နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ် နိုင်ပွဲနဲ့ အတူဇယားထိပ်ကနေ ၆ မှတ်ဖြတ် ဆက်လက် ဦးဆောင်ခဲ့တဲ့ ဘေယန် (ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်)

ဟာသာဘာလင် ၁-၄ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၀ရဲ့ နောက်အကျဆုံးပွဲစဉ် အဖြစ် ဟာသာဘာလင်နဲ့ ဘေယန်မြူးနစ်တို့ ယှဉ်ပြိုင်ကစားခဲ့ပြီးဧည့်သည် ဘေယန်မြူးနစ် အသင်းက ၁-၄ ရလဒ်နဲ့ သက်တောင့်သက်သာအနိုင်ရသွားခဲ့ပါတယ်။ဒီနေ့ပွဲမှာတိုက်စစ်မှူးလီဝမ်ဒေါစကီးဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်းတိုက်စစ် ပုံစံကောင်းကိုဆက်လက် ထိန်းထားနိုင်ခဲ့တဲ့ ဘေယန်မြူးနစ်တို့ နောက်ဆုံး ၂ ပွဲဆက် ဂိုးပြတ် နိုင်ပွဲရရှိသွားခဲ့တာဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေပွဲမှာနှစ်သင်းလုံးနောက်ခံလူ ၃ ယောက်ထားတဲ့ ကစားကွက် ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီးဟာသာဘာလင် ဘက်မှာဆာဒါး၊ တိုဆတ်၊ ဒါရီဒါ၊ ပီကာရစ်ခ်၊ ဘိုရာတာ၊ ဒါဒိုင်း၊ ရှဝိုလိုတို့နဲ့ လူစုံခဲ့သလိုနေဂျဲလ်စ်မန်းရဲ့ အသင်းကလည်းလီဝမ်ဒေါစကီး၊ သောမက်စ် မူလာ၊ ဂနာဘရီ၊ ကိုမန်၊ လူးကပ်စ် ဟာနန်ဒက်ဇ်၊ ဆူလီ၊ ပါဗက်၊ နော်အာတို့နဲ့ အတောင့်တင်းဆုံးလူစာရင်းအဝေးကွင်းမှာလာရောက် ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အဝေးကွင်းပွဲစဉ် ဖြစ်ပေမယ့် ဘေယန်မြူးနစ်တို့ ထုံးစံအတိုင်းအိမ်ကွင်းလိုပဲသဘောထားကစားသွားခဲ့ပြီးပွဲစကတည်းကဟာသာဘာလင် ဂိုးပေါက်ကိုခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။ပွဲအစ ၂ မိနစ် မှာတင် တိုလစ်ဆိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ဖို့ အခွင့်အရေးရခဲ့ပေမယ့် VAR က လူကျွံဘောအဖြစ်ပဲသတ်မှတ်ပေးခဲ့လို့ဘေယန်မြူးနစ်တို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့်လည်းခံစစ် ကနေကွင်းလယ်၊ ကွင်းလယ် ကနေတိုက်စစ် အမှားအယွင်းမရှိလူပေးမှန်မှန် အချိတ်အဆက် မိမိကစားနေခဲ့တဲ့ ဘေယန်တို့ ပွဲချိန် ၂၅ မိနစ်မှာဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီးတိုလစ်ဆိုကပဲသွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ၄၅ မိနစ်မှာသောမက်စ်မူလာကနောက်ထပ် တစ်ဂိုးထပ်မံသွင်းယူပေးခဲ့လို့ ဘေယန်တို့ ပထမပိုင်းအပြီးမှာပဲ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

အိမ်ရှင်ဟာသာဘာလင်ကတော့ဘွန်ဒက်စ်လီဂါနောက်ဆုံး၃ပွဲဆက်နိုင်ပွဲပြန်လည်ပျောက်ဆုံးခဲ့တာကြောင့်အဆင့်၁၃နေရာအထိကျဆင်းခဲ့ပြီးတန်းဆင်းဇုန်ဖိအားတွေစတင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
ဘွန်ဒက်ဇ်လီဂါ အမှတ်ပေးဇယားအဆင့် ၁၃နေရာမှာရပ်တည်နေခဲ့တဲ့ဟာသာဘာလင်

