နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လေဗာကူဆင် ဘယ်တောင်ပံ ကစားသမားကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်နဲ့ ကာဆယ်၊ မာနေးရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ ကောလာဟလသာ ဖြစ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

လေဗာကူဆင် ဘယ်တောင်ပံ ကစားသမားကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်နဲ့ ကာဆယ်၊ မာနေးရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ ကောလာဟလသာ ဖြစ် စတဲ့ သတင်းတွေ အပါအဝင် မေလ ၁၃ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လေဗာကူဆင် ဘယ်တောင်ပံ ကစားသမားကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်နဲ့ ကာဆယ်

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် ဘယ်တောင်ပံ ကစားသမား အမင်းန် အက်ဒ်လီ ကိုတော့ အာဆင်နယ်နဲ့ နယူးကာဆယ် တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ သတင်းတွေအရ ဆိုရင် အသက် ၂၃ နှစ် အရွယ် ပြင်သစ် လူငယ် ကြယ်ပွင့်ကို နယူးကာဆယ် ကတောင် ခေါ်ယူဖို့ ခြေလှမ်း စနေပြီလို့ သိရပါတယ်။

ဒါ့အပြင် လေဗာကူဆင် အတွက် ၆၈ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းထားတဲ့ အက်ဒ်လီကို ပရီးမီးယားလိဂ် ကလပ်တွေ အပြင် ဘေယန်မြူးနစ်နဲ့ အေစီမီလန် တို့ကလည်း စိတ်ဝင်စားကြောင်း ပြသထားပါတယ်။ ဒီကစားသမားဟာ လေဗာကူဆင်နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို ၃၄ သန်းနဲ့ အထက် ပေးချေရမယ့် သဘော ရှိပါတယ်။ 

အက်ဒ်လီဟာ ၂၀၂၁ ခုနှစ်မှာ လီဂူးဝမ်း ကလပ် တူးလော့စ် ကနေ ယူရို ၇ သန်းထဲနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး နည်းပြ ဇာဘီ အလွန်ဆို ကတော့ ဒီကစားသမားကို လာမယ့် ရာသီ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အသုံးပြုဖွယ် ရှိနေပါတယ်။ အက်ဒ်လီ အနေနဲ့ ဒီရာသီ လေဗာကူဆင် အတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ကစားပေးထားပြီး ဂိုးပါဝင် ပတ်သတ်မှု ၁၂ ကြိမ် အထိ ရှိထားသူလည်း ဖြစ်ပါတယ်။


မာနေးရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ ကောလာဟလသာ ဖြစ်

ဖော့ခ်ရဲ့ အဆိုအရ မာနေးရဲ့ အပြောင်းအရွှေ့ အတွက် ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်နဲ့ လန်ဒန် အခြေစိုက် ကလပ်တို့ လုံးဝ ဆက်သွယ်မှု မရှိသလို ဘယ် ပရီးမီးယားလိဂ် ကလပ်နဲ့မှလည်း ချိတ်ဆက်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ချဲလ်ဆီး အပါအဝင် ဘယ်အသင်းနဲ့မှ ချိတ်ဆက်ခြင်း မရှိသေးတဲ့ မာနေး

ဘေယန်မြူးနစ် တိုက်စစ်မှူး ဆာဒီယို မာနေးကို ချဲလ်ဆီးက ခေါ်ယူဖို့ ချိတ်ဆက်လျက် ရှိတယ် ဆိုတဲ့ သတင်းတွေဟာ ကောလာဟလသာ ဖြစ်တယ်လို့ ဂျာမန် လူမျိုး အပြောင်းအရွှေ့ ကျွမ်းကျင် ခရစ္စတီယန် ဖော့ခ်က အတည်ပြုခဲ့ပါတယ်။

ဖော့ခ်ရဲ့ အဆိုအရ မာနေးရဲ့ အပြောင်းအရွှေ့ အတွက် ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်နဲ့ လန်ဒန် အခြေစိုက် ကလပ်တို့ လုံးဝ ဆက်သွယ်မှု မရှိသလို ဘယ် ပရီးမီးယားလိဂ် ကလပ်နဲ့မှလည်း ချိတ်ဆက်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ရာသီအစကမှ ဘေယန်မြူးနစ်ကို ရောက်ရှိလာခဲ့တဲ့ မာနေးဟာ ဒဏ်ရာပြသနာတွေနဲ့သာ ရုန်းကန်နေရသလို အသင်းဖော် လီရွိုင်း ဆာနေးကို ထိုးကြိတ်ခဲ့မှုကြောင့် အသင်းနဲ့ အဆင်မပြေ ဖြစ်နေသူပါ။ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာနေးဟာ ဘေယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားပေးပြီး ၁၂ ဂိုး သွင်းယူပေးပါတယ်။


မာမွတ် ဒါဟွတ်ဒ်နဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရသွားတဲ့ ဘရိုက်တန်

ဘန်ဒက် လီဂါ
ဘိုင်ယန်မြူးနစ်
‌ရှော်ကေး
1X2 သရေ (Draw) @ 8.25
ဂိုးပေါ် 4.00 @ 1.93
ဂိုးပေါင်း 2-3 @ 2.69
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် မာမွတ် ဒါဟွတ်ဒ် ကတော့ ဘရိုက်တန်ကို ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

လာမယ့် ရာသီ မှာလည်း ပုံစံကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်ဖို့ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ ဘရိုက်တန်က ဂျာအို ပက်ဒရိုကို ပေါင် သန်း ၃၀ နဲ့ ခေါ်ယူထားပြီး မီလ်နာ ကိုတော့ အလွတ်နဲ့ ခေါ်ယူထားနိုင်ပါတယ်။ ဒါ့အပြင် ဘရိုက်တန် အနေနဲ့ ဂျာမန် ကွင်းလယ် ခံစစ် ကစားသမား ကိုလည်း အလွတ်နဲ့ ခေါ်ယူနိုင်ဦးမှာ ဖြစ်ပြီး ဒီဇာဘီရဲ့ အသင်း အပြောင်းအရွှေ့ လှုပ်ရှားမှုတွေက အားရစရာ ကောင်းနေတယ်လို့ ပြောလို့ ရပါတယ်။

ဒါဟွတ်ဒ် ကိုတော့ ပရီးမီးယားလိဂ် ကလပ် တော်တော်များများက ချိတ်ဆက်နေခဲ့ပေမယ့် ဘရိုက်တန် ကသာ ခေါ်ယူဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်နေကြောင်း နာမည်ကျော် အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက အတည်ပြုထားခဲ့ပါတယ်။

ဒါဟွတ်ဒ်ဟာ ဒီရာသီ မှာတော့ ဒဏ်ရာကြောင့် အနားယူနေရတာ များပြီး ဘွန်ဒက်စ်လီဂါ မှာလည်း ၉ ပွဲသာ ကစားထားနိုင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်