နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တင်မိုသီ ဝီယာကို ပစ်မှတ်ထားနေတဲ့ မိုချန်ဂလာဘတ်၊ ကိုင်ဟာဗက်ဇ်ကို ခေါ်ယူမှာ မဟုတ်တဲ့ ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

တင်မိုသီ ဝီယာကို ပစ်မှတ်ထားနေတဲ့ မိုချန်ဂလာဘတ်၊ ကိုင်ဟာဗက်ဇ်ကို ခေါ်ယူမှာ မဟုတ်တဲ့ ဘေယန်မြူးနစ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၄ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


တင်မိုသီ ဝီယာကို ပစ်မှတ်ထားနေတဲ့ မိုချန်ဂလာဘတ်

ပြင်သစ် လီဂူးကလပ် လိုင်လီမှာ ကစားနေတဲ့ အမေရိကန် တိုက်စစ်မှူး တင်မိုသီ ဝီယာကို ခေါ်ယူဖို့ ဘွန်ဒက်လီဂါ ကလပ် ဘိုရပ်ရှား မိုချန်ဂလာဘတ်က စိတ်ဝင်စားနေပါတယ်။ သူ့ကို ဥရောပက အခြားကလပ်တွေ ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပြီး ဘွန်ဒက်လီဂါမှာ ပိုမိုခြေစွမ်းပြနိုင်ဖွယ် ရှိလို့ ဂလာဘတ်က ခေါ်ယူဖို့ အလေးသာနေကြောင်း သိရပါတယ်။

ဆီဗီလာ ကလည်း စိတ်ဝင်စားနေပြီး ချဉ်းကပ်မှုတွေ ပြုလုပ်နေကာ ကစားသမား ဘက်ကလည်း လိုင်လီ ကနေ ထွက်ခွာဖို့ကို စဉ်းစားနေပြီ ဖြစ်ပါတယ်။ အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ အပေါ် တီမိုတီဝါက ဒေါသထွက်နေတယ်လို့ သိရပြီး သူ့စိတ်ကြိုက်နေရာ ဖြစ်တဲ့ ညာတောင်ပံ တိုက်စစ်နေရာမှာ မကစားရတာ ကိုလည်း အဆင်မပြေ ဖြစ်နေပါတယ်။

တင်မိုသီ ဝီယာဟာ လိုင်လီ အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၂ ပွဲသာ ကစားရထားပြီး ဂိုးလည်း လုံး၀ သွင်းယူထားနိုင်ခြင်း မရှိသေးပါဘူ။ ညာတောင်ပံ ကစားသမား အဖြစ်နဲ့ ဆိုရင် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်တဲ့ ဝီယာဟာ ပီအက်စ်ဂျီ လူငယ်အသင်းမှာ ၃ နှစ်ကြာ ကစားခဲ့သူလည်း ဖြစ်ပါတယ်။


ကိုင်ဟာဗက်ဇ်ကို ခေါ်ယူမှာ မဟုတ်တဲ့ ဘေယန်မြူးနစ်

စီးရီးအေ
ဘိုလော့နာ
စပီဇီယာ
1X2 သရေ (Draw) @ 3.40
ဂိုးအောက် 2.25 @ 2.13
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီး ဘေယန်မြူးနစ်ဟာ လက်ရှိစျေးကွက် အတွင်းမှာရော လာမယ့် နွေရာသီ စျေးကွက် အတွင်းမှာပါ တိုက်စစ်မှူး တစ်ဦး ခေါ်ယူသွားဖို့ ကြိုးစားနေပါတယ်။ ဥရောပ တစ်လွှားက တိုက်စစ်မှူးတွေကို ဘေယန်က ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ တစ်ပတ် ကပဲ ချဲလ်ဆီး တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ကို ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဒါပေမယ့် ဂျာမန် မီဒီယာတွေ ကတော့ ဒါဟာ ကောလဟလ သတင်းတွေသာ ဖြစ်တယ်လို့ ချက်ချင်းပဲ ဖော်ပြခဲ့ကြပါတယ်။ ဟာဗက်ဇ်က ဘေယန်ရဲ့ အပြောင်းအရွှေ့ ပစ်မှတ် တစ်ခု မဟုတ်ဘူးလို့ အခိုင်အမာ ရေးသားခဲ့ကြပြီး သူ့အတွက် ဘယ်လို ကြိုးစားမှုမျိုးမှ ပြုလုပ်မှာ မဟုတ်ကြောင်းလည်း ဖော်ပြခဲ့ကြပါတယ်။

