နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ ညနေခင်း သတင်းများ (၂၈/၇/၂၀၂၂)

အခု တစ်ခါ ဇူလိုင်လ ၂၈ ရက်နေ့ ညနေခင်း အထိ စုဆောင်းရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကော့စတစ် အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့် ကမ်းလှမ်းမယ့် ဝက်စ်ဟမ်း

ဝက်စ်ဟမ်း အသင်း အနေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ်က တောင်ပံ ကစားသမား ဖိလစ် ကော့စတစ် အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့် ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်းဟာ ဒီကစားသမား အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် (၁၂) သန်း၊ အပိုဆုကြေး ပေါင် (၃) သန်း တို့နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ်းလှမ်းမှု ကိုတော့ ဖရန့်ဖတ်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ကော့စတစ်ဟာ ပြီးခဲ့တဲ့ ရာသီက ဖရန့်ဖတ် အတွက် ပြိုင်ပွဲစုံ (၄၃) ပွဲကစား၊ (၇) ဂိုးသွင်းယူကာ အသင်းနဲ့ အတူ ယူရိုပါလိဂ်ဖလားလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းတို့ ကော့စတစ်ကို ဒုတိယအကြိမ်မြောက် အဖြစ် ပေါင် (၁၅) သန်း တိုးမြှင့် ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။


ရော်နယ်ဒိုကို နောက်ပြောင် လိုက်တဲ့ အိုလီဗာခန်း

ဘေယန်မြူးနစ် အမှုဆောင်အရာရှိချုပ် အိုလီဗာခန်းက ဆိုရှယ်မီဒီယာပေါ်မှာ အားကစား ပြုလုပ်နေတဲ့ ပုံတွေ မကြာခဏ တင်လေ့ရှိတဲ့ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုကို နောက်ပြောင်လိုက်တယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အထူးဂရုစိုက်လေ့ရှိတဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့ ရင်ဘတ်၊ ဝမ်းဗိုက်နဲ့ လက်မောင်း ကြွက်သားတွေ ကလည်း တော်တော်လေးကို ပြီးပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။

အိုလီဗာခန်းက “ဒီနောက်ပိုင်း ကျနော့် မိန်းမရဲ့ ရင်သားတွေထက် ရော်နယ်ဒိုရဲ့ ဗိုက်ကြွက်သားတွေကို ပိုပြီး မြင်တွေ့ခဲ့ရပါတယ်” လို့ နောက်ပြောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ အကြီးအကဲ အိုလီဗာခန်း ကတော့ ရော်နယ်ဒိုကို ခေါ်ယူမှာ မဟုတ်ကြောင်း ငြင်းဆန်ထားပြီး အဓိက, ကတော့ ဘေယန်မြူးနစ်ရဲ့ ဘောလုံး ဒဿနနဲ့ ကိုက်ညီမှု မရှိတာကြောင့် ဖြစ်တယ်လို့ ဖြေရှင်းထားခဲ့ပါတယ်။


ဗာနာ လိုက်ပ်ဇစ် ပြန်မယ့် ကိစ္စ နည်းပြ တူချယ် ကန့်ကွက်

ချဲလ်ဆီး တိုက်စစ်မှူး တီမိုဗာနာ အနေနဲ့ အသင်းဟောင်း ဖြစ်တဲ့ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ကို ပြောင်းရွှေ့မယ့်ကိစ္စ အပေါ် နည်းပြ သောမက်စ် တူချယ်က တားဆီး ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
တီမိုဗာနာကို အသင်းမှာ ဆက်ထိန်းထားချင်တဲ့ သောမက်စ်တူချယ်

ချဲလ်ဆီး တိုက်စစ်မှူး တီမိုဗာနာ အနေနဲ့ အသင်းဟောင်း ဖြစ်တဲ့ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ကို ပြောင်းရွှေ့မယ့်ကိစ္စ အပေါ် နည်းပြ သောမက်စ် တူချယ်က

တားဆီး ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

အသင်း ပြောင်းရွှေ့ဖွယ် ရှိတယ် ဆိုပြီး တီမို ဗာနာက ရုတ်တရက် ထပြောခဲ့ပြီးနောက် တူချယ်က စိတ်ပျက် လက်ပျက် ဖြစ်သွားခဲ့ပြီး တစ်ဦးနဲ့ တစ်ဦး အကြား အကြိတ်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဗာနာဟာ ချဲလ်ဆီးမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ချဲလ်ဆီး ကလည်း ဒီကစားသမားကို အသင်းဟောင်းထံ ပြန်လည် လက်လွှတ်ပေးဖို့ အတွက် စီစဥ်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ တီမို ဗာနာကို အငှားနဲ့ ဖြစ်ဖြစ် ပြန်လွှတ်ပေးဖို့ ဆန္ဒရှိနေပေမယ့် တူချယ် ကတော့ လူကာကူကို လက်လွှတ်ရပြီးနောက် ဗာနာကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်