နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကွန်ပနီကို လိုချင်ရင် ယူရို သန်း ၂၀ ပေးရမယ် ဆိုတဲ့ ဘန်လေ | ဘွန်ဒက်စ်လီဂါ

ဘန်လေ အသင်း ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် အနေနဲ့ သူတို့ရဲ့ နည်းပြကို လိုချင်ရင် ယူရို သန်း ၂၀ ပေးမှ ရလိမ့်မယ်လို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ လက်တလော သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် ဘေယန်မြူးနစ်ဟာ ဘန်လေ နည်းပြ ဗင်းန်ဆင့် ကွန်ပနီနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားခဲ့ပြီး ဘန်လေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ကွန်ပနီရဲ့ ဘေယန်မြူးနစ်ဆီ အပြောင်းအရွှေ့ အတွက် နောက်ထပ် ရက်အနည်းငယ်ကြာ အချိန်ယူ ဆွေးနွေးရဦးမယ့် သဘော ဖြစ်သွားခဲ့ပြီး ဘန်လေ ဘက်ကလည်း သူတို့ရဲ့ နည်းပြကို အလွယ်တကူ လက်မလွှတ်ခံချင်တာကြောင့် အခုလိုပဲ တောင်းဆိုလိုက်ပုံရပါတယ်။ ကွန်ပနီဟာ တန်းဆင်းသွားရတဲ့ ဘန်လေနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး သူ့ အတွက် ဘန်လေရဲ့ တောင်းဆိုချက် ကိုတော့ ဘေယန်မြူးနစ် ဘက်က လိုက်လျောသွားဖွယ်တော့ မရှိပါဘူး။

အခုရာသီ အကုန်မှာ သောမက်စ် တူချယ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ဘေယန်မြူးနစ်က လေဗာကူဆင် နည်းပြ ဇာဘီ အလွန်ဆို၊ နည်းပြဟောင်း နေဂဲလ်စ်မန်း (လက်ရှိ ဂျာမနီ နည်းပြ)၊ ဩစတြီးယား နည်းပြ ရန်းညက်ခ်၊ ဗီလာ နည်းပြ အမ်မရီ တို့ကို ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ပူပူနွေးနွေး ထွက်ခွာသွားတဲ့ တူချယ် ကိုတောင် အသင်းမှာ ဆက်နေဖို့ နားချခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ နောက်ဆုံးမှာတော့ ဘန်လေနဲ့ အတူ တန်းဆင်းသွားတဲ့ နည်းပြ ကွန်ပနီနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်ရဲ့ နည်းပြ ရွေးချယ်မှု အတွက် တော်တော်များများက အံ့အားသင့်ပြီး ဝေဖန် သုံးသပ်မှုတွေ ရှိနေပေမယ့် အသင်း ဘက်ကတော့ ကွန်ပနီရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာကို သဘောကျတာကြောင့် လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကွန်ပနီဟာ မန်စီးတီးနဲ့ အတူ ကစားသမား ဘဝ မှာ အောင်မြင်ခဲ့သလို နည်းပြ ဘဝ မှာလည်း မတူညီတဲ့ တိုက်စစ် ကစားဟန်ကို ချပြနိုင်ခဲ့ပြီး နည်းစနစ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုတွေကြောင့် ဘေယန်မြူးနစ်ရဲ့ ပစ်မှတ် ဖြစ်လာခဲ့တာပါ။

ကွန်ပနီဟာ ကစားသမား ဘဝမှာ ဘယ်လ်ဂျီယံ ကလပ် အန်ဒါလက်ချ်၊ ဘွန်ဒက်စ်လီဂါ ကလပ် ဟမ်းဘတ်နဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး တို့မှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးနဲ့တော့ အမြင့်ဆုံး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး နည်းပြ ဘဝ မှာတော့ အန်ဒါလက်ချ်ကို ဘယ်လ်ဂျီယံဖလား ဒုတိယနဲ့ ဘန်လေ ကိုတော့ ချန်ပီယံရှစ် ချန်ပီယံ အဖြစ်နဲ့ ပရီးမီးယားလိဂ် ဆီ တန်းတင်ပေးနိုင်ခဲ့ပါတယ်။ တကယ်တမ်း ကွန်ပနီဟာ ၂၀၁၉ ခုနှစ် ကမှ နည်းပြ လောကထဲကို ဝင်ရောက်လာသူ ဖြစ်ပြီး သက်တမ်းနုတဲ့ နည်းပြလည်း ဖြစ်ပါတယ်။

အကယ်၍ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်သာ ကွန်ပနီနဲ့ သဘောတူညီမှု မရခဲ့ဘူး ဆိုရင်တော့ နောက်ထပ် နည်းပြ တစ်ဦးကို ထပ်မံ ကြိုးပမ်းသွားရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ နောက်ပိုင်း နှစ်တွေ အတွင်း နည်းပြ အပြောင်းအလဲတွေ မကြာခဏ ပြုလုပ်လာခဲ့တာကြောင့် နည်းပြ တိုင်း ကလည်း ဘေယန်မြူးနစ်ကို ကိုင်တွယ်ဖို့ စိုးရွံ့နေကြတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်