နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမြင့်ဆုံး စိတ်ဓာတ်နဲ့ အနိမ့်ဆုံး သရေ တစ်မှတ် ရအောင်ယူမယ့် ဘရန့်ဖို့ဒ် | (ခရစ္စတယ်ပဲလေ့စ် – ဘရန့်ဖို့ဒ်) ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ခရစ္စတယ်ပဲလေ့စ် – ဘရန့်ဖို့ဒ်

လာမယ့် ဩဂုတ်လ ၂၁ ရက်၊ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ မှာတော့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီ ပွဲစဉ် အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရန့်ဖို့ဒ်တို့ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် နှစ်သင်းလုံး အဖွင့် ပွဲစဉ်မှာ လန်ဒန် မြို့ခံ ပြိုင်ဘက်တွေနဲ့ တွေ့ဆုံထားခဲ့တာ ဖြစ်ပါတယ်။ ဗီအဲရာရဲ့ အသင်းက စတန်းဖို့ဒ် ဘရစ်ချ် မှာ ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် အဖွင့်မလှခဲ့ပေမယ့် ဘရန့်ဖို့ဒ် ကတော့ အာဆင်နယ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရထားလို့ ခြေစွမ်းပိုင်း သာမက စိတ်ဓာတ်ပိုင်း ကပါ အမြင်ဆုံး အနေအထားမှာ ရှိနေတဲ့ အသင်း ဖြစ်ပါတယ်။

အဖွင့်ပွဲမှာ ဥရောပချန်ပီယံ ချဲလ်ဆီးကို ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းမှာပါ အပြတ်အသတ် အရေးနိမ့်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ပရီးမီးယားလိဂ် ပွဲစဉ် (၂) မှာလည်း ရုန်းကန်ရဖို့ သေချာသလောက် ရှိနေပါတယ်။ တန်းတက် အသင်းပေမယ့် စိတ်ဓာတ် ပြင်းထန်တဲ့ ဘရန့်ဖို့ဒ်ဟာ ပက်ထရစ် ဗီအဲရာရဲ့ ပရီးမီးယားလိဂ် နည်းပြ ဘဝ ပထမဦးဆုံး နိုင်ပွဲ ရှာဖွေနိုင်ရေး အတွက် အတားအဆီး တစ်ခု ဖြစ်လာနိုင်သလို ၂၀၁၅ ခုနှစ် နောက်ပိုင်း ရာသီ အဖွင့် အိမ်ကွင်း ပွဲစဉ်တိုင်း နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် အတွက်လည်း အစဉ်အလာဆိုး အောက်က ရုန်းထွက်ဖို့ ခက်ခဲစေနိုင်တဲ့ ပြိုင်ဘက် ဖြစ်ပါတယ်။ ဒါကြောင့် ဗီအဲရာရဲ့ အသင်းက ပြီးခဲ့တဲ့ ပွဲစဉ်ကနဲ့ မတူတဲ့ ခြေစွမ်းမျိုး ပြသနိုင်ဖို့ အရေးကြီး ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ပြောခဲ့သလိုပဲ။ ခရစ္စတယ်ပဲလေ့စ်မှာ ဇာဟာ၊ ရှလက်ပ်၊ ရိဒ်ဝဲလ်၊ အယူး၊ မက်အာသာ၊ ကိုယာတေး၊ ဂူဟီ၊ ဘန်တီကီ၊ ယိုအာချင် အန်ဒါဆန် တို့လို ကစားသမားကောင်းတွေ ရှိနေပေမယ့် တစ်ဦးနဲ့ တစ်ဦး Chemistry မဖြစ်တဲ့ အခါမှာ ထိရောက်တဲ့ ကစားကွက် တစ်ခုကို ပုံဖော်နိုင်ခြင်း မရှိသေးတာလို့ပဲ မြင်ပါတယ်။ ဒါ့အပြင် အီဘာရီချီ အီဇီး မပါတဲ့ ကွင်းလယ်က အသက်မဲ့နေဆဲ ဖြစ်ပြီး ဝါရင့် ကွင်းလယ်လူ မီလီဗိုဂျီဗစ် ကလည်း ပုဂ္ဂိုလ်ရေး အကြောင်းပြချက်နဲ့ အခုပွဲကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖာဂူဆန်၊ အိုလစ်ဆီ တို့ ဒဏ်ရာကြောင့် အနားယူနေရဆဲ ဖြစ်လို့ အခုပွဲ မှာလည်း ဗီအဲရာရဲ့ အသင်းကို အားရစရာ ခြေစွမ်းမျိုးနဲ့ မြင်တွေ့ရဦးမယ် မထင်ပါဘူး။
 

