နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမား ၆ ဦး အထိ ရောင်းထုတ်သွားဖို့ ရှိနေတဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် အသင်းဟာ နည်းပြသစ် လက်ထက်မှာ အသင်းကို ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြသစ် ဗင်းန်ဆင့် ကွန်ပနီက လာမယ့် နွေရာသီ အပြောင်းရွှေ့ ဈေးကွက်မှာ အသင်းမှာ ရှိတဲ့ ကစားသမား (၆) ဦးလောက် အထိကို ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဘေယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်ကမှ နည်းပြဟောင်း သောမက်စ် တူချယ် နေရာမှာ ဗင်းန်ဆင့် ကွန်ပနီနဲ့ အစားထိုးထားတာ ဖြစ်ပါတယ်။ ကွန်ပနီဟာ ဘန်လေ အသင်းနဲ့ အတူ တန်းဆင်းခဲ့ရပေမယ့် ဘေယန်မြူးနစ် တာဝန်ရှိသူတွေ ကတော့ ဒီနည်းပြရဲ့ နည်းစနစ်ပိုင်းဆိုင်ရာနဲ့ အရည်အသွေးတွေကို အပြည့်အဝ ယုံကြည်ပြီး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ ပရိသတ်တချို့ ကတော့ ကွန်ပနီ အပေါ် ယုံကြည်မှု မရှိသေးပဲ အသင်းရဲ့ အနာဂတ် အတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုလက်ရှိမှာ ကွန်ပနီက အသင်းရဲ့ အဓိက ကြယ်ပွင့် ကစားသမားတချို့ ကိုလည်း အရောင်းစာရင်း တင်ဖို့ ရှိလာတာကြောင့် ပရိသတ်တွေ အနေနဲ့ ပိုလို့တောင် စိတ်ပူလာခဲ့ရပြီ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ဘေယန်မြူးနစ်ဟာ ဆာ့ဂျ် ဂနာဘရီ၊ လီယွန် ဂိုရက်ဇ်ကာ၊ ဂျော်ရွှာ ကင်မစ်ချ်၊ မက်ဇရာရူအီ၊ မားသီးယပ်စ် ဒီလစ်ဂျ် တို့ကို သင့်လျော်တဲ့ ကမ်းလှမ်းမှုတွေ ရရှိရင် ရောင်းထုတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီကစားသမားတွေထဲကမှ ဂျော်ရွှာ ကင်မစ်ချ်၊ ဒီလစ်ဂျ် တို့ဟာ အသံ အထွက်ဆုံး ဖြစ်ပါတယ်။ တခြား ကစားသမားတွေ ဖြစ်တဲ့ ဂိုရက်ဇ်ကာက အသက်အရွယ် ရလာပြီ ဖြစ်သလို ဂနာဘရီ ကလည်း ခြေစွမ်းကောင်းပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာရနေခဲ့လို့ ကွန်ပနီ အနေနဲ့ ရောင်းထုတ်ချင်နေတာ ဖြစ်နိုင်ပါတယ်။ ကင်စလေ ကိုမန်လည်း ထိုနည်းတူစွာပါပဲ။

တစ်ဖက်မှာလည်း ဘေယန်မြူးနစ်ဟာ ကစားသမား တချို့ ပြန်လည် ခေါ်ယူသွားဖို့ ရှိနေခဲ့ပြီးတော့ လက်ရှိမှာတော့ မနှစ်ကတည်းက စိတ်ဝင်စားနေခဲ့တဲ့ ဖူလ်ဟမ်က ပေါ်တူဂီ ကြယ်ပွင့် ပေါ်လင်ဟာကို ကြိုးပမ်းသွားဖို့ များနေပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း ဘွန်ဒက်စ်လီဂါ ကလပ်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပြီး ဒီရာသီ မှာတော့ အဆင်ပြေတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားဖို့ မျှော်လင့်နေတာပါ။ ဒါ့အပြင် ကွန်ပနီဟာ တိုက်စစ် အသားပေး ကစားဟန်နဲ့ ကစားတတ်တဲ့ နည်းပြ ဖြစ်တာကြောင့် တိုက်စစ် အားသန် ကစားသမားတွေကို ခေါ်ယူဖို့ ရှိနေတာ ဖြစ်ပါတယ်။

နောက်ထပ် ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ အသင်း ကနေ ထွက်ခွာဖို့ များနေတဲ့ အဲလ်ဖွန်ဆို ဒေးဗီးစ်ရဲ့ နေရာ အတွက်လည်း ကစားသမား တချို့ကို စောင့်ကြည့်လျက်ရှိနေပါတယ်။ဒါကြောင့် ကွန်ပနီဟာ မန်စီးတီးမှာ အတူတူ ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း အိုလက်ဆန်ဒါ ဇင်ချန်ကို ကိုလည်း ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အခုချိန်ထိတော့ ဘေယန်မြူးနစ် အနေနဲ့ ဘယ်ကစားသမားကိုမှ ခေါ်ယူဖို့ ချိတ်ဆက်ထားခြင်း မရှိသေးတာကို ကြည့်ခြင်း အားဖြင့် အသင်းမှာရှိတဲ့ ကစားသမားတွေကိုပဲ အရင်ဆုံး ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ် ဆိုတာ သိသာပါတယ်။ လက်ရှိ ရောင်းထုတ်မယ့် ကစားသမားတွေ ကလည်း အတိုင်းအတာ တစ်ခု အထိ တန်ကြေး ရှိနေကြသူတွေ ဖြစ်တာကြောင့် သူတို့ လိုချင်တဲ့ ကစားသမားတွေကို ငွေဖောဖောသီသီ သုံးပြီး ခေါ်ယူနိုင်ဖို့တော့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်