နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်ရဲ့ အပယ်ခံ ကြယ်ပွင့်ကို ခေါ်ယူချင်နေတဲ့ ဒေါ့မန် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘိုရုရှား ဒေါ့မန် ကတော့ ယူနိုက်တက်ရဲ့ အပယ်ခံ တောင်ပံ ကစားသမား မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါ ကလပ် အနေနဲ့ အစွန့်ပစ်ခံ အင်္ဂလန် ကြယ်ပွင့်ကို အပြီး ခေါ်ယူသွားဖို့ မဟုတ်ပဲ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။

တယ်လီဂရပ်ဖ်ရဲ့ ဖော်ပြချက် အရ ဆိုရင် ယူနိုက်တက်နဲ့ ဒေါ့မန် တို့ဟာ ဂရင်းဝုဒ် အတွက် ဆွေးနွေးမှုတွေတောင် စတင် လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက် ကနေ ဂီတာဖေးကို အငှားနဲ့ သွားရောက် ကစားနေတဲ့ အသက် (၂၂) နှစ် အရွယ် ညာတောင်ပံ တိုက်စစ် ကစားသမား ဂရင်းဝုဒ် ဟာ ဂီတာဖေးမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တာ တွေ့ရပါတယ်။

သူ့ရဲ့ ပြန်လည် ကောင်းမွန်လာတဲ့ ပုံစံ တစ်ခုကြောင့် ဒီရာသီ ဂီတာဖေးရဲ့ အကောင်းဆုံး ကစားသမားဆု ကိုပါ ဆွတ်ခူးခဲ့သလို ဥရောပထိပ်သီး အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကိုပါ ခံနေရပြီ ဖြစ်ပါတယ်။ လက်ရှိ ဂရင်းဝုဒ်ကို စိတ်ဝင်စားနေတဲ့ အထဲမှာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်က နောက်ဆုံး ပါဝင်လာတဲ့ အသင်း ဖြစ်ပြီး ဆန်ချိုကို ခေါ်ယူနိုင်ခဲ့သလို ဒီကစားသမားလေးကိုလည်း ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဒေါ့မန်ဟာ ၂ဝ၂၃-၂၄ ဘောလုံးရာသီရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ သူတို့ အသင်းရဲ့ ကစားသမားဟောင်းလည်း ဖြစ်တဲ့ ဂျေဒန် ဆန်ချိုကို ယူနိုက်တက် ဆီကနေ ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူထားခဲ့ပါတယ်။ သတင်းတွေ အရ ဆိုရင် လာမယ့် နွေရာသီမှာ ဒေါ့မန်က ဂျေဒန် ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ အပြင် ဂရင်းဝုဒ်ကို အငှားနဲ့ ခေါ်ယူဖို့ပါ ယူနိုက်တက်နဲ့ အကြိတ်အနယ် ဆွေးနွေးသွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒီရာသီမှာ ချန်ပီယံလိဂ် ဖိုင်နယ်အထိ တက်လှမ်းထားပြီး လာမယ့် ရာသီ အတွက်လည်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားတဲ့ ဒေါ့မန်ဟာ လာမယ့် ဘောလုံးရာသီသစ် အတွက် ပြင်ဆင် အားဖြည့်မှုတွေကို လုပ်ဆောင်သွားဖို့ ရှိနေတာပါ။ အဓိက ကတော့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုနေတာ ဖြစ်ပြီး လက်တလော မှာတော့ စတုဂတ် တိုက်စစ်မှူး ဂူရက်ဆီနဲ့ ဂရင်းဝုဒ် တို့ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါ ကလပ် အနေနဲ့ အစွန့်ပစ်ခံ အင်္ဂလန် ကြယ်ပွင့်ကို အပြီး ခေါ်ယူသွားဖို့ မဟုတ်ပဲ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။
ဂီတာဖေးရဲ့ အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ ဂရင်းဝုဒ်

တစ်ဖက်မှာတော့ ဒေါ့မန်က သူတို့ အသင်းရဲ့ ခြေစွမ်းပြ တောင်ပံ တိုက်စစ် ကစားသမား အဒီရီမီကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို စီစဉ်ထားပြီး သူ့နေရာ အတွက် ကိုတော့ လူငယ် ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ ဂရင်းဝုဒ်နဲ့ အစားထိုးဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ဘက်ကတော့ အသင်းမှာ ပြန်လည် ကစားခွင့် ပေးဖို မလွယ်ကူတော့တဲ့ ဂရင်းဝုဒ်ကို အသင်း ကနေ အပြီးသတ် ရောင်းချင်နေတာ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ယူနိုက်တက် ပရိသတ်တွေ ကတော့ အသင်းကို ပြန်လည် ခေါ်ယူဖို့ မျှော်လင့်နေကြတာပါ။ ဒါပေမယ့် ကစားသမားရဲ့ အတိတ်က အမဲစက်က အသင်းရဲ့ ပုံရိပ်ကို အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိနိုင်လို့ ယူနိုက်တက် တာဝန်ရှိသူတွေက ဆုံးဖြတ်ရခက်နေခဲ့တာ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ အတူနေ ချစ်သူကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှု၊ ထိန်းချုပ်မှု၊ အတင်းအကြပ် ပြုမူမှု၊ စော်ကားမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပြီးနောက် ယူနိုက်တက် ဘက်က ကစားခွင့် ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။

အကယ်၍သာ ဒေါ့မန် ဘက်က အငှား+အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ကမ်းလှမ်း လာမယ် ဆိုရင်လည်း ယူနိုက်တက် ဘက်က လက်ခံသွားဖွယ် ရှိနိုင်တယ်လို့ သိ ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်