နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒုတိယအကျော့မှာ ဘေယန်ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ အမ်ဘာပေ၊ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးတဲ့ ကက်စပါ ရှမိုက်ကယ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဒုတိယအကျော့မှာ ဘေယန်ကို အနိုင်ယူနိုင်မယ်လို့ အမ်ဘာပေ ယုံကြည်နေ၊ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးတဲ့ ကက်စပါ ရှမိုက်ကယ် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒုတိယအကျော့မှာ ဘေယန်ကို အနိုင်ယူနိုင်မယ်လို့ အမ်ဘာပေ ယုံကြည်

ပီအက်စ်ဂျီ တိုက်စစ် ကြယ်ပွင့် ကီလီယန် အမ်ဘာပေက ဘေယန်မြူးနစ် အိမ်ကွင်းမှာ ကစားရမယ့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲမှာ ပီအက်စ်ဂျီ အနေနဲ့ အနိုင်ကစားနိုင်စွမ်း ရှိကြောင်း ယုံကြည်နေပါတယ်။ 

ပထမအကျော့ အိမ်ကွင်း မှာတော့ ပီအက်စ်ဂျီတို့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ကစားသမားဟောင်း ကင်စလေ ကိုးမန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ အမ်ဘာပေက လူစားဝင်ကစားခဲ့ပြီး သူ့ရဲ့ သွင်းဂိုးနှစ်ဂိုးကလည်း လူကျွံနေတာကြောင့် ခွင့်ပြုခြင်း မခံခဲ့ရပါဘူး။

ပွဲအပြီးမှာ အမ်ဘာပေက ပွဲပြီးဆုံးခါနီး အချိန်အပိုင်းအခြားတွေကို အမှတ်ရနေဖို့ လိုအပ်ကြောင်း၊ ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်ခဲ့ကြောင်း၊ ကစားသမားအားလုံး ကျန်းမာအောင် နေထိုင်ပြီး ဒုတိယအကျော့မှာ နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးတဲ့ ကက်စပါ ရှမိုက်ကယ်

မန်ချက်စတာယူနိုက်တက် ဂန္တဝင် ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်ရဲ့ သား ကက်စပါ ရှမိုက်ကယ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးကြောင်း သိရှိရပါတယ်။
နော်အာ နေရာမှာ ယန်း ဆွမ်မားနဲ့ အစားထိုးခဲ့တဲ့ ဘေယန်မြူးနစ်

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်ရဲ့ သား ကက်စပါ ရှမိုက်ကယ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးကြောင်း သိရှိရပါတယ်။ 

ဒီအကြောင်းကိုတော့ ကစားသမားရဲ့ ဖခင်ဖြစ်သူ ပီတာရှမိုက်ကယ် ကိုယ်တိုင်က ဖွင့်ဟခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကက်စပါ တစ်ယောက် ဂျာမနီမြေကို ရောက်ရှိဖို့ နီးစပ်ခဲ့တာပါ။ 

ဘေယန်မြူးနစ်ဟာ အဓိက ဂိုးသမား မန်နျူရယ် နော်အာ ဒဏ်ရာပြဿနာကြောင့် ဂိုးသမားသစ် တစ်ဦး ရှာဖွေခဲ့ရပြီး မိုချန်ဂလာဘတ် ဂိုးသမား ယန်း ဆွမ်မား ကိုသာ ခေါ်ယူခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ် ချန်ပီယံလိဂ်ပွဲ မတိုင်ခင် ပီတာ ရှမိုက်ကယ်က ဆွမ်မား နေရာမှာ ကျွန်တော့်သား ဖြစ်သင့်ကြောင်း၊ ဒါပေမယ့် ဘေယန်မြူးနစ်က မိုချန်ဂလာဘတ်နဲ့ (၁၀) ရက်ခန့် ညှိနှိုင်းခဲ့တာကြောင့် ဆွမ်မား ကိုသာ ခေါ်ယူခဲ့ကြောင်း၊ ဒီလို မဟုတ်ရင်တော့ လက်ရှိမှာ ကျွန်တော့်သား သွေးပူ လေ့ကျင့်ခန်း ဆင်းနေတာကို မြင်ရမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေကို ပယ်ချလိုက်တဲ့ ကန်ဆယ်လို

ဘေယန်မြူးနစ် ညာနောက်ခံလူ ယာအို ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့ကြောင်း သတင်းတွေ အပေါ် ငြင်းဆန် ပယ်ချခဲ့ပါတယ်။

အဆိုပါ ပေါ်တူဂီ နောက်ခံလူဟာ မန်ချက်စတာစီးတီး ကနေ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို အံ့အားသင့်ဖွယ် အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ရာသီကုန်မှာလည်း ယူရိုသန်း (၇၀) နဲ့ အပြီးသတ် ပြောင်းရွှေ့ခွင့် ရှိပါတယ်။ ဘေယန်မြူးနစ်ကို မရောက်ခင် ကန်ဆယ်လိုရဲ့ အေးဂျင့်တွေက ရီးရဲလ်မက်ဒရစ်နဲ့ ချိတ်ဆက်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ဒါပေမယ့် ကန်ဆယ်လို ကတော့ ရီးရဲလ်မက်ဒရစ်ဆီက ဘာကမ်းလှမ်းမှုမှ မရခဲ့ကြောင်း၊ ကောလာဟလတွေကို ကျွန်တော် မသိကြောင်း၊ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးက စိတ်ဝင်စားနေတယ် ဆိုရင်တော့ ကျေနပ်စရာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်