နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိုက်ပ်ဇစ်မှာ နောက်တစ်ရာသီ ဆက်ရှိနေမယ့် ဇာဗီ ဆိုင်မွန် | ဘွန်ဒက်စ်လီဂါ

ဥရောပ ထိပ်သီး အသင်းကြီးတွေရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရတဲ့ ဇာဗီ ဆိုင်မွန် ကတော့ နောက်တစ်ရာသီ အငှားနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် မှာပဲ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီက သူတို့ရဲ့ နယ်သာလန် တောင်ပံ ကစားသမားလေး ဇာဗီ ဆိုင်မွန်ကို လိုက်ပ်ဇစ် အသင်းထံ နောက်တစ်ရာသီ အငှားချသွားမှာ ဖြစ်ကြောင်း Sky Germanyက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီက ပထမ တစ်ကြိမ် အငှားချထားသလိုမျိုး အပြီးသတ် ဝယ်ယူခွင့် ပါဝင်မှာ မဟုတ်ပါဘူး။ ပြင်သစ် ကလပ်ဟာ အနာဂတ်မှာ အခုထက် ပိုပြီး တောက်ပလာနိုင်မယ့် ကစားသမားလေးကို လာမယ့် ၂၀၂၅ နွေရာသီမှသာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရောင်းချဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဇာဗီ ဆိုင်မွန်ဟာ လက်ရှိမှာ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးပြီး ၂၀၁၀ ခုနှစ်မှာ ဘာစီလိုနာရဲ့ လာမာဆီယာ အကယ်ဒမီကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒီကစားသမားလေးဟာ လာမာဆီယာ အကယ်ဒမီမှာ ၉ နှစ်နီးပါး ဖြတ်သန်းပြီးနောက် ဘာစီလိုနာနဲ့ စာချုပ် ကိစ္စ အဆင်ပြေ ဖြစ်ခဲ့လို့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ရပါတယ်။ အဲဒီနောက် ဆိုင်မွန်က ပီအက်စ်ဂျီမှာ ပွဲကစားခွင့် ရဖို့ ရုန်းကန်ခဲ့ရလို့ ၂၀၂၂ ခုနှစ် မှာတော့ နယ်သာလန်ကလပ် ပီအက်စ်ဗွီ အင်ဟိုဗင်ကို ၅ နှစ် စာချုပ်နဲ့ ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒီအချက်ကို မြင်တဲ့ ပီအက်စ်ဂျီက ဆိုင်မွန်ကို ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်မှာ တစ်ရာသီ အငှားချပြီးရင်တော့ အပြီးသတ် ရောင်းထုတ်သွားဖို့ ရှိနေတာပါ။
ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်ခဲ့တဲ့ ဇာဗီ ဆိုင်မွန်

ဇာဗီ ဆိုင်မွန်က နယ်သာလန် ကလပ် ပီအက်စ်ဗွီ မှာတော့ ပတ္တမြားမှန်လို့ နွံမနစ်ကြောင်း ပြသနိုင်ခဲ့ပြီး တစ်ရာသီထဲ ၂၂ ဂိုး အထိ သွင်းယူကာ တောက်ပပြနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဆိုင်မွန်ကို ဥရောပ ထိပ်တန်း ကလပ် တော်တော်များများက မျက်စိကျလာတာကြောင့် အကွက်မြင်တဲ့ ပီအက်စ်ဂျီက သူတို့ ပီအက်စ်ဗွီကို ရောင်းချစဉ်မှာ ထည့်သွင်းခဲ့တဲ့ ယူရို ၆ သန်းတန် buy back clause ကို အသုံးချပြီး အသင်းထံ ပြန်လည် ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဗွီက ဇာဗီ ဆိုင်မွန်ကို အသင်း အတွက် မဟုတ်ပဲ ငွေကြေးအရသာ ပြန်ခေါ်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီမှာတော့ လိုက်ပ်ဇစ်ဆီ အပြီးသတ် ခေါ်ယူခွင့် မပါဝင်တဲ့ စာချုပ်နဲ့ တစ်ရာသီ အငှားချလိုက်ပြန်ပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် မှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ ဆိုင်မွန်ကို ဘေယန်မြူးနစ်၊ မန်ချက်စတာယူနိုက်တက် တို့လို အသင်းတွေက ခေါ်ယူချင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဇာဗီ ဆိုင်မွန် ကတော့ ဒီလို ကမ်းလှမ်းချက်တွေကို ငြင်းဆန်ပြီး လိုက်ပ်ဇစ် မှာပဲ နောက်ထပ် တစ်ရာသီ အငှားနဲ့ ကစားဖို့သာ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

ဇာဗီ ဆိုင်မွန်ရဲ့ လက်ရှိ ပေါက်ဈေးဟာ ပေါင် ၇၃ သန်း အထိ ရှိနေပြီး သူသာ လိုက်ပ်ဇစ်မှာ နောက်ရာသီ ဆက်လက် ခြေစွမ်းပြနိုင်ရင်တော့ အခုထက် ပိုဈေးကြီးသွားနိုင်ဖွယ် ရှိနေတာပါ။ ဒီအချက်ကို မြင်တဲ့ ပီအက်စ်ဂျီက ဆိုင်မွန်ကို လိုက်ပ်ဇစ်မှာ တစ်ရာသီ အငှားချပြီးရင်တော့ အပြီးသတ် ရောင်းထုတ်သွားဖို့ ရှိနေပြီး အဲ့ဒီ အချိန်ရောက်ရင် ဘယ်အသင်းတွေက ကြိုက်ကြေးပေး ခေါ်ယူသွားမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်