နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကွန်ပနီကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့တဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကတော့ သူတို့ အသင်းရဲ့ နည်းပြသစ် အဖြစ် ဗင်းန်ဆင့် ကွန်ပနီကို ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း မနေ့ညကပဲ တရားဝင် ကြေညာသွားခဲ့ပါတယ်။ ကွန်ပနီဟာ ဘေယန်မြူးနစ်ကို ၃ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး သောမက်စ် တူချယ် နေရာမှာ အစားထိုး ကိုင်တွယ်သွားတော့မှာ ဖြစ်ပါတယ်။ 

အန်ဒါလက်ချ် အသင်းနဲ့ အတူ ဘယ်လ်ဂျီယံမှာ နည်းပြ ဘဝ စတင်ခဲ့တဲ့ မန်စီးတီး အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၂၂-၂၃ ဘောလုံးရာသီမှာ ဘန်လေကို ချန်ပီယံရှစ် ချန်ပီယံ အဖြစ်နဲ့ ပရီးမီးယားလိဂ်ဆီ တန်းတင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၃-၂၄ ဘောလုံးရာသီ မှာတော့ ဘန်လေနဲ့ ကျရှုံးခဲ့ရပြီး တစ်ရာသီ အကြာမှာပဲ ချန်ပီယံရှစ်ကို ပြန်ဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ ဘန်လေဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ပွဲ ကစားရာမှာ နိုင်ပွဲ ၅ ပွဲသာ ရခဲ့ပြီး ၉ ပွဲ သရေ၊ ၂၄ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ရမှတ် ၂၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၈ နေရာ ကနေ တန်းဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ ဘန်လေဟာ ရှက်ဖီးလ်ယူနိုက်တက် ပြီးရင် ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ဒုတိယမြောက် ရှုံးပွဲ အများဆုံး အသင်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရှက်ဖီးလ်ယူနိုက်ကတ်နဲ့ လူတန်တို့ ပြီးရင် ပေးဂိုး အများဆုံး၊ ရှက်ဖီးလ်ယူနိုက်တက် ပြီးရင် သွင်းဂိုး အနည်းဆုံး အသင်း အဖြစ်လည်း ရပ်တည်ခဲ့ရပါတယ်။

ဘန်လေ အနေနဲ့ ဒီလို မှတ်တမ်းဆိုးတွေ ရရှိခဲ့ပေမယ့် နည်းပြ ဖြစ်တဲ့ ကွန်ပနီ ကတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ကြီးရဲ့ ကမ်းလှမ်းခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ကတော့ ကွန်ပနီရဲ့ နည်းစနစ်ဗျူဟာနဲ့ အရည်အသွေးတွေကို ယုံကြည်မှု ရှိခဲ့တာကြောင့် အရ ခေါ်ယူခဲ့ပေမယ့် ဘေယန်မြူးနစ် ပရိသတ်‌ တော်တော်များများ ကတော့ စိုးရိမ်နေတယ်လို့ သိရပါတယ်။ အဓိက ကတော့ တူချယ်လို နည်းပြနဲ့ လမ်းခွဲပြီး တန်းဆင်းစေခဲ့တဲ့ နည်းပြကို ခန့်အပ်ခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ အနာဂတ်က တော်တော်လေး စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။

သတင်းတွေ အရ ဆိုရင် လေဗာကူဆင်နဲ့ အတူ ရှုံးပွဲ မရှိ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဇာဘီ အလွန်ဆိုက ဘေယန်မြူးနစ်ရဲ့ နံပါတ် ၁ ပစ်မှတ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း စပိန်သားက လာမယ့်ရာသီ လေဗာကူဆင်မှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့လို့ ဘေယန်တို့ တခြား နည်းပြတွေနဲ့လည်း ချိတ်ဆက်ခဲ့ရပါသေးတယ်။ 

ဘေယန်ဟာ ဘရိုက်တန်နဲ့ လမ်းခွဲခဲ့တဲ့ ရော်ဘတ်တို ဒီဇာဘီ၊ ဘရန့်ဖို့ဒ် နည်းပြ သောမတ် ဖရန့်ခ်၊ သြစတြီးယား နည်းပြ ရက်ဖ် ရန်းညက်ခ် တို့နဲ့ ချိတ်ဆက်ခဲ့ပေမယ့် ပယ်ချခြင်း ခံခဲ့ရပြီး ပိုချက်တီနို ကိုလည်း စိတ်ဝင်စားခဲ့သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အများ မထင်ထားတဲ့ ရွေးချယ်မှုနဲ့ အတူ ကွန်ပနီကို ဘန်လေ ဆီကနေ အရခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ကွန်ပနီ ကိုယ်တိုင် ကလည်း သူ့ဆီ ရောက်လာတဲ့ အခွင့်အရေးကြီး တစ်ခုကို လက်မလွှတ်လိုတာကြောင့် ဘေယန်မြူးနစ်က ကမ်းလှမ်းချိန်မှာ ချက်ချင်းပဲ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

ဘန်လေရဲ့ ကြေညာချက် မှာတော့ “ဘေယန်မြူးနစ်လို အသင်းရဲ့ ဆွဲဆောင်မှုနဲ့ ဂုဏ်သိက္ခာ ရှိမှုကို ကျွန်တော်တို့ နားလည်ပြီး အခွင့်အလမ်းသစ်တွေ ရှာဖွေချင်တဲ့ ဗင်းန်ဆင့်ရဲ့ ရည်မှန်းချက်ကို လေးစားပါတယ်။ ကျွန်တော် တို့က ဗင်းန်ဆင့် အတွက် အကောင်းဆုံးတွေ ဖြစ်လာဖို့ ဆန္ဒရှိပြီး သူဒီအသင်းမှာ ပါဝင်ပေးဆပ်ခဲ့တဲ့ နေ့ရက်တိုင်း အတွက် ကျေးဇူးတင်ပါတယ်။ မှတ်တမ်းလည်း တင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးစားပေးက ဘန်လေရဲ့ တည်ငြိမ်မှုနဲ့ အောင်မြင်မှုပါပဲ၊ ပြီးတော့ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် လိုအပ်တဲ့ ခြေလှမ်းတွေကို ဆက်လက် လှမ်းသွားမှာပါ” လို့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်