နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ ညနေခင်း သတင်းများ (၂၉/၇/၂၀၂၂)

အခု တစ်ခါ ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းခင်း အထိ စုဆောင်းရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


တိုက်စစ်မှူး ထပ်မံ ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် အသင်း ကတော့ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်သွားဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ရောဘတ် လီဝမ်ဒေါစကီး နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူး တစ်ဦး ခေါ်ယူသွားဖို့ ရှိမရှိ ဆိုတဲ့ မေးခွန်းကို နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက ငြင်းဆန်ခြင်း မရှိခဲ့ပေမယ့် ဘယ်ကစားသမားကို စောင့်ကြည့်နေတယ် ဆိုတာတော့ ပြောကြားသွားခဲ့ခြင်း မရှိပါဘူး။

လိုက်ပ်ဇစ်နဲ့ ကစားမယ့် ဂျာမန် စူပါဖလား ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ နေဂဲလ်စ်မန်းက “အပြောင်းအရွှေ့ ဈေးကွက် ပိတ်ဖို့ ကလည်း ၄ ပတ်လောက် လိုပါသေးတယ်။ တစ်ခုခုတော့ ဖြစ်နိုင်ပါသေးတယ်။ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ မဖြစ်သေးတာတွေ ဖြစ်လာနိုင်မလား ဆိုတာ မျက်စိရှင်ရှင်ထားပြီး စောင့်ကြည့်နေမှာပါ။”လို့ နေဂဲလ်စ်မန်း က ဆိုပါတယ်။

ဘေယန်မြူးနစ်ဟာ အခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ဂိုးသွင်းစက် ရောဘတ် လီဝမ်ဒေါစကီးကို ဘာစီလိုနာ အသင်းထံ ယူရို သန်း ၅၀ နဲ့ လက်လွှတ်ထားရပြီး တစ်ဖက် မှာတော့ လစ်ဗာပူးလ်က ဆာဒီယို မားနေးကို ပေါင် ၂၈ သန်းနဲ့ ပြန်လည်ခေါ်ယူထားပါတယ်။

ဒါ့အပြင် ရန်းစ် အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား မက်သီတဲလ် ကိုလည်း ပေါင် ၁၇ သန်းနဲ့ ခေါ်ယူထားပါသေးတယ်။ မက်သီတဲလ်ဟာ လက်ရှိ ဥရောပရဲ့ အတောက်ပဆုံး လူငယ် ကြွယ်ပွင့် တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး ပြင်သစ် ယူ ၁၇ အသင်းနဲ့ ယူအီးအက်ဖ်အေ ယူ-၁၇ ချန်ပီယံဆု ရရှိထားသူလည်း ဖြစ်ပါတယ်။


လိုက်ပ်ဇစ်ကို ရောက်ဖို့ သေချာနေတဲ့ ဒေးဗစ် ရာယမ်

ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် အသင်းဟာ ဟော့ဖန်ဟိမ်း ဘယ်နောက်ခံလူ ဒေးဗစ် ရာယမ်ကို ခေါ်ယူဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း ဂျာမနီ Sky Sports က ဖော်ပြပါတယ်။ 

ဟော့ဖန်ဟိမ်းက ယူရို ၂၈ သန်း ကနေ သန်း ၃၀ ကြား လိုချင်နေပေမယ့် လိုက်ပ်ဇစ် ယူရို ၂၄ သန်းနဲ့ နောက်ဆုံး အကြိမ် ကမ်းလှမ်းထားခဲ့ပြီး လက်ရှိ အချိန်ထိ ကလပ်နှစ်ခု အကြား ပြောင်းရွှေ့ကြေး ဘယ်လောက်နဲ့ သဘောတူညီမှု ရသွားတယ် ဆိုတာတော့ မသိရသေးပါဘူး။

ပရီးမီးယား လိဂ်
တော့တင်ဟမ် ဟော့စပါး
ဆောက်သမ်တမ်
1X2 သရေ (Draw) @ 4.40
ဂိုးပေါ် 3.00 @ 2.11
ဂိုးပေါင်း 2-3 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

