နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒါကလက်ဆီကာ ဂိုးပြတ် နိုင်ပွဲနဲ့ အတူ အမှတ်ပေးချန်ပီယံဆုကို ၁၀ နှစ်ဆက် ရရှိခဲ့တဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်

ဘေယန်မြူးနစ် ၃-၁ ဒေါ့မန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၃၁) ဒါကလက်ဆီကာ ဒါဘီ မှာတော့ ဘေယန်မြူးနစ်တို့ ဒေါ့မန်ကို ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပြီး ပွဲစဉ် အားလုံး မပြီးဆုံးခင် မှာပဲ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ရရှိသွားခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ၁၀ ရာသီ ဆက်တိုက် ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ၃၁ ကြိမ်မြောက် ရရှိခဲ့တဲ့ ချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဘေယန်မြူးနစ်တို့ တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်ခဲ့ပေမယ့် ဒေါ့မန် ကတော့ ဒဏ်ရာရကစားသမား များပြားနေလို့ စုဖွဲ့မှု အပိုင်းမှာ အားနည်းခဲ့ပါတယ်။ အိမ်ရှင် အသင်းရဲ့ တိုက်စစ်မှာ ရောဘတ် လီဝမ်ဒေါစကီးပဲ ဦးဆောင်လာခဲ့ပြီး တောင်ပံနဲ့ ကွင်းလယ်မှာ ကိုမန်၊ ဂနာဘရီ၊ မူလာ၊ ကင်မစ်ချ်နဲ့ ဂိုရက်ဇ်ကာ၊ ခံစစ်နဲ့ ဂိုးမှာတော့ ဟာနန်ဒက်ဇ်၊ အူပါမီကာနို၊ ပါဗက်၊ အဲလ်ဖွန်ဆို ဒေးဗီးစ်နဲ့ နော်အာတို့ ပွဲထွက်ခဲ့ပါတယ်။ ဒေါ့မန် ကတော့ ဟာလန်း ဦးဆောာင်တဲ့ တိုက်စစ်နဲ့ အတူ ပွဲထွက်လူစာရင်းမှာ ရိုက်စ်၊ ဘရန့်တ်၊ ရိန်နီရာ၊ ချန်၊ ဘယ်လင်ဂမ်၊ အာကန်ဂျီ၊ ဝုဖ်၊ ဇာဂါဒူ၊ ဂွာရဲရိုး၊ ဟစ်ဇ် တို့ ပါဝင်ကစားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ချဲလ်ဆီး
1X2 သရေ @ 3.25
ဂိုးပေါ် 2.75 @ 2.07
ပထမပိုင်း ဂိုးအောက် 1.00 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်တို့ ပွဲစကတည်းက ဒေါ့မန်ကို ခြေစွမ်း အသာနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၄ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ထောင့်ကန်ဘော ကတစ်ဆင့် ဂိုရက်ဇ်ကာ ခေါင်းတိုက်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဧရိယာထိပ်မှာ အသင့်စောင့်နေတဲ့ ဂနာဘရီက မြေမကျ လှလှပပ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဘေယန်တို့ပဲ ပွဲကို ဆက်လက် ထိန်းချုပ်ထားနိုင်ပြီး ကစားကွက် လိုသလို ပုံဖော်နိုင်ခဲ့ပါတယ်။ ၂၉ မိနစ်မှာ ဂနာဘရီ ဒုတိယဂိုး သွင်းနိုင်ခဲ့ပေမယ့် VAR က လူကျွံဘော အဖြစ်သာ သတ်မှတ်ပေးခဲ့လို့ ဘေယန်တို့ နစ်နာခဲ့ရပေမယ့် ၃၃ မိနစ် မှာတော့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာတော့ သောမက်စ် မူလာ ခင်းပေးလိုက်တဲ့ ဘောလုံးကို ရောဘတ်လီဝမ်ဒေါစကီးက အလိုက်သင့် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စချိန်မှာတော့ ဒေါ့မန်တို့ ချေပဂိုး ရသွားခဲ့ပြီး မာကိုရိုက်စ်ကြောင့် ရတဲ့ ပင်နယ်တီကို အမ်မရီချန်က အမှားအယွင်း မရှိ ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒေါ့မန်တို့ အခွင့်အရေး ထပ်ရခဲ့ပေမယ့် ဘေယန်မြူးနစ် နောက်တန်းရဲ့ ကျစ်လျစ်တဲ့ ကစားပုံကြောင့် ချေပဂိုး ပြန်ရဖို့‌တော့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၈၃ မိနစ် မှာတော့ ဂျမဲလ် မူဆီရာလာ က ဘေယန်မြူးနစ် အတွက် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးနိုင်ခဲ့လို့ ဒေါ့မန်တို့ မျှော်လင့်ချက်မဲ့သွားခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ နှစ်သင်းလုံး ဂိုးထပ်မရတော့တာကြောင့် ၃-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးပြီး ဘေယန်မြူးနစ်တို့ ဒေါ့မန်နဲ့ ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု ၈ ကြိမ် ဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