ဒုတိယပိုင်းမှာတော့ ဟာသာဘာလင် ဘက်ကကစားသမားအပြောင်းအလဲတွေဆက်တက် ပြုလုပ်ပြီးပွဲရလဒ်ကိုပြောင်းလဲနိုင်ဖို့ အားထုတ်ခဲ့ပေမယ့် အရာမရောက်ခဲ့ပဲဘေယန်ရဲ့ ကစားကွက် အောက်မှာပဲဆက်ပြီးနစ်မြုပ်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲချိန် ၇၅ မိနစ်နဲ့ ၇၉ မိနစ် တို့မှာဆာနေး၊ ဂါနာဘရီတို့ရဲ့ သွင်းဂိုးတွေကိုထပ်မံခွင့်ပြုပေးခဲ့ရလို့ ၀-၄ ရလဒ် ဖြစ်နေခဲ့ပြီးမိနစ် ၈၀ မှာတော့ အက်ကဲလန်ကမ့်ပ် က အိမ်ရှင် အတွက် တစ်လုံးတည်းသောချေပဂိုးသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၁-၄ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာလည်းဂျူလီယန်နေဂျဲလ်စ်မန်းရဲ့ အသင်းကဥရောပထိပ်တန်းအဆင့်ရှိခြေစွမ်းနဲ့ ကစားသွားခဲ့တာဖြစ်ပြီးလီဝမ်ဒေါစကီးဂိုးပေါက် ပျောက်နေချိန်မှာတောင် ဂိုးပြတ် နိုင်ပွဲတစ်ပွဲကိုအသာအယာယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ကဂျော်ရွှာ ကင်မစ်ချ်ရဲ့ ဘောလုံးဖြန့်ဝေတာတိကျမှု၊ ကိုမန်၊ ဆာနေး၊ မူလာတို့ တောင်ပံတိုက်စစ် ကစားပုံလျင်မြန် သွက်လက်မှုကစားသမားသမားတိုင်းရဲ့ အဆုံးသတ်ပိုင်းတိကျမှုတွေကဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုအလွယ်တကူရရှိစေခဲ့တယ် ဆိုရင်လည်းမမှားပါဘူး။

ခြေစွမ်းမတည်ငြိမ်တဲ့ ဟာသာဘာလင် အတွက် ကတော့ ၄ ဂိုးထက် ပိုများတဲ့ ဂိုးအရေအတွက်နဲ့ ရှုံးနိမ့်နိုင်ပေမယ့် လီဝမ်ဒေါစကီးရဲ့ ဂိုးကံခေမှုတွေကြောင့် ကံကောင်းခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာဘေယန်မြူးနစ်တို့ ဘွန်ဒက်စ်လီဂါ ၂ ပွဲဆက် အနိုင်နဲ့အတူအမှတ်ပေးဇယားဒုတိယနေရာကဒေါ့မန်ကို ၆ မှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ အိမ်ရှင် ဟာသာဘာလင် ကတော့ ဘွန်ဒက်စ်လီဂါနောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပြန်လည် ပျောက်ဆုံးခဲ့တာကြောင့် အဆင့် ၁၃နေရာအထိကျဆင်းခဲ့ပြီးတန်းဆင်းဇုန် ဖိအားတွေစတင် ရင်ဆိုင်နေရပြီဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ် အနေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလိုက်ပ်ဇစ်နဲ့ ချန်ပီယံဆုအတွက် အရေးပါတဲ့ ပွဲစဉ် ကစားရဖို့ ရှိပြီးဟာသာဘာလင် ကတော့ အမှတ်ပေးဇယားအလယ်မှာရှိနေတဲ့ ဘိုချမ်နဲ့ ကစားရမှာဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်