့ ခရစ္စတယ်ပဲလေ့စ် တို့လို အသင်းတွေ ပါဝင်နေပြီး ဗီလာက ပေါင် ၉၅ သန်းနဲ့ ပဲလေ့စ်က ပေါင် ၆၆ သန်း အထိ အသုံးပြုခဲ့တာ တွေ့ရပါတယ်။

ဂိုးပေး ရက်ရောနေတဲ့ ဗဟိုခံစစ် အချိန်မှီ ပြုပြင်ပြီး ပရီးမီးယားလိဂ် မှာ ရလဒ်ကောင်းတွေ ပြန်ရဖို့ ဆိုရင် နည်းပြ အတေးတား အနေနဲ့ ဘန်ဝှိုက်-ဂါဘရီရယ် အတွဲအဖက်ကို မျှော်လင့်ရုံမှ တပါး အခြား မရှိတော့ပါဘူး။
ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန် မှာတောင် ငွေသုံးကြမ်းနေဆဲ ပရီးမီးယားလိဂ် ကလပ်များ

ဘန်ဝှိုက်၊ နူနို တာဗာရက်စ်၊ ဆမ်ဘီ လိုကွန်ညာ၊ အာရွန် ရမ်းစ်ဒေးလ်၊ မာတင် အိုဒီဂတ် တို့အပြင် အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ဘိုလော့ဂ်နာက ဂျပန်သား တာကာဟာရို တိုမီယာဆုကို ထပ်မံ ခေါ်ယူခဲ့တာကြောင့် ဂန်းနား တို့ရဲ့ အသုံးစရိတ် စုစုပေါင်း ပမာဏဟာ ပေါင် ၁၅၆.၈ သန်း အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ အမှန်တိုင်း ပြောရရင် အပြောင်းအရွှေ့ ဈေးကွက် တစ်ခုမှာ အာဆင်နယ်ကို ငွေအများဆုံး သုံးစွဲတဲ့ အသင်း အဖြစ် မြင်တွေ့ရလိမ့်မယ်လို့ တစ်ခါမှကို မတွေးထားခဲ့တာပါ။ အသင်း ပရိသတ် အများစု ကတော့ ပေါင်သန်း ၁၅၀ ကျော် သုံးပြီး ခေါ်ယူထားတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်တွေကို လုံးဝကို အားရ ကျေနပ်မှု မရှိသေးတာ တွေ့ရပါတယ်။ ဒါ့အပြင် ကလပ် အသင်း တာဝန်ရှိသူတွေရဲ့ ထောက်ခံ အားပေးမှုကို အပြည့်အဝ ရရှိနေသေးတဲ့ နည်းပြ မီခယ် အာတေးတား ကိုလည်း ရာထူး ကနေ ထုတ်ပယ်ဖို့ မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။

အားရစရာ အကောင်းဆုံး အချက်ကို စပြောရမယ် ဆိုရင်တော့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေ အားလုံး အသက် ၂၃ နှစ် မကျော်သေးတာ ဖြစ်ပါတယ်။ နောက်ပြီး အဓိက လိုအပ်နေတဲ့ နေရာတွေ အတွက် လိုအပ်နေတဲ့ ကစားသမားတွေ ဖြည့်တင်းနိုင်ခဲ့ ကလည်း မဆိုးဘူးလို့ပဲ ပြောရပါမယ်။ ပြောင်းရွှေ့ကြေးအရ ဆိုရင်တော့ မာတင် အိုဒီဂတ်နဲ့ ဆမ်ဘီ လိုကွန်ညာ တို့ကို ခေါ်ယူနိုင်ခဲ့တာက တော်တော်လေး တန်တယ်လို့ မြင်မိပါတယ်။
 
မာတင် အိုဒီဂတ် (နော်ဝေ | ပေါင် ၃၄ သန်း)

ရီးရဲယ်မက်ဒရစ် ကနေ ပေါင် ၃၄ သန်းနဲ့ ပရီးမီးယားလိဂ် ကလပ်ဆီ တကျော့ပြန် ပြောင်းရွှေ့လာတဲ့ အိုဒီဂတ်ဟာ ကစားကွက် ပုံဖော်တဲ့ နေရာမှာ အိုဇေးလ်ကို မမှီသေးပေမယ့် လာမယ့် နှစ်ပိုင်း အတွင်းမှာပဲ ဂန်းနား ကွင်းလယ်ရဲ့ မရှိမဖြစ် အားကိုးရတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်။ အသက် ၂၂ နှစ်သာ ရှိသေးပေမယ့် အရွယ်နဲ့ မလိုက်တဲ့ တည်ငြိမ်တဲ့ ကစားသမား ဖြစ်ပါတယ်။ ပွဲထွက်ကစားခွင့် အတွက် စမစ်ရိုးဝ်နဲ့ ယှဉ်ပြိုင်ရမယ့် အချက် ကလည်း အိုဒီဂတ်ရဲ့ ခြေစွမ်း တိုးတက်လာဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ အိုဒီဂတ် ကြောင့် ဂန်းနားတွေ ဆီမှာ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေတဲ့ လှပတဲ့ ပံ့ပိုးမှုတွေ ကနေ ဂိုးသွင်းယူတဲ့ ပုံစံ တစ်ခုကို ပြန်လည် မြင်တွေ့ရမလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။
 
