နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းရဲ့ နည်းစနစ်ပိုင်း ပေါက်ကြားလို့ ပေါက်ကွဲနေတဲ့ ဘေယန် နည်းပြ၊ မာနေးကို မလွမ်းဘူးလို့ ပြောကြားလိုက််တဲ့ ရော်ဘတ်ဆန် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

အသင်းရဲ့ နည်းစနစ်ပိုင်း ပေါက်ကြားလို့ ပေါက်ကွဲနေတဲ့ ဘေယန် နည်းပြ၊ မာနေးကို မလွမ်းဘူးလို့ ပြောကြားလိုက််တဲ့ ရော်ဘတ်ဆန် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၀ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အသင်းရဲ့ နည်းစနစ်ပိုင်း ပေါက်ကြားလို့ ပေါက်ကွဲနေတဲ့ နေဂဲလ်စ်မန်း

ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက အသင်းရဲ့ နည်းစနစ်ပိုင်း ပေါက်ကြားမှု အပေါ် တော်တော်လေး ဒေါသ ပေါက်ကွဲနေတယ်လို့ သိရပါတယ်။

အဆိုပါ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ဟာ ၄-၂-၃-၁ ကစားကွက်ကို ကာလရှည် အသုံးပြုခဲ့တဲ့ အသင်း ဖြစ်ပြီး နေဂဲလ်စ်မန်း လက်ထက် မှာတော့ ကစားကွက်ကို သိသိသာသာ အပြောင်းအလဲ ပြုလုပ်လာခဲ့ပါတယ်။

ဒီလိုမျိုး နေဂဲလ်စ်မန်းရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာ အပြောင်းအလဲတွေ၊ ကစားသမား တစ်ယောက်ချင်းစီရဲ့ လှုပ်ရှားမှု၊ ကစားဟန် အသေးစိတ် အချက်အလက်တွေကို ဂျာမန် မီဒီယာတွေက ဖော်ပြခဲ့ပြီး နေဂဲလ်စ်မန်း ကတော့ ဒေါသ ပေါက်ကွဲနေခဲ့တာပါ။

နေဂဲလ်စ်မန်းက ဒီဖြစ်ရပ်ဟာ ကျွန်တော့်ကို တော်တော်လေး အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း၊ ဒါက ကစားသမားတွေ ကိုလည်း ထိခိုက်စေပြီး ဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်ကို မသိရကြောင်း၊ ဘယ်လို စိတ်အား ထက်သန်မှုမျိုးနဲ့ လုပ်ခဲ့တယ် ဆိုတာ ကိုလည်း နားမလည်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။


မာနေးကို မလွမ်းဘူးလို့ ပြောကြားလိုက််တဲ့ ရော်ဘတ်ဆန်

လစ်ဗာပူးလ် ဘယ်နောက်ခံလူ အန်ဒီ ရော်ဘတ်ဆန်က အသင်း ကနေ ထွက်ခွာသွားတဲ့ တိုက်စစ် ကစားသမား ဆာဒီယို မာနေးကို လွမ်းဆွတ်နေခြင်း မရှိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

မာနေးဟာ ပြီးခဲ့တဲ့နွေရာသီမှာ လစ်ဗာပူးလ်ကနေ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး ဒီရာသီ မှာလည်း လစ်ဗာပူးလ်ရဲ့ ရလဒ်တွေက ဆိုးရွားနေခဲ့ပါတယ်။ မာနေးဟာ လစ်ဗာပူးလ်မှာ ဆုဖလား အားလုံး ဆွတ်ခူးနိုင်ခဲ့တဲ့နောက် စိန်ခေါ်မှု အသစ်တွေ အတွက် ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ရော်ဘတ်ဆန် ကတော့ အရိုးသားဆုံး ပြောရရင် မာနေးကို လွမ်းဆွတ်နေခြင်း မရှိကြောင်း၊ ဒါပေမယ့် မာနေးနဲ့ ကျွန်တော့် အကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပြီး သူနဲ့ တွဲကစားရတာ ပျော်စရာ ကောင်းကြောင်း၊ ကောင်းကောင်းလည်း အချိတ်အဆက် မိပြီး မာနေးက ခံစစ်ကို ဆင်းကူကြောင်း၊ ကျွန်တော် ကိုယ်တိုင် ကလည်း မာနေးကို တိုက်စစ်မှာ အကောင်းဆုံး ကူညီနိုင်ခဲ့ပြီး မာနေးနဲ့ အသင်းဖော်တွေ အကြား ဆက်ဆံရေးကြောင့် ဒီကစားသမား ထွက်ခွာသွားချိန်မှာ ဘယ်သူမှ အပြစ်ရှိတယ်လို့ မခံစားရကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။


ဟာလန်းကို ကြောက်နေစရာ မလိုဘူးလို့ ဆိုလိုက်တဲ့ ဘေယန်မြူးနစ် ဂန္တဝင်

ဂျာမနီနဲ့ ဘေယန်မြူးနစ်ရဲ့ ဂန္တဝင် လိုသာ မားသီးယပ်စ်က အသင်း အနေနဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ကြောက်ရွံ့နေစရာ မလိုဘူးလို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

ဘေယန်မြူးနစ်နဲ့ မန်စီးတီးတို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ထိပ်တိုက်တွေ့နေပြီး ဟာလန်း ကလည်း နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘွန်ဒက်စ်လီဂါ အသင်း တစ်သင်းပဲ ဖြစ်တဲ့ လိုက်ပ်ဇစ်ကို တစ်ပွဲတည်း ငါးဂိုးသွင်းတဲ့ အထိ ခြေစွမ်းပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ ဒေါ့မန် ကနေ မန်စီးတီးကို ပြောင်းရွှေ့သွားခဲ့တဲ့ ဟာလန်းကို ဘေယန်မြူးနစ် ကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့သေးကြောင်း သတင်းတွေက အခိုင်အမာဆိုပါတယ်။

ဒါပေမယ့် မားသီးယပ်စ် ကတော့ လက်ရှိအချိန်မှာ မန်စီးတီးက အရမ်းကို ကောင်းမွန်တဲ့ ပုံစံမှာ ရှိနေကြောင်း၊ ဟာလန်း ကလည်း ဘေယန်မြူးနစ်နဲ့ မကြာခဏ ရင်ဆိုင်ခဲ့ဖူးပေမယ့် ဂိုးတော့ သိပ်မသွင်းနိုင်ခဲ့ကြောင်း၊ သူ့ကို ကြောက်ရွံ့နေဖို့ မလိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်