နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂ ပွဲဆက် အရှုံး ကနေ ရုန်းထွက်ပြမယ့် အိမ်ရှင် လေဗာကူဆင် ကိုပဲ အကြိုက်တွေ့မိတယ် | လေဗာကူဆင် – ဟော့ဖန်ဟိမ်း (ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်)

လေဗာကူဆင် – ဟော့ဖန်ဟိမ်း

ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အထက်အောက် ရပ်တည်နေတဲ့ အသင်းတွေ ဖြစ်သလို ဥရောပဝင်ခွင့် အတွက် အားပြိုင်နေကြတဲ့ အသင်းနှစ်သင်းပါ။ တိုက်စစ် အကောင်းဆုံး အသင်းတွေ ဖြစ်လို့ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ရှုံးပွဲ ဆက်နေတဲ့ လေဗာကူဆင်ရဲ့ ရုန်းအားကို မြင်တွေ့ရနိုင်သလို ၅ ပွဲဆက် အနိုင်ရလဒ်ရဖို့ အားစိုက်လာမယ့် ဟော့ဖန်ဟိမ်းရဲ့ ပုံစံကောင်းကိုလည်း မြင


တွေ့ရဖို့ ရှိနေပါတယ်။

ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရှိနေတဲ့ လေဗာကူဆင်တို့ ရလဒ်ကောင်းဖို့ ရုန်းကန်နေရပါတယ်။ ၂ ပွဲဆက် အရှုံးရလဒကြောင့် အမှတ်ပေးဇယား အဆင့် ၃ နေရာ အတွက် ဖိအားရှိလာခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲရှုံး ရလဒ် ရရှိထားပြီး လိုအပ်ချက် မြင့်မားနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အိမ်ကွင်းဆိုရင် လေဗာကူဆင်တို့ ရလဒ်ကောင်းလေ့ ရှိတာကိုတော့ မေ့ထားလို့ မရပါဘူး။ တိုက်စစ်က ၁၅ ဂိုး သွင်းယူထားနိုင်တဲ့ နောက်ဆုံး ၅ ပွဲ အခြေအနေ အရ ပျှမ်းမျှတစ်ပွဲ ၃ ဂိုးနှုန်း ရှိနေတဲ့ တိုက်စစ်ပိုင်းကိုလည်း သတိထားရမှာပါ။ အထူးသဖြင့် အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ဆက်ပြီး ရပ်တည်နိုင်ဖို့ အတွက် အိမ်ကွင်းမှာ အမှားမခံဘူးဆိုတဲ့ အချက်က အရေးကြီးဆုံး ဖြစ်နေပါတယ်။ ဒီပွဲအတွက် ပွဲပယ်ပြစ်ဒဏ် ရှိနေတဲ့ ဖရင်းပေါင်နဲ့ ဒဏ်ရာပြဿနာ ရှိနေတဲ့ ဖိုဆူမန်ဆက်စ်၊ ဘက်ကာ၊ ဘရာဗိုတို့ လွဲချော်ဖို့ ရှိနေပါတယ်။ ဒါပေမဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ပက်ထရစ် ရှစ်ခ်၊ ဘယ်လာဘီ၊ ဒီမီယာဘေးလ်၊ ဒီရာဘီတို့တော့ ပွဲထွက်စာရင်းမှာ ပါဝင်လာနိုင်ပါတယ်။

