နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကွန်ပနီနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီချက် ရခဲ့တဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်ဟာ သောမက်စ် တူချယ်ရဲ့ နေရာမှာ အစားထိုး ခန့်အပ်ဖို့ နည်းပြ တစ်ဦး အပူတပြင်း ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ လက်တလော သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် ဘေယန်မြူးနစ်က ဘန်လေ နည်းပြ ဗင်းန်ဆင့် ကွန်ပနီနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

အခုရာသီ အကုန်မှာ သောမက်စ် တူချယ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ဘေယန်မြူးနစ်က လေဗာကူဆင် နည်းပြ ဇာဘီ အလွန်ဆို၊ နည်းပြဟောင်း နေဂဲလ်စ်မန်း (လက်ရှိ ဂျာမနီ နည်းပြ)၊ ဩစတြီးယား နည်းပြ ရန်းညက်ခ်၊ ဗီလာ နည်းပြ အမ်မရီ တို့ကို ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ပူပူနွေးနွေး ထွက်ခွာသွားတဲ့ တူချယ် ကိုတောင် အသင်းမှာ ဆက်နေဖို့ နားချခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ နောက်ဆုံးမှာတော့ ဘန်လေနဲ့ အတူ တန်းဆင်းသွားတဲ့ နည်းပြ ကွန်ပနီနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်ရဲ့ နည်းပြ ရွေးချယ်မှု အတွက် တော်တော်များများက အံ့အားသင့်ပြီး ဝေဖန် သုံးသပ်မှုတွေ ရှိနေပေမယ့် အသင်း ဘက်ကတော့ ကွန်ပနီရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာကို သဘောကျတာကြောင့် လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘေယန်မြူးနစ်ဟာ ကွန်ပနီနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားခဲ့ပေမယ့် ဘန်လေနဲ့တော့ ဆက်လက် ဆွေးနွေး ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။

နာမည်ကျော် Sky Sport သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ကွန်ပနီကို ခေါ်ယူဖို့ ဘေယန်မြူးနစ်နဲ့ ဘန်လေတို့ အကြိတ်အနယ် ဆွေးနွေးနေရပြီး သဘောတူညီချက်လည်း မရသေးဘူးလို့ ဖော်ပြထားပါတယ်။ ဒါကြောင့် နောက်ထပ် ရက်အနည်းငယ် အချိန်ယူ ဆွေးနွေးရဦးမယ့် သဘောမှာ ရှိသလို ဘန်လေ ဘက်ကလည်း သူတို့ရဲ့ နည်းပြကို အလွယ်တကူ လက်မလွှတ်ချင်တာကြောင့် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့်မှာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ဘန်လေ အနေနဲ့ သူတို့ရဲ့ နည်းပြကို လက်လွှတ်ခဲ့ရရင်တောင် တန်ကြေး တစ်ခု လိုချင်နေတာကြောင့် အခုလို အကြိတ်အနယ် ဆွေးနွေးနေရတာ ဖြစ်နိုင်ပါတယ်။ ကံယာကံရှင် ကိုယ်တိုင် ကတော့ သူ့ အတွက် ကြီးမားတဲ့ အခွင့်အရေး တစ်ခုကို လက်လွတ်မခံချင်တာကြောင့် ဘန်လေ ဘက်ကို တွန်းအားပေးသွားဖွယ် ရှိနေပါတယ်။

ကွန်ပနီဟာ ကစားသမား ဘဝမှာ ဘယ်လ်ဂျီယံ ကလပ် အန်ဒါလက်ချ်၊ ဘွန်ဒက်စ်လီဂါ ကလပ် ဟမ်းဘတ်နဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး တို့မှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးနဲ့တော့ အမြင့်ဆုံး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး နည်းပြ ဘဝ မှာတော့ အန်ဒါလက်ချ်ကို ဘယ်လ်ဂျီယံဖလား ဒုတိယနဲ့ ဘန်လေ ကိုတော့ ချန်ပီယံရှစ် ချန်ပီယံ အဖြစ်နဲ့ ပရီးမီးယားလိဂ် ဆီ တန်းတင်ပေးနိုင်ခဲ့ပါတယ်။ တကယ်တမ်း ကွန်ပနီဟာ ၂၀၁၉ ခုနှစ် ကမှ နည်းပြ လောကထဲကို ဝင်ရောက်လာသူ ဖြစ်ပြီး သက်တမ်းနုတဲ့ နည်းပြလည်း ဖြစ်ပါတယ်။

လက်ရှိမှာ သူကိုင်တွယ်နေတဲ့ ဘန်လေဟာ တစ်ရာသီ အကြာမှာပဲ ပရီးမီးယားလိဂ် ကနေ တန်းပြန်ဆင်းသွားခဲ့ရပေမယ့် အသင်း ဘက်ကတော့ ကွန်ပနီ အရည်အချင်းကို ယုံကြည်နေဆဲ ဖြစ်ပါတယ်။ ဘန်လေဟာ ကွန်ပနီရဲ့ နည်းစနစ်ပိုင်းကို သဘောကျတာကြောင့် လာမယ့် နှစ်တွေမှာ အသင်းကို ထိပ်တန်းလိဂ်ဆီ ထပ်မံ တွန်းပို့ပေးနိုင်မယ့်သူ အဖြစ် ယုံကြည်နေကြတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်