နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ဆန္ဒ မရှိတဲ့ ဘယ်လင်ဟမ်၊ ရှီးယားရဲ့ စံချိန်ကို မေ့ပြီး ဘေယန်ကို ပြောင်းဖို့ တိုက်တွန်းခံနေရတဲ့ ဟယ်ရီကိန်း (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိတဲ့ ဘယ်လင်ဟမ်၊ ရှီးယားရဲ့ စံချိန်ကို မေ့ပြီး ဘေယန်ကို ပြောင်းဖို့ တိုက်တွန်းခံနေရတဲ့ ဟယ်ရီကိန်း စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ဆန္ဒ မရှိတဲ့ ဘယ်လင်ဟမ်

ဒေါ့မန် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်ဟာ လာမယ့် နွေရာသီမှာ ဒေါ့မန် ကနေ ထွက်ခွာမှာ ဖြစ်ပေမယ့် ချဲလ်ဆီး ကိုတော့ ပြောင်း‌ရွှေ့ဖို့ ဆန္ဒမရှိကြောင်း သိရှိရပါတယ်။

အသက် (၁၉) နှစ်အရွယ် အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့် အတွက် ဒေါ့မန် က ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) အနည်းဆုံး သတ်မှတ်ထားပြီး ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ ရီးရဲလ်မက်ဒရစ် တို့က ဒီကစားသမားကို ပစ်မှတ်ထားနေပါတယ်။

ဒါပေမယ့် ဘယ်လင်ဟမ် ကိုယ်တိုင်က လက်ရှိ ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေရဲ့ လက်ထက်က အသင်းရဲ့ အစီအစဥ်တွေကို ရှင်းလင်း ပြတ်သားမှု မရှိဘူးလို့ ယူဆထားပြီး ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိ မဖြစ်နေတာပါ။

ဒီကစားသမားကို ခေါ်ယူဖို့အတွက်တော့ လက်ရှိအချိန်မှာ ဘယ်အသင်းက အခြေအနေပိုကောင်းတယ်ဆိုတာကို ကွဲကွဲပြားပြား ပြောဆိုနိုင်ဖို့ ခက်ခဲနေပါသေးတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ပဲရစ် စိန့် ဂျာမိန်း
ဘိုင်ယန်မြူးနစ်
1X2 သရေ (Draw) @ 3.60
ဘိုင်ယန်မြူးနစ် အာရှ ဟန်းဒီးကပ် -0.25 @ 2.05
ဂိုးပေါင်း 2-3 @ 2.12
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရှီးယားရဲ့ စံချိန်ကို မေ့ပြီး ဘေယန်ကို ပြောင်းဖို့ တိုက်တွန်းခံနေရတဲ့ ဟယ်ရီကိန်း

တော့တင်ဟမ်ဟော့စပါး ကွင်းလယ်လူဟောင်း ဒန်နီ မာဖီက လက်ရှိ အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး စံချိန်ကို လိုက်မီဖို့ မကြိုးစားသင့်ဘဲ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ဘေယန်မြူးနစ်ဟာ လာမယ့် နွေရာသီမှာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိပြီး ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘွန်ဒက်စ်လီဂါ အသင်းဘက်က တာဝန်ရှိသူတွေ ကလည်း အရိပ်အမြွက် ပြောဆိုထားပါတယ်။ ဟယ်ရီကိန်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၂၀၀) ပြည့်မြောက်ခဲ့ပြီး ဂိုးအများဆုံး သွင်းထားတဲ့ အလန်ရှီးယားရဲ့ သွင်းဂိုး (၂၆၀) ဆိုတဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ ပစ်မှတ်ထားနေပါတယ်။

ဒါပေမယ့်လည်း မာဖီ ကတော့ ဟယ်ရီကိန်း အနေနဲ့ စပါးမှာ ဘာအောင်မြင်မှုမှ ရမှာ မဟုတ်ကြောင်း၊ ဘေယန်မြူးနစ်က ဥရောပရဲ့ အသင်းကောင်းတွေ ထဲက တစ်သင်း ဖြစ်ပြီး ပြောင်းရွှေ့သင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


ဘေယန်နဲ့ ပွဲမှာ မက်ဆီ ပါဝင်နိုင်တယ်လို့ ပီအက်စ်ဂျီနည်းပြပြော

ဘေယန်မြူးနစ်ဟာ လာမယ့် နွေရာသီမှာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိပြီး ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘွန်ဒက်စ်လီဂါ အသင်းဘက်က တာဝန်ရှိသူတွေ ကလည်း အရိပ်အမြွက် ပြောဆိုထားပါတယ်။
တိုက်စစ်ပိုင်း အတွက် ကစားသမား ခေါ်ယူအားဖြည့်ချင်နေတဲ့ ဘေယန်မြူးနစ်

ပီအက်စ်ဂျီ နည်းပြ ခရစ္စတိုဖီ ဂဲလ်တီယာက ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲမှာ လီယွန်နယ် မက်ဆီ ပါဝင်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

မာဆေးလ်ကို ရှုံးခဲ့တဲ့ ပြင်သစ် ပြည်တွင်း ဖလား ပြိုင်ပွဲမှာ မက်ဆီ တစ်ယောက် ဒဏ်ရာ ရရှိခဲ့ပြီး ဒီတစ်ပတ် ကစားမယ့် မိုနာကိုနဲ့ ပွဲစဥ်ကို လွဲချော်သွားမှာပါ။

အဲ့ဒါကြောင့် အဆိုပါ အာဂျင်တီးနား အသင်းခေါင်းဆောင် အနေနဲ့ ဘေယန်မြူးနစ်နဲ့ ပွဲကိုပါ လွဲချော်နိုင်ဖွယ် ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ဂဲလ်တီယာ ကတော့ မက်ဆီရဲ့ အရေးပါမှုကို သိရှိထားကြောင်း ပြောကြားခဲ့ပြီး လာမယ့် တစ်ပတ် ချန်ပီယံလိဂ် ပွဲမှာ မက်ဆီ ပြန်လည် ပါဝင်လာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်