နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒေါ့မန်ရဲ့ နောက်ဆုံး ကမ်းလှမ်းမှုကို ငြင်းဆန်သွားမယ့် ဘယ်လင်ဟမ်၊ အာဆင်နယ် ဝါရင့် ကွင်းလယ်လူကို ခေါ်ယူဖွယ် ရှိနေတဲ့ လေဗာကူဆင် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဒေါ့မန်ရဲ့ နောက်ဆုံး ကမ်းလှမ်းမှုကို ငြင်းဆန်သွားမယ့် ဘယ်လင်ဟမ်၊ အာဆင်နယ် ဝါရင့် ကွင်းလယ်လူကို ခေါ်ယူဖွယ် ရှိနေတဲ့ လေဗာကူဆင် အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၁၂ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒေါ့မန်ရဲ့ နောက်ဆုံး ကမ်းလှမ်းမှုကို ငြင်းဆန်သွားမယ့် ဘယ်လင်ဟမ်

ဂျူ့ဒ် ဘယ်လင်ဟမ်ဟာ ဒေါ့မန်ရဲ့ နောက်ဆုံး အနေနဲ့ ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို ချွင်းချက်မရှိ ငြင်းဆန်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အသက် (၁၉) နှစ် အရွယ် ဒီကွင်းလယ်လူဟာ လာမယ့် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သ‌ဘောတူညီခဲ့ပြီး ဖြစ်ပါတယ်။ 

မေလအတွင်းမှာပဲ နှစ်သင်း အကြား ပြောင်းရွှေ့ကြေး အတွက် အပြီးသတ် ဆွေးနွေးသွားမှာ ဖြစ်ပြီး ဒီဆွေးနွေးမှု ကလည်း လွယ်လွယ်ကူကူနဲ့ အဆင်ပြေသွားနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် ဘက်ကတော့ ဘယ်လင်ဟမ်ကို လက်လွှတ်ခံလိုခြင်း မရှိသည့်တိုင် ကစားသမား အတွက် စျေးကိုင်သွားမှာ မဟုတ်ဘဲ ယူရိုသန်း (၁၀၀) ဝန်းကျင် ရရှိတာနဲ့ ရောင်းချသွားမှာပါ။ 

ဒါပေမယ့်လည်း နောက်ဆုံး မျှော်လင့်ချက် အဖြစ် ဘယ်လင်ဟမ်ကို ကလပ် စံချိန်တင် လုပ်ခ အဖြစ် တစ်ပတ် လုပ်ခ ပေါင် (၂၃၀,၀၀၀)၊ တစ်နှစ် လုပ်ခ ပေါင် (၁၂) သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီကမ်းလှမ်းမှု ကိုလည်း ဘယ်လင်ဟမ်က ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရှိရပြီး ကစားသမား ကိုယ်တိုင်က အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ 


အာဆင်နယ် ဝါရင့် ကွင်းလယ်လူကို ခေါ်ယူဖွယ် ရှိနေတဲ့ လေဗာကူဆင်

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ဟာ အာဆင်နယ် ကွင်းလယ်လူ ဂရန်းနစ် ချာကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။
အာဆင်နယ် အတွက် ခြေစွမ်းပြ ကစားပေးနေတဲ့ ဂရန်းနစ် ချာကာ

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ဟာ အာဆင်နယ် ကွင်းလယ်လူ ဂရန်းနစ် ချာကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။ 

ချာကာဟာ ဒီရာသီမှာ အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်လူ တစ်ယောက် အဖြစ် ခြေစွမ်းပြနေသည့်တိုင် သူသာ အသင်းက ထွက်ခွာလိုတယ် ဆိုပါက နည်းပြ မီခဲလ် အာတေတာက တားဆီးသွားမှာ မဟုတ်ကြောင်း သိရပါတယ်။ 

ဒီအနေအထားနဲ့ ပတ်သက်လို့ ချာကာရဲ့ သဘောထား ကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အာဆင်နယ် ဘက်ကတော့ လေဗာကူဆင်သာ ချာကာကို ခေါ်ယူလိုတယ် ဆိုရင် မူဆာ ဒီယာဘီကို ပြန်လည် ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမှာပါ။ 

အာဆင်နယ်ဟာ ဒီယာဘီကို ကာလရှည် စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး အဆိုပါ တောင်ပံ ကစားသမားရဲ့ အပြောင်းအရွှေ့မှာ ချာကာကို ထည့်သွင်း အသုံးချသွားဖို့လည်း ဆန္ဒရှိနေပါတယ်။ 


ဘေယန်မြူးနစ် လေ့ကျင့်ရေးကွင်းကို ပြန်လည် ရောက်ရှိလာတဲ့ နော်အာ

ဘန်ဒက် လီဂါ
ကိုးလ်
ဟာသာဘာလင်
1X2 သရေ (Draw) @ 3.60
ဂိုးပေါ် 2.50 @ 1.90
ဂိုးပေါင်း 2-3 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဘေယန်မြူးနစ်ရဲ့ အဓိက ဂိုးသမားကြီး မန်ဝဲလ် နော်အာဟာ အခုချိန်မှာတော့ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ 

ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ရဲ့ နံပါတ် (၁) ဂိုးသမားကြီးဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက ခြေထောက် ဒဏ်ရာကြောင့် ကာလရှည် အနားယူနေခဲ့ရတာပါ။ နော်အာ အနေနဲ့ အားလပ်ရက်မှာ နှင်းလျှောစီးရင်း ခြေထောက် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး ခွဲစိတ် ကုသမှု ခံယူခဲ့ရပါတယ်။ ဒါ့အပြင် ဒီကြားထဲမှာ သူနဲ့ ကာလရှည် လက်တွဲခဲ့တဲ့ ဂိုးနည်းပြ တိုနီ တာပါလိုဗစ်ကို အသင်းက ထုတ်ပယ်ခဲ့တာကြောင့် နော်အာနဲ့ ကလပ် အကြား ပြဿနာ ဖြစ်ပွားခဲ့ပါသေးတယ်။ 

အဲ့ဒါကြောင့် နော်အာ တစ်ယောက် ဘေယန်မြူးနစ်မှာ အနာဂတ် ဆက်မရှိနိုင်တော့ဘူးလို့ ယူဆခဲ့ကြပေမယ့် ဂိုးသမားကြီး ဘက်က သူ့အမှားကို တောင်းပန်ခဲ့တာကြောင့် ပြေလည်ခဲ့ပြီး အခုချိန်မှာတော့ အသင်းရဲ့ လေ့ကျင့်ရေးကွင်း ကိုပါ ပြန်လည် လာရောက် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်