နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသက်အရွယ် အကြောင်းပြချက်နဲ့ လူစာရင်းမှာ မပါလို့ ဂျာမနီ နည်းပြကို ဝေဖန်လိုက်တဲ့ ဟမ်းမဲလ်စ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် နောက်ခံလူ မတ် ဟမ်းမဲလ်စ် ကတော့ အသက်အရွယ်ကြောင့် ဆိုတဲ့ အကြောင်းပြချက်နဲ့ ယူရို ၂၀၂၄ အတွက် ဂျာမနီ အသင်းရဲ့ လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့် ဂျာမနီ အသင်းရဲ့ နည်းပြ ဖြစ်တဲ့ ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ အသက်အရွယ် အပေါ် ဟမ်းမဲလ်စ်က ကျေနပ်မှုမရှိပဲ အခုလိုပဲ ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။

ဟမ်းမဲလ်စ်ဟာ အသက် ၃၅ နှစ် အရွယ် ရှိပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အတွေ့အကြံနဲ့ စွမ်းရည်တွေကို ကောင်းကောင်း အသုံးချနိုင်ဆဲ ဖြစ်ကာ ဘွန်ဒက်စ်လီဂါ ကလပ်ကို ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်အောင် အဓိက ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဟမ်းမဲလ်စ်က ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နှစ်ကျော့စလုံးမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး အရေးပါတဲ့ ဂိုးလည်း သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျာမနီ နည်းပြ နေဂဲလ်စ်မန်း ကတော့ အသက်အရွယ် ရနေပြီ ဖြစ်တဲ့ ဟမ်းမဲလ်စ်ကို လုံးဝ မရွေးချယ်ခဲ့ပါဘူး။ နေဂဲလ်စ်မန်း ရွေးချယ်ထားတဲ့ ခံစစ်မှူးတွေထဲမှာ အသက်အကြီးဆုံး ဆိုလို့ အန်တိုနီယို ရူဒီဂါ (၃၁) နှစ် တစ်ဦးတည်းသာ ပါရှိပြီး ကျန် ကစားသမားတွေ ကတော့ အသက် ၃၀ မကျော်သူတွေ ဖြစ်ပါတယ်။

Sport Bild နဲ့ အင်တာဗျူး မှာတော့ ဟမ်းမဲလ်စ်က နေဂဲလ်စ်မန်းရဲ့ ရွေးချယ်မှုကို အခုလိုပဲ ပြောဆို ရှုံချသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နေဂဲလ်စ်မန်းနဲ့ ပြောဆိုခဲ့တဲ့ ကြာချိန် ကလည်း ၂ မိနစ်လောက်ပဲ ရှိခဲ့တယ်လို့ ဘွန်ဒက်စ်လီဂါ ဝါရင့် နောက်ခံလူက ဖွင့်ဟခဲ့ပါသေးတယ်။

ဟမ်းမဲလ်စ်က “ကျွန်တော် လေ့ကျင့်ရေးကို သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အချိန်မျိုးမှာ စကားတွေ ရှည်ရှည်ဝေးဝေး ရှင်းပြစရာ မလိုပါဘူး။ အဲဒါက ကျွန်တော့် အတွက် လုံလောက်ပါတယ်။ နောက်ပြီး ပြိုင်ပွဲမှာ အရန်ခုံထိုင်ရမယ့် အပေါ် စိုးရိမ်လို့ မဟုတ်ပဲ ကြံ့ခိုင်မှုနဲ့ အသက်အရွယ် ဆိုတဲ့ အကြောင်းပြချက်တွေကြောင့်သာ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဟမ်းမဲလ်စ်က“မတ်လလောက်ကတည်းက ဒီအုပ်စုက အခုလို အယူအဆကို ပိုပြီး လက်ခံလာတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ လက်ရှိ ဂျာမနီရဲ့ အကောင်းဆုံး ခံစစ် ကစားသမား ၅ ဦးထဲက ၁ ဦး ဖြစ်‌နေလို့ ကျွန်တော့် အတွက် တစ်ဦး တစ်ယောက်ချင်း ခံစားချက်အရ ခါးသီးလွန်းပါတယ်။ ဒီလို ပြောဖို့ အတွက်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရပါတယ်။” လို့ ဆိုပါတယ်။

ဟမ်းမဲလ်စ်ဟာ နည်းပြ ဂျိုအာချင်လိုး လက်ထက်တုန်းကလည်း ယူရို ၂၀၂၀ ပြိုင်ပွဲကို သောမက်စ် မူလာနဲ့ အတူ အံ့အားသင့်ဖွယ် လွဲချော်ခဲ့သူ ဖြစ်ပါတယ်။ ဟမ်းမဲလ်စ် အနေနဲ့ ယူရို ၂၀၂၄ နဲ့ ထပ်မံ လွဲချော်ခဲ့ပေမယ့် သက်ကြီး ကစားသမား တစ်ဦး ဖြစ်တဲ့ သောမက်စ် မူလာ ကတော့ ရွေးချယ်ခံခဲ့ရပြီး တခြား ဝါရင့် ကစားသမားတွေ ဖြစ်တဲ့ တိုနီ ခရူးစ်၊ ဂွန်ဒိုအန်၊ ဖူးလ်ခရက်ဂျ်၊ နော်အာ၊ တာစတီဂျန် တို့လည်း လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ယူရို ၂၀၂၄ ကိုတော့ ဂျာမနီက အိမ်ရှင် အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပြီး ဇွန်လ ၃ ရက်နေ့မှာ အဖွင့်ပွဲ အဖြစ် စကော့တလန်နဲ့ ကစားမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်