 အသက် ၂၄ နှစ် အရွယ် ဂျာမနီ လက်ရွေးစင်ကို အခုနွေရာသီမှာ ဒေါ့မန်က အရင်ဆုံး ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ခေါ်ယူဖို့လည်း နီးစပ်ခဲ့ပေမယ့် ဘဏ္ဍာရေး အခြေအနေကြောင့် နောက်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေကို လိုက်ပ်ဇစ်က အခွင့်ကောင်းယူနိုင်ခဲ့ပြီး လောလောဆယ် မှာတော့ အပြောင်းအရွှေ့ ပြီးမြောက်ဖို့ သေချာသလောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ သတင်းတွေအရ လိုက်ပ်ဇစ်တို့ ဒေးဗစ် ရာယမ်ကို တစ်နှစ်လုပ်ခ ယူရို ၁၀ သန်းနဲ့ ၅ နှစ် စာချုပ်ချူပ်ဆိုခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ကတော့ တိတိကျကျ မသိရေးပါဘူး။

သတင်းဖော်ပြချက်တွေအရ လိုက်ပ်ဇစ်တို့ ဒေးဗစ် ရာယမ်ကို ခေါ်ယူနိုင်ခဲ့တာ သေချာပေမယ့် ပြောင်းရွှေ့ကြေး ပေးချေပြီးတော့လား ဒါမှမဟုတ် အလဲအလှယ်နဲ့လား ဆိုတာတော့ သေချာမသိရသေးပါဘူး။ Bild မှာတော့ လိုက်ပ်ဇစ်တို့ အသင်းရဲ့ ဘယ်နောက်ခံလူ ဖြစ်တဲ့ အိန်ဂျယ်လီနိုကို ဒေးဗစ်ရာယမ်နဲ့ အလဲအလှယ် လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အိန်ဂျယ်လီနိုကို အပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ်နဲ့ ထည့်သွင်း ကမ်းလှမ်းခဲ့ခြင်းမျိုး မဟုတ်ပဲ သီးခြား လဲလှယ်ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။  


ပါဗက်ကို အပြိုင်အဆိုင် ကြိုးပမ်းရဦးမယ့် ယူနိုက်တက်နဲ့ ချဲလ်ဆီး

မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ညာနောက်ခံလူ ဘင်ဂျမင် ပါဗက်ကို အခု နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း CBS သတင်းထောက် ဘန်ဂျကော့ဗ်က ဖော်ပြလာခဲ့ပါတယ်။ 

အသက် ၂၆ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကိုတော့ အစောပိုင်း ကတည်းက ဥရောပထိပ်သီး ကလပ် အများစုက မျက်စိကျနေခဲ့တာ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ်နဲ့ ဂျူဗင်တပ်စ် တို့ကလည်း စိတ်ဝင်စားကြောင်း ပြသထားပေမယ့် အင်္ဂလိပ် ကလပ်တွေလောက် ငွေသုံးနိုင်တဲ့ အခြေအနေမျိုး မရှိတာကြောင့် ပါဗက် ကိုတော့ ချဲလ်ဆီးနဲ့ ယူနိုက်တက် တို့ပဲ အပြိုင်အဆိုင် ကမ်းလှမ်းရမယ့် သဘော ရှိပါတယ်။

ချဲလ်ဆီးဟာ ခံစစ်နဲ့ တောင်ပံ တကျော အတက်အဆင်း ပြုလုပ်နိုင်မယ့် နောက်ခံလူ တစ်ဦး ရှာဖွေနေခဲ့တာ ဖြစ်ပြီး ယူနိုက်တက် နည်းပြ တန်ဟက်ဂ် ကလည်း လက်ရှိ ညာတောင်ပံမှာ ကစားနေတဲ့ ဒါးလော့တ်နဲ့ ဘစ်ဆာခါကို ခြေစွမ်းပိုင်း အားမရတာကြောင့် ပါဗက်ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်နိုင်ပါတယ်။ 

လက်ရှိ ဘေယန်မြူးနစ် အသင်းမှာ ညာနောက်ခံလူ စုစုပေါင်း ၄ ဦး အထိ ရှိနေတာကြောင့် ပါဗက် အနေနဲ့ ပုံမှန် ပွဲထွက်ခွင့်ရနိုင်မယ့် အသင်း တစ်သင်းကို ပြောင်းရွှေ့လိုနေပြီး အကယ်၍ သင့်လျော်တဲ့ ကမ်းလှမ်းမှု ရှိလာရင်လည်း အသင်း ဘက်က လက်ခံဖို့ ရာခိုင်နှုန်း များပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်