နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီး စိတ်ဝင်စားတဲ့ ကစားသမားတွေထဲ မာနေးလည်း ပါဝင်လာ၊ ပြည်နယ် အဆင့် ဂုဏ်ပြု ဆုတံဆိပ်ကို လက်ခံရရှိခဲ့တဲ့ မူလာ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ချဲလ်ဆီး စိတ်ဝင်စားတဲ့ ကစားသမားတွေထဲ မာနေးလည်း ပါဝင်လာ၊ ပြည်နယ် အဆင့် ဂုဏ်ပြု ဆုတံဆိပ်ကို လက်ခံရရှိခဲ့တဲ့ မူလာ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၇ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချဲလ်ဆီး စိတ်ဝင်စားတဲ့ ကစားသမားတွေထဲ မာနေးလည်း ပါဝင်လာ

အဆိုပါ ဆီနီ‌ဂေါ လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်မှာ အဆင်မပြေ ဖြစ်နေပြီး လာမယ့် နွေရာသီမှာ ရောင်းချခံရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။
လာမယ့် နွေရာသီမှာ ရောင်းချခံရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဘေယန် တိုက်စစ်မှူး မာနေး

ချဲလ်ဆီးဟာ ဘေယန်မြူးနစ် တိုက်စစ် ကစားသမား ဆာဒီယို မာနေးကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စားလာခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ ဆီနီ‌ဂေါ လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်မှာ အဆင်မပြေ ဖြစ်နေပြီး လာမယ့် နွေရာသီမှာ ရောင်းချခံရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။ မာနေးဟာ ပြီးခဲ့တဲ့ နွေရာသီ ကမှ လစ်ဗာပူးလ် ကနေ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ကြေး ပေါင် (၃၅) သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လာမယ့်ရာသီ မှာတော့ ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ 

ဘေယန်မြူးနစ် အသင်းဖော်တွေဟာ မာနေးကို အလိုမရှိတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေပြီး လီရွိုင်း ဆာနေးနဲ့ ပြဿနာ ဖြစ်ခဲ့တဲ့နောက် အသင်း တာဝန်ရှိသူတွေ ကလည်း မာနေးကို ရောင်းချဖို့ စဥ်းစားနေတာပါ။ ချဲလ်ဆီး ကတော့ နည်းပြသစ် ဖြစ်လာနိုင်တဲ့ မော်ရစ်စီယို ပိုချက်တီနိုနဲ့ တိုင်ပင်ပြီး မာနေး အတွက် ကြိုးစားသွားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ 


ပြည်နယ် အဆင့် ဂုဏ်ပြု ဆုတံဆိပ်ကို လက်ခံရရှိခဲ့တဲ့ မူလာ

ဘေယန်မြူးနစ်ရဲ့ ဝါရင့် ကွင်းလယ် တိုက်စစ် ကစားသမားကြီး သောမတ်စ် မူလာဟာ ဘာဗေးယီးယန်း ပြည်နယ် အဆင့် ဂုဏ်ပြု ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရကြောင်း သိရပါတယ်။ 

အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ဟာ Nicolaidis YoungWings Stiftung အဖွဲ့ရဲ့ သံတမန် အဖြစ် ပြည်သူ အကျိုးပြု ကိစ္စရပ်တွေကို ဆောင်ရွက်ခဲ့တာကြောင့်လည်း အခုလိုမျိုး ဂုဏ်ပြုခံခဲ့ရတာလည်း ဖြစ်ပါတယ်။ 

အသက် (၃၃) နှစ် အရွယ် ဂျာမနီ လက်ရွေးစင် မူလာ ကတော့ ဒီလိုမျိုး ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရတာက စိတ်လှုပ်ရှားစရာ ကောင်းပြီး တစ်ဦးချင်းစီက အံ့အားသင့်ဖွယ် ဆောင်ရွက်ခဲ့လို့ ဖြစ်ကြောင်းနဲ့ ဒီလိုမျိုး လူထု အကျိုးပြု ကိစ္စရပ်တွေကို ဆောင်ရွက်ခွင့် ရတာက သူ့ အတွက် သေချာပေါက် လုပ်ဆောင်ရမယ့် အရာသာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

မူလာ သံတမန် အဖြစ် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဟာ မိသားစုဝင် ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ တစ်ဦးချင်းစီကို လိုအပ်တဲ့ အကူအညီနဲ့ အကြံဥာဏ်တွေ မျှဝေပေးတဲ့ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။


လာမယ့် နွေမှာ အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရမယ့် မာနေး

ဘေယန်မြူးနစ် တိုက်စစ် ကစားသမား ဆာဒီယို မာနေးဟာ လာမယ့် နွေရာသီမှာ အသင်းဟောင်း လစ်ဗာပူးလ်နဲ့ ရာသီကြို ခြေစမ်းပွဲ အဖြစ် ရင်ဆိုင် ကစားသွားရမှာ ဖြစ်ကြောင်း သိရပါတယ်။ 

မာနေးဟာ ပြီးခဲ့တဲ့ နွေရာသီကမှ လစ်ဗာပူးလ် ကနေ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ဒီရာသီ မှာတော့ အသင်းဟောင်းနဲ့ တစ်ကြိမ် တစ်ခါမှ ထိပ်တိုက် တွေ့ဆုံခဲ့ခြင်း မရှိပါဘူး။   

လာမယ့် နွေရာသီ မှာတော့ မာနေး တစ်ယောက် လစ်ဗာပူးနဲ့ ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီပွဲ ကိုတော့ စင်ကာပူ နိုင်ငံမှာ ကစားသွားရမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မာနေး တစ်ယောက် အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရတဲ့ အချိန်အထိ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့အတူ ဆက်ရှိ၊ မရှိ မသေချာမရေရာ ဖြစ်နေပြီး လာမယ့် နွေရာသီမှာ ရောင်းထုတ်ခံရမယ် လို့လည်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်လျက် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်