ဆမ်ဘီ လိုကွန်ညာ (ဘယ်ဂျီယံ | ပေါင် ၁၅ သန်း)

ဆမ်ဘီ လိုကွန်ညာ ကိုတော့ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်ရဲ့ အကောင်းဆုံးနဲ့ အတန်ဆုံး ခေါ်ယူမှု အဖြစ်  သတ်မှတ်ချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် လိုကွန်ညာ ကစားတဲ့ ပွဲကို တကြိမ်တစ်ခါမှ မကြည့်ခဲ့ဘူးလို့ ပေါင် ၁၅ သန်း ပေးတာကို များတယ် လို့တောင် ထင်ခဲ့တာပါ။ ခြေစွမ်းကို မြင်တွေ့လိုက်ချိန် မှာတော့ ထင်ထားတာ ထက်တောင် ပိုပြီး မျှော်လင့်လို့ရတဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်နေတာ တွေ့ခဲ့ရပါတယ်။ ခံစစ်နဲ့ တိုက်စစ်ကို အကောင်းဆုံး ချိတ်ဆက်နိုင်သလို Box to box ကစားနိုင်သူ ဖြစ်တဲ့ လိုကွန်ညာဟာ ဖြတ်တင်ဘော၊ ပေးပို့မှုတွေ တိကျပြီး ဘောလုံး အထိန်းအသိမ်း သေသပ်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ပါတေး-လိုကွန်ညာ ဗဟိုကွင်းလယ် အတွဲအဖက်နဲ့ ဆိုရင် ရှာကာ တောင် ပွဲထွက်ခွင့် ပျောက်ဆုံးနိုင်တဲ့ အခြေအနေမှာ ရှိပြီး အာဆင်နယ် ကွင်းလယ် ဟာလည်း တော်တော်လေးကို တောင့်တင်းသွားမှာ သေချာပါတယ်။
 

 
ဘန်ဂျမင် ဝှိုက် (အင်္ဂလန် | ပေါင်သန်း ၅၀)

ဘန်ဂျမင် ဝှိုက် အတွက် ပေါင် သန်း ၅၀ ပေးချေခဲ့ရတာ ကိုတော့ သိပ်ပြီး ဘဝင်မတွေ့လှပါဘူး။ ဒါပေမယ့် ဘန်ဝှိုက်ဟာ အရည်အသွေးရှိတဲ့ ကစားသမား ဖြစ်ကြောင်း လိဒ်စ်ယူနိုက်တက် မှာရော ဘရိုက်တန် မှာပါ သက်သေပြ ထားခဲ့ပြီးသားပါ။ အဓိကက ဘန်ဝှိုက် ခြေစွမ်း မပြနိုင်သေးတာ မဟုတ်ပါဘူး။ လက်ရှိ အာဆင်နယ်ရဲ့ ခံစစ် စုဖွဲ့မှုအရ ဘန်ဝှိုက် မဟုတ်ပဲ ဆာဂျီယို ရာမို့စ် လာကစားရင်လည်း ဂိုးတွေ ပေးနေရဦးမှာပါပဲ။ ဂိုးပေး ရက်ရောနေတဲ့ ဗဟိုခံစစ် အချိန်မှီ ပြုပြင်ပြီး ပရီးမီးယားလိဂ် မှာ ရလဒ်ကောင်းတွေ ပြန်ရဖို့ ဆိုရင် နည်းပြ အတေးတား အနေနဲ့ ဘန်ဝှိုက်-ဂါဘရီရယ် အတွဲအဖက်ကို မျှော်လင့်ရုံမှ တပါး အခြား မရှိတော့ပါဘူး။
 
နူနို တာဗာရက်စ် (ပေါ်တူဂီ | ပေါင် ၈ သန်း)

