နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပါးနဲ့ အဓိက ပစ်မှတ် ဖြစ်လာခဲ့တဲ့ နေဂဲလ်စ်မန်း၊ အသင်းဟောင်းက ကစားသမားတွေကို ခေါ်ယူချင်နေတဲ့ ဘေယန် နည်းပြသစ် တူချယ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

စပါးနဲ့ အဓိက ပစ်မှတ် ဖြစ်လာခဲ့တဲ့ နေဂဲလ်စ်မန်း၊ အသင်းဟောင်းက ကစားသမားတွေကို ခေါ်ယူချင်နေတဲ့ ဘေယန် နည်းပြသစ် တူချယ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၅ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


စပါးရဲ့ အဓိက ပစ်မှတ် ဖြစ်လာတဲ့ နေဂဲလ်စ်မန်း

ဘေယန်မြူးနစ် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရပြီးနောက် ဂျူလီယန် နေဂဲလ်စ်မန်းဟာ တော့တင်ဟမ်ဟော့စပါးရဲ့ နည်းပြသစ် စာရင်းထဲ ထိပ်ဆုံး ကနေ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ 

ဘေဘီ မော်ရင်ဟိုလို့ နာမည်ကြီးခဲ့တဲ့ နေဂဲလ်စ်မန်းက မနေ့ကပဲ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ရဲ့ နည်းပြ ရာထူး ကနေ အံ့အားသင့်ဖွယ် အထုတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့နေရာကို နောက်ထပ် ဂျာမန် လူမျိုး နည်းပြ တစ်ဦး ဖြစ်တဲ့ သောမတ်စ် တူချယ်က အစားထိုး ဝင်ရောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နေဂဲလ်စ်မန်းရဲ့ အရည်အသွေးကို ကောင်းကောင်း နားလည်ထားတဲ့ စပါး ဥက္ကဌ ဒန်နီရယ် လီဗိုင်းက နည်းပြသစ် အဖြစ် ချက်ချင်း အစားထိုး ခန့်အပ်ဖို့ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

စပါးဟာ နာမည်ကျော်နည်းပြ အန်တိုနီယို ကွန်တီနဲ့ အဆင်မပြေဖြစ်ကာ လမ်းခွဲဖို့ ပြင်ဆင်ထားပြီး နေဂဲလ်စ်မန်းက အသင်းရဲ့ အနေအထားကို ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။ 


ချဲလ်ဆီး ကစားသမား နှစ်ယောက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘေယန် နည်းပြသစ် တူချယ်

တူချယ်က ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်နဲ့ အတူ (၂) နှစ် စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပြီး လာမယ့် နွေရာသီ မှာတော့ သူ့စိတ်ကြိုက် အသင်းကို ပြင်ဆင် အားဖြည့်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
အသင်းဟောင်း ချဲလ်ဆီးက ကစားသမား ၂ ဦးကို ခေါ်ယူချင်နေတဲ့ တူချယ်

ဘေယန်မြူးနစ် နည်းပြသစ် သောမတ်စ် တူချယ်ဟာ အသင်းဟောင်း ချဲလ်ဆီးက ကစားသမား နှစ်ယောက် ဖြစ်တဲ့ ဂိုးသမား အက်ဒ်ဝက်ဒ် မန်ဒီနဲ့ ကွင်းလယ်လူ ကိုဗာချစ် တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

တူချယ်က ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်နဲ့ အတူ (၂) နှစ် စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပြီး လာမယ့် နွေရာသီ မှာတော့ သူ့စိတ်ကြိုက် အသင်းကို ပြင်ဆင် အားဖြည့်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ တူချယ်က အသင်းဟောင်း ချဲလ်ဆီးမှာ အနာဂတ် မရေရာတော့တဲ့ ဂိုးသမား မန်ဒီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ကိုဗာချစ် ကလည်း သူ့ရဲ့ ပစ်မှတ်ကစားသမား စာရင်းထဲမှာ ပါဝင်နေပါတယ်။

မန်ဒီဟာ တူဟယ်လ် ချဲလ်ဆီးက အထုတ်ခံရပြီးနောက် ကီပါရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ်သာ သတ်မှတ်ခံထားရပြီး ကိုဗာချစ် ကလည်း အသင်းနဲ့ စာချုပ် သက်တမ်းတိုးဖို့ မသေချာတာကြောင့် တူချယ်က ဒီကစားသမားတွေကို ဘေယန်မြူးနစ်ထံ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သတင်းတွေက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ 


နေဂဲလ်စ်မန်း အထုတ်ခံရတဲ့ အပေါ် အံ့အားသင့်နေတဲ့ ကန်ဆယ်လို

မန်ချက်စတာစီးတီး ကနေ ဘေယန်မြူးနစ်ကို အငှားနဲ့ လာရောက် ကစားနေတဲ့ ညာနောက်ခံလူ ယာအို ကန်ဆယ်လိုက နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း အထုတ်ခံရတဲ့ အပေါ် အံ့အားသင့်မိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ 

ဘေယန်မြူးနစ် တာဝန်ရှိသူ‌တွေဟာ နေဂဲလ်စ်မန်းကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ အတွေ့အကြုံရှိ နည်းပြ သောမတ်စ် တူချယ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒီလိုမျိုး နေဂဲလ်စ်မန်း အထုတ်ခံရတဲ့ အပေါ် ကန်ဆယ်လိုက ဒီသတင်းကို မသိခဲ့ဘဲ အနည်းငယ် အံ့အားသင့်ခဲ့မိကြောင်း၊ နေဂဲလ်စ်မန်းကို ကျေးဇူးတင်မိပြီး သူက ဘေယန်မြူးနစ်ထံ ခေါ်ယူခဲ့သူ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

တူချယ်နဲ့ ပတ်သက်လို့လည်း ကန်ဆယ်လိုက တူချယ်က ကျွန်တော့်ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရှုံးပွဲ ကြုံတွေ့အောင် စွမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း၊ ဒီနှစ် မှာတော့ ကျွန်တော့်ကို ချန်ပီယံလိဂ် ဖလား ရအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်