လက်ကျန် မိနစ်တွေမှာ နှစ်သင်းလုံး ဂိုးထပ်မရတော့တာကြောင့် ၃-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးပြီး ဘေယန်မြူးနစ်တို့ ဒေါ့မန်နဲ့ ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု ၇ ကြိမ် ဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာကနေ ရာသီသိမ်းနိုင်ဖို့ အခြေအနေ ကောင်းနေတဲ့ ဒေါ့မန်

ဘေယန်မြူးနစ်တို့ ဒဏ်ရာပြသနာ များနေတဲ့ ဒေါ့မန်ကို အတောင့်တင်းဆုံး လူစာရင်းနဲ့ အမှားအယွင်း မရှိ အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မန် ကတော့ ကွင်းလယ်နဲ့ တောင်ပံ ချိတ်ဆက်မှုတွေ အားနည်းနေခဲ့တာကြောင့် ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ခြင်း မရှိခဲ့သလို အာလင်း ဟာလန်းနဲ့ ရိုက်စ် တို့လည်း ဘေယန်မြူးနစ် နောက်တန်းကို ကျော်ဖြတ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဘေယန်မြူးနစ်တို့ ဒီနိုင်ပွဲကြောင့် ရမှတ် ၇၅ မှတ်နဲ့ ရာသီကုန်ဖို့ ၃ ပွဲ အလိုမှာတင်ပဲ ဘွန်ဒက်စ်လီဂါ ချန်ပီယံဖြစ်ခဲ့ပြီး နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း အနေနဲ့လည်း ဘေယန် နည်းပြဘဝ ဒုတိယမြောက် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ ဘွန်ဒက်စ်လီဂါ သမိုင်းတစ်လျှောက် ၃၁ ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့ပြီး နောက်ဆုံး ၁၀ နှစ်ဆက် ချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေယန်တို့ ဥရောပ ဘောလုံး သမိုင်းမှာ အမှတ်ပေးချန်ပီယံဆုကို ၁၀ နှစ်ဆက်တိုက် ရရှိခဲ့တဲ့ အသင်း အဖြစ် စံချိန်တင်နိုင်ခဲ့ပြီး ဘေယန်မြူးနစ် ပြီးရင်တော့ အီတလီ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်က ၉ နှစ်ဆက် ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။ ဒေါ့မန် ကတော့ ဘေယန်မြူးနစ်ကို ပြိုင်ပွဲစုံ နောက်ဆုံး ၇ ကြိမ်ဆက် အရှုံးပေးခဲ့ရပြီး လက်တလော ၆၃ မှတ် ရရှိထားတာကြောင့် ဘွန်ဒက်စ်လီဂါ အဆင့် ၂ နေရာ ကနေ ရာသီသိမ်းနိုင်ဖို့ သေချာသလောက် ရှိသွားခဲပါတယ်။


လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်တို့ လာမယ့် ဧပြီ ၃၀ ရက်နေ့မှာ မိန့်ဇ်နဲ့ ကစားဖို့ ရှိပြီး ဒေါ့မန် ကတော့ ၂၆ ရက်နေ့မှာ ယူကရိန်းကလပ် ဒိုင်နမိုကိယက်ဗ်နဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားဖို့ ရှိပြီး ၃၀ ရက်နေ့မှာတော့ ဘိုချမ်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃၂ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်