ဘေယန် ကတော့ လက်ရှိမှာ ဘွန်ဒက်စ်လီဂါကို ဦးဆောင်နေပြီး အသင်းရဲ့ တိုက်စစ်ပိုင်း ကလည်း အင်အား တောင့်တင်းနေတုန်း ဖြစ်ပါတယ်။ ဆာဒီယို မာနေး၊ သောမတ်စ် မူလာ၊ လီရွိုင်း ဆာနေးတို့ ရှိနေသေးပြီး ဂနာဘရီ ကလည်း ခြေစွမ်းပြနေတာကြောင့် တိုက်စစ်ပိုင်း အတွက် အလျင်စလို လိုအပ်နေတာတော့ မဟုတ်ပါဘူး။


အထူးခြားဆုံး စိန်ခေါ်မှု တစ်ခုနဲ့ ရင်ဆိုင်ခဲ့တဲ့ ရှာရယ်လ်

အန်ဒရီ ရှာရယ်လ် ကတော့ ၂၀၁၄မှာ ဂျာမနီနဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းသား ဖြစ်ပါတယ်။ လေဗာကူဆင် ကစားသမားဟောင်းဟာ ၉ နှစ်ကြာခဲ့ပြီးနောက် သူ့ရဲ့ ဘ၀မှာ အပြင်းထန်ဆုံး ခံနိုင်ရည် စိန်ခေါ်မှုတွေထဲက တစ်ခုကို ပြီးခဲ့တဲ့ ရက်ကပဲ ပြုလုပ်သွားခဲ့ပါတယ်။

သူဟာ ချက်နိုင်ငံရဲ့ အမြင့်ဆုံး တောင်တွေထဲက တစ်ခု ဖြစ်တဲ့ Sniezka တောင်ကို တက်ခဲ့တာပါ။ အဲဒီတောင်က ပင်လယ်ရေ မျက်နှာပြင် အထက် ၁၆၀၃ မီတာ ရှိပြီး ရှာရယ်လ်က အပေါ်ပိုင်းမှာ ဘာမှ ဝတ်ဆင်ထားခြင်း မရှိဘဲ တက်ခဲ့တာပါ။ သူနဲ့ အတူ အခြားသော တောင်တက်ဖော်တွေလည်း ပါဝင်ခဲ့ပြီး အားလုံးက အပေါ်ပိုင်း ဗလာကျင်းနဲ့ တက်ရောက်ခဲ့ကြတာပါ။

“ နောက်ဆုံး မိနစ်မှာ ကျနော် ဘာကိုမှ မခံစားရတော့ဘူး၊ ကျနော့် ရင်ထဲမှာ အရမ်းနက်နဲတဲ့ အရာတခုကို ရှာတွေ့ခဲ့သလိုပဲ၊ ကျနော် ဘယ်တော့မှ မမေ့နိုင်တဲ့ အတွေ့အကြုံတခုပါ၊ -၁၉ ဒီဂရီ ရှိနေတဲ့ အပူချိန်၊ တနာရီကို ၁၀၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်နေတဲ့ လေ၊ နှင်းတွေ အများကြီး ကျနေတယ်၊ ပြီးတော့ မိုးတွေ ရွာနေတယ်၊ ကျနော့် ခန္ဓာကိုယ်က ကျနော် ထင်ထားတာထက် ပိုသန်မာပြီး ကျနော့် စိတ်ဝိဉာဉ်ကို အဲဒီထဲ ထည့်ထားရင် ဘာမဆို လုပ်နိုင်လိမ့်မယ် ဆိုတာကို သင်ယူနိုင်ခဲ့တယ်” လို့လည်း သူက အင်စတာဂရမ်မှာ ရေးသားပြီး ဖော်ပြခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်