နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာဆာနဲ့ သတင်းတွေကို ပယ်ချလိုက်တဲ့ လေဗာကူဆင် ကြယ်ပွင့်၊ ထိပ်တန်း ကလပ် တစ်ခုကို ပြောင်းရွှေ့ဖို့ အိပ်မက် ရှိတဲ့ မူအာနီ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဘာဆာနဲ့ သတင်းတွေကို ပယ်ချလိုက်တဲ့ လေဗာကူဆင် ကြယ်ပွင့်၊ ထိပ်တန်း ကလပ် တစ်ခုကို ပြောင်းရွှေ့ဖို့ အိပ်မက် ရှိတဲ့ မူအာနီ စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၃ ရက်နေ့ ညနေခင်းရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာနဲ့ သတင်းတွေကို ပယ်ချလိုက်တဲ့ လေဗာကူဆင် ကြယ်ပွင့်

လေဗာကူဆင် ကွင်းလယ် တိုက်စစ် ကစားသမား ဖလော်ရီယန် ဝစ်ဇ်ဟာ ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ လာမယ့် နွေရာသီမှာ ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ကြောင်း သတင်းတွေက အကျယ်တဝင့် ဖော်ပြနေသလို ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ကို ဇာဘီ အလွန်ဆိုက မက်ဆီနဲ့ ခိုင်းနှိုင်း ချီးကျူးထားပါတယ်။ အသက် (၁၉) နှစ် အရွယ် ဖလော်ရီယန် ဝစ်ဇ်ဟာ ပြီးခဲ့တဲ့ ပထမ ရာသီဝက်ကို ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါသေးတယ်။

အနာဂတ်နဲ့ ပတ်သက်လို့ ဖလော်ရီယန် ဝစ်ဇ်က ဘာစီလိုနာနဲ့ အကြောင်းတွေကို ဖခင် ဖြစ်သူနဲ့ မပြောခဲ့ကြောင်း၊ ဒီသတင်းတွေကို ဖတ်ခဲ့ရကြောင်း၊ လက်ရှိ မှာတော့ လေဗာကူဆင် အတွက်ပဲ အာရုံစိုက်ထားကြောင်း၊ အနာဂတ်ကို မစဥ်းစားသေးကြောင်း ပြောကြားသွားခဲ့ပါတယ်။


အသင်းကြီးတွေကို ပြောင်းရွှေ့ဖို့ အိပ်မက်ရှိတယ်လို့ မူအာနီ ဖွင့်ဟ

ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီက သူ့ အနေနဲ့ ဥရောပ ထိပ်တန်း အသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ဖို့ အိပ်မက်ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီက သူ့ အနေနဲ့ ဥရောပ ထိပ်တန်း အသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ဖို့ အိပ်မက် ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။
ကိုလို မူအာနီ အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရိုသန်း (၁၂၀) သတ်မှတ်ထားတဲ့ ဖရန့်ဖတ်

ဂျာမန် သတင်းတွေရဲ့ ဖော်ပြချက်အရ အဆိုပါ ကြယ်ပွင့်ကို မန်ချက်စတာယူနိုက်တက်၊ လစ်ဗာပူးလ်၊ ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ အပါအဝင် ဥရောပ ထိပ်တန်း အသင်းကြီးတွေက စောင့်ကြည့်လျက် ရှိပါတယ်။ ဖရန့်ဖတ် ကတော့ ပြင်သစ် လက်ရွေးစင် ကစားသမား အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရိုသန်း (၁၂၀) သတ်မှတ်ထားပါတယ်။ အနာဂတ် ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး မူအာနီက ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ အများကြီး ပြောခဲ့ပြီးပြီဖြစ်ကြောင်း၊ လက်ရှိမှာတော့ ဖရန့်ဖတ်အတွက်သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း မူအာနီက အခုပုံစံ အတိုင်း ဆက်သွားဖို့ လိုအပ်ပြီး ဘာတွေ ဖြစ်လာမလဲ ဆိုတာကို နွေရာသီမှာ စောင့်ကြည့်ရမှာ ဖြစ်ကြောင်းနဲ့ ထိပ်တန်း အသင်းတွေမှာ ကစားဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။


မူဆီအာလာက ဒဏ်ရာရချင်ယောင်ဆောင်နေတယ်လို့ ထင်နေတဲ့ ဒေါ့မန်

ဒေါ့မန် အသင်း ကတော့ ဘေယန်မြူးနစ် ကြယ်ပွင့် ဂျာမဲလ် မူဆီအာလာရဲ့ ဒဏ်ရာ သတင်းတွေ အပေါ်မှာ အယုံအကြည် မရှိဘဲ ရှေ့လမှာ ကစားမယ့် ဒေါ့မန်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ပါဝင်လာလိမ့်မယ်လို့ ယူဆနေပါတယ်။

မူဆီအာလာဟာ တံကောက်ကြော ဒဏ်ရာကြောင့် နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားမယ့် ဂျာမနီ လက်ရွေးစင် အသင်းရဲ့ လူစာရင်း မှာလည်း ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဂျာမနီ လူငယ် ကြယ်ပွင့်လေးဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ဘေယန်မြူးနစ် အတွက် (၁၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၂) ကြိမ် အထိ ပြုလုပ်ထားသူ ဖြစ်ပါတယ်။

ဒေါ့မန် ကတော့ ဘေယန်မြူးနစ်က သူတို့ရဲ့ ကြယ်ပွင့်ကို စေလွှတ်ခြင်း မရှိတာဟာ အနားပေးချင်ရုံ သပ်သပ်သာ ဖြစ်ကြောင်း၊ လာမယ့် ဧပြီ (၁) ရက်နေ့မှာ ကစားမယ့် ဒေါ့မန်နဲ့ ဘေယန်မြူးနစ် ပွဲမှာ ပြန်လည် ပါဝင်လာနိုင်မယ်လို့ ယုံကြည်နေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်