နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပီအက်စ်ဂျီက ကာတာရဲ့ နိုင်ငံရေး လက်နက်လို့ ဆိုလိုက်တဲ့ ဂျာမနီ ဂန္တဝင် ကစားသမား၊ လာမယ့် နွေမှ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ဖွယ် ရှိနေတဲ့ နေဂဲလ်စ်မန်း (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ပီအက်စ်ဂျီက ကာတာရဲ့ နိုင်ငံရေး လက်နက်လို့ ဆိုလိုက်တဲ့ ဂျာမနီ ဂန္တဝင် ကစားသမား၊ လာမယ့် နွေမှ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ဖွယ် ရှိနေတဲ့ နေဂဲလ်စ်မန်း စတဲ့ သတင်းတွေ အပါအဝင် မတ် ၃၁ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပီအက်စ်ဂျီက ကာတာရဲ့ နိုင်ငံရေး လက်နက်လို့ ဆိုလိုက်တဲ့ ဖိလစ် လမ်း

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်နဲ့ ဂျာမနီ လက်ရွေးစင် အသင်း တို့ရဲ့ အသင်းခေါင်းဆောင်ဟောင်း ဖိလစ် လမ်းက ပီအက်စ်ဂျီဟာ ကာတာ နိုင်ငံရဲ့ နိုင်ငံရေး လက်နက် တစ်ခု သဖွယ် ဖြစ်နေတယ်လို ဝေဖန် ပြောကြားလိုက်ပါတယ်။ 

ပီအက်စ်ဂျီဟာ ကာတာ ရေနံသူဌေး အယ်လ်ခါလိုင်ဖီ ဝယ်ယူပြီးချိန်ကတည်းက ပြည်တွင်းမှာ ပြိုင်ဘက် မရှိ အင်အားကြီးထွားလာခဲ့ပြီး အချိန်တိုတွင်း ဥရောပ ထိပ်တန်း အသင်းကြီး တစ်သင်း အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဟာ လက်ရှိအချိန်ထိ အသင်းပိုင်ရှင် အယ်လ်ခါလိုင်ဖီ အသည်းအသန် လိုချင်နေတဲ့ ချန်ပီယံလိဂ် ဆုဖလားကြီး ကိုတော့ ဆွတ်ခူးနိုင်ခြင်း မရှိသေးဘဲ ဥရောပမှာ အောင်မြင်မှုရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ 

ဖိလစ် လမ်းက ကာတာ နိုင်ငံက ပီအက်စ်ဂျီ အတွက် သန်းနဲ့ချီ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ နိုင်ငံရေး အရ သူတို့ရဲ့ ဗျူဟာက အလုပ် ဖြစ်ခဲ့ပေမယ့် အားကစားအရ ကြည့်မယ် ဆိုရင် အသင်းက စိတ်ပျက်စရာ ဖြစ်နေကြောင်း၊ အသင်းက အတွေ့အကြုံပိုင်းမှာ ဘာမှမရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

ဖိလစ် လမ်းရဲ့ အသင်းဟောင်း ဘေယန်မြူးနစ်ဟာ ဒီနှစ် ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်း အဆင့် မှာလည်း ပီအက်စ်ဂျီကို အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီး ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။  

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
လီဗာပူးလ်
1X2 သရေ @ 3.75
မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -1.00 @ 2.33
ဂိုးပေါ် 3.00 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်မြူးနစ်မှာ လေ့ကျင့်ခန်း အစီအစဥ်တွေကို စတင် ကြီးကြပ်နေပြီ ဖြစ်တဲ့ တူချယ်

ဘေယန်မြူးနစ် နည်းပြသစ် သောမတ်စ် တူချယ်ဟာ အသင်းသစ်နဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဥ်ကို စတင် ကြီးကြပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါ ဂျာမန် လူမျိုး နည်းပြဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံ ကလပ်ရဲ့ နည်းပြသစ် အဖြစ် အံ့အားသင့်ဖွယ် ခန့်အပ်ခံခဲ့ရပြီး (၂) နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။ 

တူချယ်ဟာ ဘွန်ဒက်စ်လီဂါ အတွေ့အကြုံရှိ နည်းပြ တစ်ဦး ဖြစ်ပြီး မိန့်ဇ်၊ ဒေါ့မန် တို့ကို ကိုင်တွယ်ခဲ့ဖူးသလို ဘေယန်မြူးနစ် ကိုလည်း ပြိုင်ဘက် အဖြစ် ရင်ဆိုင်ခဲ့ဖူးတဲ့ နည်းပြလည်း ဖြစ်ပါတယ်။ 

တူချယ် အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ လီရွိုင်း ဆာနေးနဲ့ ရင်းရင်းနှီးနှီး ရှိနေတာ ကိုလည်း မြင်တွေ့ခဲ့ရပြီး ဆာနေးကို နောက်ကနေ စနောက်ပြီး ခြေထောက်နဲ့ ကန်နေတဲ့ တူချယ်ရဲ့ ဓာတ်ပုံတွေ ကလည်း မီဒီယာ စာမျက်နှာတွေ ထက်မှာ ရေပန်းစားလျက် ရှိပါတယ်။ 

တူချယ်ဟာ ဘေယန်မြူးနစ် နည်းပြ ဘဝ ပထမဆုံးပွဲ အဖြစ် အသင်းဟောင်း ဒေါ့မန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် မှာလည်း မန်ချက်စတာစီးတီးလို ထိပ်တန်းအသင်း တစ်သင်းနဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ 


လာမယ့် နွေရာသီမှ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ဖွယ် ရှိနေတဲ နေဂဲလ်စ်မန်း

ဘေယန်မြူးနစ် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဂျူလီယန် နေဂဲလ်စ်မန်းဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ အလျင်စလို ဆုံးဖြတ်သွားမှာ မဟုတ်ဘဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့ အထိ စောင့်ဆိုင်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ 

အသက် (၃၅) နှစ် အရွယ် နည်းပြဟာ ကစားသမားတွေရဲ့ အားပေး ထောက်ခံမှု ဆုံးရှုံးခဲ့ရသလို ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ထိပ်ပိုင်း တာဝန်ရှိသူတွေ ကတော့ အသင်းရဲ့ ရလဒ်တွေ မတည်ငြိမ်လို့ ရာထူး ကနေ ထုတ်ပယ်ခဲ့တယ်လို့ ဆိုထားပါတယ်။နေဂဲလ်စ်မန်းက သူ့ကို ရာထူးက ထုတ်ပယ်လိုက်တဲ့ အကြောင်းကို မီဒီယာတွေ ဆီကမှ တစ်ဆင့် သိရှိခဲ့ရတာ ဖြစ်ပြီး အတည်ပြုလို့ ရတဲ့ သတင်းတွေ ထွက်ပြီးမှသာ ဘေယန်မြူးနစ် တာဝန်ရှိသူတွေက သူ့ကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နေဂဲလ်စ်မန်းကို ခေါ်ယူဖို့ အန်တိုနီ ကွန်တီနဲ့ လမ်းခွဲထားတဲ့ တော့တင်ဟမ်ဟော့စပါးက ထိပ်ဆုံးက စိတ်ဝင်စားလျက် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်