နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းမယ့် ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

လာလီဂါ ကလပ် အက်သလက်တစ် ဘီလ်ဘာအို တောင်ပံ ကစားသမား နီကို ဝီလီယမ်စ် ကိုတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဥရောပ ထိပ်သီး အသင်း တော်တော်များများက ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒီအထဲမှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်လည်း ပါဝင်နေပြီး မကြာခင်မှာ ဒီကစားသမားကို ခေါ်ယူဖို့ စတင် ကြိုးပမ်းလာဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ် အရွယ် စပိန် လက်ရွေးစင် ကစားသမားလေးရဲ့ အားရစရာ စွမ်းဆောင်ရည်တွေကို အသင်းကြီး တော်တော်များများက မျက်စိကျနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ အတွက် များပြားလောက်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် အတွက် တချို့သော အသင်းတွေ ကတော့ စဉ်းစားနေကြတယ်လို့လည်း သိရပါတယ်။

ဝီလီယမ်စ်ဟာ ဘာစီလိုနာ နည်းပြဟောင်း ဇာဗီ ဟာနန်ဒက်ဇ်ရဲ့ နံပါတ် ၁ ဦးစားပေး ပစ်မှတ် ခဲ့ပေမယ့် လက်ရှိမှာတော့ ဇာဗီလည်း မရှိတော့တာကြောင့် ဘာစီလိုနာနဲ့ သတင်းတွေ အေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြွေးမြီထူနေမှုကို အဆုံးသတ်နိုင်ခြင်း မရှိသေးတဲ့ ဘာစီလိုနာဟာ ထိပ်တန်း ကစားသမားတွေ အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အသုံးပြုနိုင်ခြင်း မရှိတာ တွေ့ရပြီး နီကို ဝီလီယမ်စ် အပေါ် စိတ်ဝင်စားမှုလည်း မရှိဖို့ များသွားခဲ့ပါပြီ။

လက်ရှိမှာ ဘက်စကေး ကလပ်ရဲ့ ကြယ်ပွင့်ကို အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ အက်စတွန်ဗီလာ တို့က ချိတ်ဆက်မှုတွေ ပြုလုပ်ထားပါတယ်။ ကိုပါဒယ်ရေး ချန်ပီယံ ကလပ် ကတော့ သူတို့ရဲ့ အလားအလာ ကောင်းတဲ့ ကြယ်ပွင့်ကို ၂၀၂၇ ခုနှစ် အထိစာချုပ်သစ်တစ်ရပ် ချုပ်ဆိုထားခဲ့ပြီး စာချုပ် ဖျက်သိမ်းကြေး ကလည်း ယူရိုသန်း ၆၀ နီးပါး ရှိနေတာ ဖြစ်ပါတယ်။

စပိန် နာမည်ကြီး သတင်းဌာန ရီလီဗိုရဲ့ ဖော်ပြချက်အရ စိတ်ဝင်စားမှု ပြသခဲ့တဲ့ နောက်ဆုံး အသင်း ကတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် ဖြစ်တယ်လို့ သိရပါတယ်။ ဘေယန်မြူးနစ်ဟာ နီကိုရဲ့ နိုင်ငံလက်ရွေးစင် အသင်းဖော် ဒန်နီ အော်လမို ကိုလည်း ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀နဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပြီး ချိတ်ဆက်မှုတွေ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ဘေယန်မြူးနစ် အားကစား ဒါရိုက်တာ မက်စ် အီဘာရယ် ကတော့ လက်တလောမှာ နည်းပြသစ် တစ်ဦး အရင် ခန့်အပ်ဖို့ လုပ်ဆောင်နေပြီး ကွန်ပနီ အတွက် ဘန်လေနဲ့ သဘောတူညီမှု ရဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ ဘွန်ဒက်စ်လီဂါ ကလပ် အနေနဲ့ နီကို ဝီလီယမ်စ်ရဲ့ အပြောင်းအရွှေ့ကို အာရုံစိုက်သွားဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

နီကို ဝီလီယမ်စ်ဟာ ဘီလ်ဘာအို လူငယ် အသင်း ကနေမှ တဆင့် ၂၀၂၁ ခုနှစ်မှာ အသင်းကြီး အတွက် စတင် ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ဒီကစားသမားလေးဟာ ပြီးခဲ့တဲ့ ရာသီက ဘီလ်ဘာအို အတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားပြီး ၈ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ နီကို ဝီလီယမ်စ်ဟာ ဘီလ်ဘာအိုရဲ့ သစ္စာစံ ကစားသမား အင်နာကီ ဝီလီယမ်စ်နဲ့ ညီအကို တော်စပ်ပြီး အသင်းဖော်တွေ အဖြစ် အကောင်းဆုံး တွဲဖက်ကစားနေခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်