နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ်သွင်းပြီး ပထမအကျော့ ရှုံးပွဲကို လက်စားပြန်ချေနိုင်ခဲ့တဲ့ ဘေယန်မြူးနစ် – ဘွန်ဒက်လီဂါ ပွဲကြိုသုံးသပ်ချက်

ဘေယန်မြူးနစ် ၄ – ၁ ဟော့ဖန်ဟိမ်း

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာတော့ ဘေယန်မြူးနစ်တို့ ဟော့ဖန်ဟိမ်းကို ၄-၁ နဲ့ ဂိုးပြတ်အနိုင်ယူပြီး ပထမအကျော့ အရှက်တကွဲ ရှုံးပွဲကို လက်စားပြန်ချေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လက်တလော ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်ခဲ့ပြီး ဒုတိယနေရာက လိုက်ပ်ဇစ် အသင်းကို ၇ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။

ဘေယန်မြူးနစ်တို့ အခုပွဲမှာ ကွင်းလယ်က ဒဏ်ရာရရှိနေတဲ့ ဂိုရက်ဇ်ကာ အစား ရိုကာ ပါဝင်လာတာက လွဲရင်  ထုံးစံအတိုင်း အဓိက လူစာရင်းအပြည့်အစုံနဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ လီဝန်ဒေါစကီး၊ ကွင်းလယ်မှာ ဂနာဘရီ၊ မူလာ၊ ကိုမန်၊ ကင်မစ်ချ်၊ နောက်တန်းမှာ ပါဗက်၊ ဘိုတန်း၊ အလာဘာ၊ အလ်ဖွန်ဆို ဒေးဗီးစ်တို့ကို ပါဝင်လာခဲ့ပါတယ်။ ဟော့ဖန်ဟိမ်း ဘက်မှာတော့ ကရာမာရစ်နဲ့ ဘီဘိုတို့ တိုက်စစ်မှာ ဦးဆောင်လာခဲ့ပြီး ရူဒီ၊ ပို့ရှ်၊ အက်ဒမ်၊ ဆမာဆီကူ တို့လို ကစားသမားကောင်းတွေ ပါဝင်လာခဲ့ပါတယ်။ ပွဲအစမှာကတည်းက ဘေယန်မြူးနစ်တို့ ဟော့ဖန်ဟိမ်းဘက်ကို တစ်ဖက်သတ် ထိုးဖောက်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာ နောက်ခံလူ ဘိုတန်းက ဦးဆောင်ဂိုး သွင်းယူပြီး ၄၃ မိနစ်မှာတော့ မူလာက ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ၄၄ မိနစ်မှာ ကရာမာရစ်က ချေပဂိုးသွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီး ၂-၁ ရလဒ်နဲ့ ဘေယန်မြူးနစ်တို့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲစချိန်မှာလည်း ဘေယန်မြူးနစ်တို့ပဲ ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပြီး ၅၇ မိနစ်မှာ ရောဘတ်လီဝန်ဒေါစကီး၊ ၆၃ မိနစ်မှာ ဂနာဘရီ တို့က ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ လက်ကျန်မိနစ်တွေတော့ နှစ်ဖက်စလုံး ဂိုးတွေ ထပ်မသွင်းနိုင်တော့တာကြောင့် ၄-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဟော့ဖန်ဟိမ်းကတော့ ဘွန်ဒက်စ်လီဂါ ၂ ပွဲဆက် နိုင်ပွဲ ရပ်တန့်ခဲ့ရပြီး ပထမအကျော့တုန်းကလို ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အိမ်ရှင်အသင်းကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ ဟော့ဖန်ဟိမ်း

ဘေယန်မြူးနစ်တို့ နောက်ပိုင်းကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဥရောပချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ အကောင်းဆုံးပုံစံကို မြင်တွေ့နေရပြီး ပြိုင်ဘက်အသင်းတိုင်းက ကြောက်ရွံ့ရတဲ့ ကစားဟန်ကို ပြန်လည်မြင်တွေ့လာရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၄ ပွဲဆက် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဒုတိယနေရာက အသင်းကို ၇ မှတ်ဖြတ် ဆက်လက်ဦးဆောင်နိုင်ခဲ့ပါပြီ။ ဟော့ဖန်ဟိမ်းကတော့ ဘွန်ဒက်စ်လီဂါ ၂ ပွဲဆက် နိုင်ပွဲ ရပ်တန့်ခဲ့ရပြီး ပထမအကျော့တုန်းကလို ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အိမ်ရှင်အသင်းကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟော့ဖန်ဟိမ်းတို့ အဆင့် ၁၂ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်တို့ လာမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ် အဖြစ် ဟာသာဘာလင် ကစားဖို့ရှိပြီး ဟော့ဖန်ဟိမ်းတို့ကတော့ ဖရန့်ဖတ်နဲ့ ကစားဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်