နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီလစ်ဂျ် အတွက် ချောကလတ် ကီလို (၇၀၀) မှာယူပေးခဲ့တဲ့ ဆွမ်မား၊ ဒေါ့မန် ကြယ်ပွင့် အတွက် လျှို့ဝှက် အစည်းအဝေး လုပ်ခဲ့တဲ့ တော့ဒ် ဘိုလေ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဒီလစ်ဂျ် အတွက် ချောကလတ် ကီလို (၇၀၀) မှာယူပေးခဲ့တဲ့ ဆွမ်မား၊ ဒေါ့မန် ကြယ်ပွင့် အတွက် လျှို့ဝှက် အစည်းအဝေး လုပ်ခဲ့တဲ့ တော့ဒ် ဘိုလေ စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၅ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ချဲလ်ဆီး
အဲဗာတန်
1X2 ချဲလ်ဆီး @ 1.45
ချဲလ်ဆီး အာရှ ဟန်းဒီးကပ် -1.25 @ 2.16
ဂိုးပေါ် 2.50 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကတိ အတိုင်း ချောကလက်တွေကို မှာယူပေးခဲ့တဲ့ ဆွမ်မား 

ဘေယန်မြူးနစ် ဂိုးသမား ယန်း ဆွမ်မားဟာ ပီအက်စ်ဂျီကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ ပွဲအပြီးမှာ အသင်းဖော် မားသီးယပ်စ် ဒီလစ်ဂျ်ကို ပေးထားတဲ့ ကတိ အတိုင်း ဆွစ်ဇာလန် ကနေ ချောကလက် အများအပြားကို တိုက်ရိုက် မှာယူပေးခဲ့ပါတယ်။ 

အဆိုပါ ပွဲအပြီးမှာ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ဂိုးသမားက သူ့အမှားကို ကယ်တင်ပေးခဲ့တဲ့ ဒီလစ်ဂျ်ကို ကျေးဇူးဆပ်ရမယ်လို့ ဆိုကာ ချောကလက် လက်ဆောင်ပေးမယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ဆွမ်မားရဲ့ အမှား ကနေ တစ်ဆင့် ပီအက်စ်ဂျီတို့ လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေး ရခဲ့ပေမယ့် ဒီလစ်ဂျ်က ဂိုးစည်းပေါ် ကနေ ရှင်းထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဆွမ်မား မှာယူလိုက်တဲ့ ချောကလက်တွေက စုစုပေါင်း (၇၀၀) ကီလိုဂရမ် အထိ အလေးချိန် ရှိပြီး မြူးနစ်မြို့ကို တိုက်ရိုက် ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆွမ်မား ကတော့ အဲ့ဒီ ချောကလက်တွေကို ဒီလစ်ဂျ်ကို မပေးဘဲ မြူးနစ်မြို့မှာ ရှိတဲ့ Munchner Tafel ဆိုတဲ့ ပရဟိတ အဖွဲ့အစည်း တစ်ခုကို လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။ 


ဒေါ့မန် ကြယ်ပွင့် အတွက် လျှို့ဝှက် အစည်းအဝေး လုပ်ခဲ့တဲ့ တော့ဒ်ဘိုလေ

ချဲလ်ဆီး အသင်း ပိုင်ရှင် တော့ဒ် ဘိုလေဟာ ဒေါ့မန်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်း အဆင့် ပွဲစဥ် မတိုင်ခင် ပြိုင်ဘက် အသင်းရဲ့ ဂိုးသမား ဂရီဂေါ် ကိုဘယ်လ်ကို ခေါ်ယူဖို့အတွက် လျှို့ဝှက် အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီ အစည်းအဝေးကို ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ တာဝန်ရှိသူတွေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း ကိုလည်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေပါတယ်။
ဥရောပ ထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဂရီဂေါ် ကိုဘယ်

အဲ့ဒီ အစည်းအဝေးကို ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ တာဝန်ရှိသူတွေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း ကိုလည်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေပါတယ်။

အသက် (၂၅) နှစ်အရွယ် ကိုဘယ်လ်ဟာ လက်ရှိမှာ ဥရောပ ထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်နေပြီး ချဲလ်ဆီး အပြင် မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားနေပါတယ်။ 

ဒါပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ လာမယ့် ဘောလုံးရာသီ အကုန်အထိ ဒေါ့မန် မှာသာ ဆက်လက် ကစားလိုနေပြီး သူ့ရဲ့ စာချုပ်သက်တမ်း ကလည်း (၂၀၂၆) ခုနှစ် အထိ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။


ချဲလ်ဆီး ဆီကနေ ကြီးမားတဲ့ ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း ဝန်ခံခဲ့တဲ့ လိုက်ပ်ဇစ် နောက်ခံလူ

လိုက်ပ်ဇစ် နောက်ခံလူ ဂျော့စ်ကို ဂဗာဒီယိုလ်က ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီး ထံကနေ ကြီးမားတဲ့ ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ 

ခရိုအေးရှား လက်ရွေးစင် နောက်ခံလူဟာ အနာဂတ်မှာ ထွန်းတောက်လာမယ့် ဗဟိုနောက်ခံလူ အဖြစ် သတ်မှတ်ခံထားရပြီး ပြီးခဲ့တဲ့ (၂၀၂၂) ကာတာ ကမ္ဘာ့ဖလား မှာလည်း အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ချဲလ်ဆီးက ခေါ်ယူဖို့ ကြိုးစားနေခဲ့ပြီး ဂဗာဒီယိုလ်ရဲ့ အဆိုအရ သူ့ရဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ဘက်က ရောင်းချလိုခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ 

ဂဗာဒီယိုလ်ကို ချဲလ်ဆီးက အတော်လေး စိတ်ဝင်စားနေကြောင်းကို အေးဂျင့်ဘက်က ပြောလာကြောင်း၊ ချဲလ်ဆီးလို အသင်းမျိုးဆီက ကြီးမားတဲ့ ကမ်းလှမ်းမှုကို ရရှိတာက သေချာပေါက် စဥ်းစားရမယ့် ကိစ္စ ဖြစ်ကြောင်း၊ ဒါပေမယ့် လိုက်ပ်ဇစ်က ကျွန်တော့်ကို မရောင်းချင်တဲ့ အကြောင်းကို အသိပေးခဲ့ကြောင်း၊ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကြိုးပမ်းခဲ့သေးပေမယ့် သဘောတူညီမှုတော့ မရရှိခဲ့ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်