နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်လင်ဟမ်ကို ပြန်လည် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ မန်စီးတီး၊ ဩစတြီးယား ကလပ် အဲလ်တက်ချ်ရဲ့ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ကလိုဆေး (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဘယ်လင်ဟမ်ကို ပြန်လည် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ မန်စီးတီး၊ ဩစတြီးယား ကလပ် အဲလ်တက်ချ်ရဲ့ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ကလိုဆေး စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၃ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘယ်လင်ဟမ်ကို ပြန်လည် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီး ကတော့ သူတို့ရဲ့ ငယ်မွေးခြံပေါက် ကစားသမားဟောင်း ဂျူ့ဒ် ဘယ်လင်ဟမ်ကို ပြန်လည် ခေါ်ယူဖို့ ယုံကြည်ချက် ရှိလာပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

အသက် (၁၉) နှစ် အရွယ် အင်္ဂလန် ကွင်းလယ်လူဟာ လာမယ့် နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ကို သေချာပေါက် စွန့်ခွာဖို့ ရှိနေပြီး သူ့ကို ခေါ်ယူဖို့ ဥရောပ ထိပ်တန်း အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ မန်စီးတီး အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး ဘာမင်ဂမ် ကနေ မှတစ်ဆင့် ဒေါ့မန်ကို ပြောင်းရွှေ့သွားခဲ့တာပါ။ လက်ရှိမှာတော့ ဒီကစားသမားရဲ့ ပြောင်းရွှေ့ကြေးက ယူရိုသန်း (၁၀၀) အထက်မှာ ရှိနေပြီး ဘယ်လင်ဟမ် ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ မဆုံးဖြတ်ရသေးပါဘူး။

ဒီအင်္ဂလန် ကြယ်ပွင့်ကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ်နဲ့ လစ်ဗာပူးလ် တို့က ထိပ်ဆုံးက စိတ်ဝင်စားနေပြီး အခုတော့ အသင်းဟောင်း မန်စီးတီး ကလည်း ဘယ်လင်ဟမ်ကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။


နည်းပြ ရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့ ကလိုဆေး

ဂျာမနီ လက်ရွေးစင် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး မီရိုဆလက်ဗ် ကလိုဆေးဟာ သြစတြီးယား ကလပ် အဲလ်တက်ချ်ရဲ့ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

ကလိုဆေးနဲ့ အတူ သူ့ရဲ့ လက်ထောက် နည်းပြ စလာဗန် စကာလစ်ဇ် တို့ဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် နွေရာသီ ကမှ အသင်းကို တာဝန်ယူခဲ့ကြတာ ဖြစ်ပြီး အခုချိန်မှာတော့ ရာထူး ကနေ ထုတ်ပယ်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

အသင်းရဲ့ အုပ်ချုပ်သူ ဒါရိုက်တာ ခရစ္စတိုဖာ လန်ဂဲလ်က အသင်းကို စတင် ရောက်ရှိလာခဲ့တဲ့ ပထမဆုံးနေ့ ကတည်းက ကလိုဆေးနဲ့ သူ့ရဲ့ လက်ထောက် နည်းပြရဲ့ ကြိုးစား အားထုတ်မှုကို သိရှိခဲ့ကြောင်း၊ ဒီအတွက်လည်း ကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် လက်ရှိမှာ အရေးအကြီးဆုံးက အသင်း တန်းမဆင်းရဖို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကလိုဆေးဟာ ဘွန်ဒက်စ်လီဂါရဲ့ ထိပ်တန်း ကစားသမား တစ်ယောက်လည်း ဖြစ်ခဲ့ဖူးပြီး ဂျာမနီ လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။


မူဆီအာလာ မပါဝင်နိုင်တာက စိတ်ပျက်စရာပါ ဆိုတဲ့ ဖလစ်ခ်

ဂျာမန် လက်ရွေးစင် အသင်း နည်းပြ ဟန်ဆီ ဖလစ်ခ်က လာမယ့် ပီရူး၊ ဘယ်လ်ဂျီယံ တို့နဲ့ ကစားမယ့် နိုင်ငံတကာပွဲတွေ အတွက် ဘေယန်မြူးနစ် ကြယ်ပွင့် ဂျာမဲလ် မူဆီအာလာကို ရွေးချယ်ခွင့် မရခဲ့တာက ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာခြေစမ်းပွဲ
ဂျာမနီ
ပီရူး
1X2 ပီရူး @ 7.40
ဂိုးပေါ် 3.00 @ 1.96
ဂိုးပေါင် 0-1 @ 4.30
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မူဆီအာလာဟာ တံ‌ကောက်ကြော ဒဏ်ရာကြောင့် ဂျာမန် လက်ရွေးစင် အသင်း လူစာရင်းမှာ မပါဝင်နိုင်တော့တာ ဖြစ်ပြီး လာမယ့် နိုင်ငံတကာ ရက်သတ္တပတ်တွေ မှာတော့ မူဆီအာလာ ပါဝင်နိုင်ဖို့ မျှော်လင့်ကြောင်း ဟန်ဆီ ဖလစ်ခ်က ဆိုပါတယ်။

မူဆီအာလာဟာ အင်္ဂလန် နွယ်ဖွား ကစားသမား တစ်ဦး ဖြစ်ပေမယ့် ဂျာမနီ လက်ရွေးစင် အသင်း ကိုသာ ကိုယ်စားပြုခဲ့ပြီး ဒီရာသီမှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘေယန်မြူးနစ်ရဲ့ အဓိက, ကစားသမား အဖြစ် ခြေစွမ်းပြနေပါတယ်။

ဟန်ဆီ ဖလစ်ခ်က မူဆီအာလာ မပါဝင်နိုင်တာက အားလုံး အတွက် စိတ်ပျက်စရာ ဖြစ်ပြီး သူ့ကို ချန်ထားခဲ့ရတာက ခက်ခဲကြောင်း၊ လာမယ့် နိုင်ငံတကာ ရက်သတ္တပတ် မှာတော့ ပြန်ကစားနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ အထူးသဖြင့် ဘေယန် အတွက် ရာသီသိမ်း ပွဲတွေမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်