နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပိုက်ဆံ မရှိလို့ ကန်ဆယ်လိုကို မျက်စောင်း မထိုးရဲတော့တဲ့ ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ ပွဲမှာ ကိုယ်တိုင် ဂိုးသွင်းလိုက်ရသလိုပဲလို့ ဒီလစ်ဂျ် ဖွင့်ဟ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ပိုက်ဆံ မရှိလို့ ကန်ဆယ်လိုကို မျက်စောင်း မထိုးရဲတော့တဲ့ ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ ပွဲမှာ ကိုယ်တိုင် ဂိုးသွင်းလိုက်ရသလိုပဲလို့ ဒီလစ်ဂျ် ဖွင့်ဟ စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၇ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပိုက်ဆံ မရှိလို့ ကန်ဆယ်လိုကို မျက်စောင်း မထိုးရဲတော့တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ အစောပိုင်းက ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘေယန်မြူးနစ်က ညာနောက်ခံလူ ယာအို ကန်ဆယ်လိုကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အခုချိန် မှာတော့ လက်လျှော့လိုက်ပြီလို့ သိရပါတယ်။ 

ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီး ကနေ ဘေယန်မြူးနစ်ကို ရာသီဝက် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ရောက်ရှိနေတာ ဖြစ်ပြီး ရာသီကုန်ချိန်မှာ သူ့ရဲ့ အနာဂတ်က ဘယ်ကို ဦးတည်မယ် ဆိုတာ မသိရသေးတဲ့ ကစားသမားပါ။ 

ဘေယန်မြူးနစ် အနေနဲ့ ဒီပေါ်တူဂီသားကို အပြီးသတ် ခေါ်ယူခွင့် ရှိနေပေမယ့် ခေါ်ယူလိုတဲ့ ဆန္ဒ မရှိဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့နောက် ဘာစီလိုနာက ကန်ဆယ်လိုကို နောက်တန်း အတွက် အင်အား ဖြည့်တင်းဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ဘာစီလိုနာဟာ သူတို့ရဲ့ ဘဏ္ဍာရေး ပြဿနာတွေကြောင့် ကန်ဆယ်လိုကို ခေါ်ယူဖို့ လက်လျှော့လိုက်ကြောင်း သိရပါတယ်။ အခြားသော အကြောင်းပြချက် အနေနဲ့ ပြဿနာ ရှာတတ်တဲ့ ကစားသမား ဖြစ်တာကြောင့် ဘာစီလိုနာ တာဝန်ရှိသူတွေက မနှစ်မြို့ဘူး လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။ 


ကြီးမားတဲ့ ရှုံးပွဲကြောင့် ကပ်ဆိုက်နိုင်ကြောင်း လိုက်ပ်ဇစ် နည်းပြ ဝန်ခံ

လိုက်ပ်ဇစ် နည်းပြ မာကို ရို့စ်က မန်ချက်စတာစီးတီးကို ချန်ပီယံလိဂ်မှာ (၇) ဂိုးပြတ်နဲ့ အရေးနိမ့်ပြီး ရှုံးထွက် အဆင့်က ထွက်ရတာက အသင်း အတွက် ဆိုးရွားတဲ့ အရာတွေကို ဖြစ်စေနိုင်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ 

အဆိုပါပွဲမှာ ဟာလန်းက ဘွန်ဒက်စ်လီဂါမှာ ရှိခဲ့တုန်းက ပြိုင်ဘက်ဟောင်း လိုက်ပ်ဇစ်ကို (၅) ဂိုးအထိ သွင်းယူခဲ့ပြီး ပွဲအပြီးမှာလည်း လိုက်ပ်ဇစ်တို့ အရှက်တကွဲ အရေးနိမ့်ခဲ့တာပါ။ 

ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ နည်းပြ မာကိုရို့စ်က ကျွန်တော့် အနေနဲ့ နည်းပြ လုပ်လာတာ ကြာပြီ ဖြစ်ကြောင်း၊ ဒီရှုံးပွဲက တော်တော်လေးကို ခါးသီးကြောင်း၊ ဘယ်သူမှ ဒါမျိုး မဖြစ်ချင်ပေမယ့် ဖြစ်ပျက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဆက်လက် ပြီးတော့လည်း အခုချိန်မှာ သင့်တော်တဲ့ ပုံစံနဲ့ ပြန်လည် ချဥ်းကပ်ရမှာ ဖြစ်ကြောင်း၊ ကြီးမားတဲ့ ရှုံးပွဲက အသင်းကို ကပ်ဆိုက်သွားစေနိုင်ကြောင်း၊ သင်ခန်းစာယူပြီး အခြားသော ပြိုင်ပွဲတွေ အတွက် ရှေ့ဆက်ရမှာ ဖြစ်ကြောင်း မာကိုရို့စ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။ 


ပီအက်စ်ဂျီနဲ့ ပွဲမှာ ကိုယ်တိုင် ဂိုးသွင်းလိုက်ရသလိုပဲလို့ ဒီလစ်ဂျ် ဖွင့်ဟ

ဘေယန်မြူးနစ် နောက်ခံလူ မားသီးယပ်စ် ဒီလစ်ဂျ်က ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်း အဆင့် ဒုတိယအကျော့ ပွဲမှာ ပြိုင်ဘက်ရဲ့ ဂိုးသွင်းဖို့ ကြိုးစားမှုကို ဂိုးစည်းပေါ်ကနေ ရှင်းထုတ်လိုက်တာနဲ့ ပတ်သက်လို့ ဖွင့်ဟလာပါတယ်။ 

အဆိုပါပွဲမှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘေယန်မြူးနစ်က နှစ်ဂိုးပြတ်နဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း သုံးဂိုးပြတ် အနိုင်ရလဒ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်ခဲ့ပါတယ်။ 

ဒီလစ်ဂျ် ပါဝင်တဲ့ ဘေယန်မြူးနစ် နောက်တန်းဟာ ပီအက်စ်ဂျီနဲ့ နှစ်ကျော့လုံးမှာ ဂိုးမပေးခဲ့ရသလို ဒီလစ်ဂျ် ကလည်း အရေးပါတဲ့ ရှင်းထုတ်မှု တစ်ခုကို ပြုလုပ်နိုင်ခဲ့တာပါ။

ဒီဖြစ်ရပ် အပေါ်မှာ အဆိုပါ နယ်သာလန်သား နောက်ခံလူက ကျွန်တော့် အတွက် ဂိုးသွင်းလိုက်ရသလို ခံစားခဲ့ရကြောင်း၊ ဘယ်တော့မှ အရှုံးမပေးတာက ကျွန်တော့်ရဲ့ စိတ်ဓာတ် လှုံ့ဆော်မှုဖြစ်ကြောင်းနဲ့ နောက်ဆုံး အခိုက်အတန့် အထိ အရာအားလုံးကို အမြဲတမ်း ပေးဆပ်နေကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်