ဘင်ဖီကာ ကနေ ခေါ်ယူထားတဲ့ နူနို တာဗာရက်စ် ကတော့ ကီရန် တီယာနီ လွဲချော်ချိန်မှာ အရန်သင့် ဝင်ကစားနိုင်ဖို့ ခေါ်ယူထားတာ ဖြစ်ပါတယ်။ အရန် အနေနဲ့ ခေါ်ယူထားတာ ဖြစ်လို့လို့ မျှော်လင့်ထားလို့ မရသေးတဲ့ ကစားသမား ဖြစ်ပေမယ့် ကြံခိုင်မှု ကောင်းပြီး တောင်ပံ တစ်လျှောက် လျင်လျင်မြန်မြန် အတက်အဆင်း ပြုလုပ်နိုင်တဲ့ အတွက် ဘယ်နောက်ခံလူ နေရာအတွက် လုံးဝ စိတ်ပူစရာ မရှိတော့ဘူးလို့ ပြောနိုင်ပါတယ်။
 
အာရွန် ရမ်းစ်ဒေးလ် (အင်္ဂလန် | ပေါင် ၃၈ သန်း)

ဘန်လန်နို တစ်ဦးတည်းနဲ့ မလုံလောက်တော့တဲ့ အခြေအနေမှာ ရှက်ဖီးလ်ယူနိုက်တက်က အာရွန် ရမ်းစ်ဒေးလ်ကို ပေါင် ၃၈ သန်း ပေးပြီး ခေါ်ယူခဲ့လို့ အာတေးတားနဲ့ အီဒူးတို့ အပြင်းအထန် ဝေဖန်ခံခဲ့ ရပါတယ်။ ရမ်းစ်ဒေးလ် အတွက် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပမာဏ ဟာ များတယ်လို့ ဆိုနိုင်ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ကာကွယ်မှု အများဆုံး ဂိုးသမား တစ်ဦး ဖြစ်သလို ဘန်လန်နို ထက်တောင် တချို့ နေရာတွေမှာ ပိုပြီး အားသာနေတာ တွေ့ရပါတယ်။ မြောက်လန်ဒန် ကလပ်နဲ့ အဖွင့်မလှခဲ့ပေမယ့် ရမ်းစ်ဒေးလ်ဟာ ရေရှည်မှာ အာဆင်နယ် ဂိုးပေါက် အတွက် စိတ်ချရတဲ့ နံပါတ် ၁ ဂိုးသမား ဖြစ်လာချေ ရှိနေသူပါ။
 
တာကာဟီရို တိုမီယာဆု (ဂျပန် | ပေါင် ၁၇ သန်း)

အပြောင်းအရွှေ့ ပိတ်ခါနီးမှ ပရီးမီးယားလိဂ် ကို ရောက်ရှိလာခဲ့တဲ့ တာကာဟီရို တိုမီယာဆု ကိုတော့ လက်ရှိ အာဆင်နယ် ကစားသမားသစ်တွေ အားလုံးထဲမှာ စိတ်ဝင်အစားဆုံးပါပဲ။ ဂျပန် ဂျေတူး ကလပ် အဗစ်ပါ ဖူကူကာ ကနေ ဘယ်ဂျီယံ ကလပ် စိန့်ထရူဒန်၊ စိန့်ထရူဒန် ကနေမှ စီးရီးအေ ကလပ် ဘိုလော့ဂ်နာကို ပြောင်းရွှေ့ ကစားခွင့် ရခဲ့တဲ့ တိုမီယာဆု ဟာ အရပ်အမောင်း ကောင်းပြီး ဘယ်ခြေ/ညာခြေပါ နှစ်ဖက်လုံး သန်တဲ့ ကစားသမား ဖြစ်ပါတယ်။ အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ တိုမီယာဆုဟာ နေရာစုံမှာ ကစားနိုင်ပြီး မာမာထန်ထန် ကစားတတ်ပေမယ့် အမှားနည်းပါတယ်။ ဖြတ်တင်ဘောတွေ တိကျပြီး ဂျပန်သား တို့ရဲ့ ထုံးစံအတိုင်း စိတ်ဓာတ် ခွန်အား အပြည့်နဲ့ ကစားတတ်သူ ဖြစ်ပါတယ်။ ပေါက်ပြဲနေတဲ့ ခံစစ်ကို ဖာထေးဖို့နဲ့ အောင်ဆုံးကို ရောက်နေတဲ့ အသင်းရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကိုပါ ပြန်လည် မြှင့်တင်ဖို့ အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောနဲ့ တိုမီယာဆုကို ခေါ်ယူခဲ့တာများ ဖြစ်နေမလား ဆိုပြီး တွေးမိပါသေးတယ်။ ဒါကြောင့် တိုမီယာဆု ကိုတော့ အာရှသားတွေ နဲ့အကျိုးမပေးခဲ့တဲ့ အာဆင်နယ် အစဉ်အလာဆိုးကို ချိုးဖျက်နိုင်မယ့် ကစားသမား အဖြစ် မျှော်လင့်ထားမိတယ် ဆိုတာ ပြောကြားရင်း…။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်