နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆန်ချိုရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး မသေချာသေးကြောင်း ပြောလာတဲ့ တာဇစ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် အသင်းရဲ့ နည်းပြ အီဒင် တာဇစ်က ယူနိုက်တက် ကနေ အငှားနဲ့ လာကစားနေတဲ့ ဂျေဒန် ဆန်ချိုရဲ့ အကျိုးသက်ရောက်မှုကို ချီးကျူးခဲ့ပေမယ့် အသင်းမှာ ဆက်ရှိဖို့ မသေချာဘူးလို့ ဆိုလာပါတယ်။ တာဇစ်ရဲ့ ပြောကြားချက်အရ သူ့အသင်းမှာ ၆ လ အငှားနဲ့ လာရာက်ကစားနေတဲ့ ဆန်ချို အနေနဲ့ နွေရာသီအပြောင်းအရွှေ့ ဈေးကွက် မတိုင်ခင် အနာဂတ်နဲ့ ပတ်သတ်ပြီး သေချာမှု မရှိသေးကြောင်း ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ ပြသနာ ရှိထားတဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဒေါ့မန်ကို အငှားနဲ့ လာရောက် ကစားနေသူ ဖြစ်ပါတယ်။ ဆန်ချိုရဲ့ ဒေါ့မန်ဟာ ဘွန်ဒက်လီဂါ မှာ အဆင့် ၅ နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဆင့်ထိတော့ တက်လှမ်းထားနိုင်ပါတယ်။

ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရတဲ့ ဆန်ချိုဟာ ဒေါ့မန် မှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံတချို့ ပြန်လည် ရှာတွေ့ခဲ့ပြီး တာဇစ်ရဲ့ စိတ်ကြိုက် ကစားသမားလည်း ဖြစ်လာခဲ့သူပါ။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ တာဇစ်က “ပြီးခဲ့တဲ့ ၆ လက ဂျေဒန်ဟာ ကျွန်တော်တို့ အတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ပုံစံကောင်း ပြန်ရဖို့ အတွက် အချိန်အနည်းငယ်ယူခဲ့ရပေမယ့် သူ့ရဲ့ အရည်အသွေးနဲ့ စွမ်းရည်တွေက ချက်ချင်းဆိုသလို ကျွန်တော် တို့ရဲ့ ကစားပွဲကို တိုးတက်စေခဲ့ပါတယ်။ သူက အရမ်းတော်တဲ့သူပါ။”

“သူ လက်ရှိမှာ ကျွန်တော်တို့နဲ့ အတူ ရှိနေတာကို ကျွန်တော် တကယ် ပျော်ပါတယ်။ ဂျေဒန်နဲ့ အလုပ် တွဲလုပ်ရတာ အရမ်းပျော်ပါတယ်။ သူ့အနာဂတ်က ဘာဖြစ်လာမယ် ဆိုတာ ကျွန်တော်တို့ မသိပေမယ့် ချန်ပီယံလိဂ် ဖိုင်နယ်က သူ့ကို နောက်ထပ် ချန်ပီယံလိဂ် ဗိုလ်လုပွဲက သူ့ကို နောက်ထပ် တစ်ကြိမ် ဗိုလ်လုပွဲကို ရောက်ရှိစေမယ် ဆိုတာ သေချာပါတယ်။”

ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ၃ ပွဲသာ ကစားခဲ့ရပြီးနောက် အဲရစ်ခ် တန်ဟက်ဂ်ကို ဆိုရှယ်မီဒီယာမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ဆန်ချိုဟာ ဒေါ့မန်ကို ပြောင်းရွှေ့သွားခဲ့တာပါ။ အဲ့နောက် ဆန်ချို အနေနဲ့ ဘွန်ဒက်လီဂါ ကလပ် ဒေါ့မန် မှာ ၁၄ ပွဲ ကစားပြီး ၂ ဂိုးသွင်းကာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆန်ချိုဟာ ပြီးခဲ့တဲ့ မတ်လက ပီအက်စ်ဗွီကို အနိုင်ရခဲ့တဲ့ ပွဲမှာလည်း အစွမ်းကုန် တောက်ပပြခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆန်ချိုဟာ အဲရစ်ခ် တန်ဟက်ဂ် မရှိတော့မှ ယူနိုက်တက် အတွက် ပြန်လည် ကစားပေးလိုတယ်လို့ သိရပါတယ်။ လက်ရှိမှာ ယူနိုက်တက်ရဲ့ တွဲဖက် အသင်း ပိုင်ရှင် ဖြစ်လာတဲ့ ဆာဂျင်မ် ရက်ကလစ်ဖ်ရဲ့ INEOs က အသင်းရဲ့ အားကစားပိုင်း ဆိုင်ရင် ကိစ္စတွေကိုပါ တာဝန်ယူနေပြီ ဖြစ်လို့ ဆန်ချို၊ ဂရင်းဝုဒ် စတဲ့ ကစားသမားတွေရဲ့ အနာဂတ်ကိုပါ မကြာခင် ဆုံးဖြတ်ချက်ချသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ရက်ကလစ်ဖ်ဟာ အခြားကစားသမားတွေကို ရောင်းထုတ်သွားဖို့ ရှိနေပေမယ့် ဆန်ချို ကိုတော့ အသင်းမှာ ဆက်ထိန်းထားချင်နေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်