ပရီးမီးယား လိဂ်
လက်စတာ စီးတီး
တော့တင်ဟမ် ဟော့စပါး
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဟော့ဖန်ဟိမ်း ကတော့ နောက်ပိုင်း ပွဲတွေမှာ တိုက်စစ်ပိုင်း ခြေစွမ်းပြမှု နဲ့အတူ ရလဒ်ကောင်းတွေ ရနေခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါရဲ့ တိုက်စစ်အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်သလို အသင်းလိုက်ကစားပုံ သေသပ်တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ဘိုချမ် တစ်သင်းတည်းကိုသာ အရေးနိမ့်ထားပြီး လိုက်ပ်ဇစ်၊ ဂရူသာဖတ်၊ ဖရန့်ဖတ်၊ ဖရိုင်းဘတ်တို့ကို အနိုင် ရရှိထားတာပါ။ ၁ ပွဲရှုံး၊ ၄ ပွဲနိုင် ဆိုတဲ့ အခြေအနေမှာ တိုက်စစ်က ၁၃ ဂိုးသွင်းပြီး ခံစစ်က ၈ ဂိုး ပြန်ပေးထားရပါတယ်။ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၅ အပြီး သွင်းဂိုး စုစုပေါင်း ၃၂ ဂိုးရထားတဲ့ အခြေအနေက တစ်ပွဲ ပျှမ်းမျှသွင်းဂိုး ၂ ဂိုးနှုန်း ရှိနေတာပါ။ ဒါပေမဲ့ အဝေးကွင်း ခြေစွမ်းအရတော့ လိုအပ်ချက် ရှိနေပါတယ်။ လက်ရှိရာသီမှာ ရှုံးပွဲ ၅ ပွဲ ရှိထားရာမှာ အဝေးကွင်းရှုံးပွဲက ၄ ပွဲအထိ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ဘီကတ်ဆစ်၊ စကော့ဗ်၊ မာကိုဂျွန်၊ ဒန်းနစ်ဂီဂျာတို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပါတယ်။ ကာမာရစ်၊ ဘီဘို၊ ရူတာ၊ ရစ်ချတ်၊ ဗိုဂတ်တို့ကို ပွဲထွက် ကစားသမားတွေ အဖြစ် မြင်တွေ့ရနိုင်ပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက် တွေ့ဆုံမှု ၂၆ ကြိမ်မှာ လေဗာကူဆင်က ၁၅ ကြိမ်နိုင် ဟော့ဖန်ဟိမ်းက ၆ ကြိမ် နိုင်ထားပြီး ၅ ကြိမ် သရေကျထားခဲ့ပါတယ်။ အစဉ်အလာအရ အပြတ်အသတ် အသာရထားတဲ့ လေဗာကူဆင် အနေနဲ့ ပြီးခဲ့တဲ့ရာသီ အိမ်ကွင်းပွဲစဉ်မှာလည်း ဟော့ဖန်ဟိမ်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိထားခဲ့တာပါ။


လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လေဗာကူဆင် – ဟော့ဖန်ဟိမ်းအချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၈၅ ဆ
ဒီဇင်ဘာလ ၁၆ ရက်၊ မနက် ၂:၀၀ နာရီ ( GMT+ ၆:၃၀)

1X2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၁.၈၅ ဆ၊ သရေ အတွက် ၃.၆၀ ဆ၊ ဧည်သည့်အသင်း အတွက် ၄.၀၀ ဆ ကြေးဖွင့်ထားပါတယ်။ ထိပ်ဆုံး ၄ သင်း စာရင်းဝင် အသင်းတွေဖြစ်လို့ သေချာပေါက် အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ပါတယ်။ ၂ ပွဲဆက် ရှုံးပွဲ တွေ့ထားတဲ့ အိမ်ရှင် လေဗာကူဆင် အနေနဲ့ကလည်း ၃ ပွဲဆက် အရှုံးမဖြစ်ဖို့ အားစိုက်လာမှာပါ။ နောက်ဆုံး ၄ ပွဲ ဆက်တိုက် ရာနှုန်းပြည့် နိုင်ထားတဲ့ ဟော့ဖန်ဟိမ်း ကလည်း အမှားမခံတမ်း ပြင်ဆင်လာမှာ သေချာပါတယ်။ အဆင့်ရပ်တည်မှု မကွာတဲ့ခြေစွမ်းနဲ့ ကစားသမား အင်အားလည်း မကွာတဲ့ အသင်းတွေဖြစ်လို့ သရေရလဒ် ထွက်ပေါ်လာရင်တောင် မျှတတဲ့ အဖြေဖြစ်နေမှာပါ။ ဒါပေမဲ့ အဝေးကွင်းရလဒ် အရဆိုရင် ဟော့ဖန်ဟိမ်းရဲ့ အခြေအနေက စိတ်ချလို့ မရပါဘူး။ လေဗာကူဆင်ရဲ့ အိမ်ကွင်းခြေစွမ်းက ပိုပြီး အားရစရာ ကောင်းလို့ ဟော့ဖန်ဟိမ်းကို ငြင်းပယ်စေချင်ပါတယ်။ ဂိုးအများနဲ့ လေဗာကူဆင် ကိုပဲ အားပေးတာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။


ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်