 
ဘရန့်ဖို့ဒ်နဲ့ ပတ်သတ်ပြီး အထွေအထူးတော့ ပြောစရာ မရှိပါဘူး။ နှစ်ပေါင်း ၇၄ နှစ် အကြာမှ တန်းပြန်တက်နိုင်ခဲ့တဲ့ ဘရန့်ဖို့ဒ်တို့ ပရီးမီးယားလိဂ် ရာသီ မစခင်ထဲက စိတ်ဓာတ်ခွန်အား အပြည့် ရှိနေတယ် ဆိုတာ ဗလင်စီယာ၊ မန်ချက်စတာယူနိုက်တက် တို့နဲ့ ပွဲတွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ အဖွင့်ပွဲမှာ အာဆင်နယ်ကို ၁၂ ယောက် ကစားသမား ဖြစ်တဲ့ ပရိသတ်ရဲ့ အားနဲ့ပါ ထပ်ပြီး အလဲထိုးပြနိုင်ခဲ့တဲ့ ဘရန့်ဖို့ဒ်တို့ လက်ရှိမှာ စိတ်ဓာတ်က အမြင့်ဆုံးမှာ ရှိနေတာ သေချာပါတယ်။ နော့ဂတ်၊ အိုင်ဗန် တိုနီ တို့ကလွဲလို့ နာမည်ကြီး ကစားသမား မရှိပေမယ့် နာမည်ပြောင် ပျားများ ဆိုတဲ့ အတိုင်း အသင်းလိုက် ကစားအားကောင်းကောင်းနဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်နေတဲ့ အသင်း ဖြစ်ပါတယ်။ နည်းပြ သောမက်စ် ဖရန့်ခ် ကတော့ ၃-၅-၂ ကစားကွက်ကိုပဲ အသုံးပြုလာမယ့် သဘောရှိပြီး အာဆင်နယ်နဲ့ ပွဲက လူစာရင်း အတိုင်း ပွဲထွက်လာမယ့် သဘောမှာ ရှိပါတယ်။ ဒါပေမယ့် အဓိက နောက်ခံလူ အေယား ခြေချင်းဝတ် ဒဏ်ရာကြောင့် လဆန်းပိုင်း လောက်အထိ အနားယူရတော့မယ့် အချက်ကတော့ ဘရန့်ဖို့ဒ် အတွက်တော့ စိတ်ပျက်စရာလို့ပဲ ဆိုရပါမယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်း ကတော့ သမိုင်းတစ်လျှောက်လုံး ၂ ကြိမ်သာ ထိပ်တိုက်တွေ့ဆုံထားခဲ့ပြီး ခြေစမ်းပွဲတွေ အဖြစ်ပဲ ကစားထားခဲ့တာပါ။ ၂၀၁၀ ခုနှစ်က တွေ့ဆုံမှုမှာ တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ၂၀၁၄ ခုနှစ် မှာတော့ ဘရန့်ဖို့ဒ်က ၃-၂ နဲ့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရထားခဲ့ပါတယ်။ 
 

ခရစ္စတယ်ပဲလေ့စ် – ဘရန့်ဖို့ဒ်

??
ခရစ္စတယ်ပဲလေ့စ် – ဘရန့်ဖို့ဒ် 1X2 သရေ @ ၃.၂၀ ဆ
ဩဂုတ်လ ၂၁ ရက် , ည ၈:၃၀  နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အတွက် ၂.၆၀ ဆနဲ့ ဧည့်သည် အတွက် ၂.၈၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၂၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ခရစ္စတယ်ပဲလေ့စ်မှာ ကစားသမားကောင်းတွေ ရှိနေသလို ဘရန့်ဖို့ဒ်မှာ နိုင်ပွဲ ဆာလောင်စိတ် အပြည့်ရှိနေပါတယ်။ နှစ်သင်းလုံး ဂိုးသွင်း စွမ်းရည်ရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားလို့ အပြန်အလှန် သွင်းဂိုး တချို့ မြင်တွေ့ရဖို့ ရှိပါတယ်။ ဒါပေမယ့် အားသာချက်၊ အားနည်းချက် ကိုယ်စီနဲ့ ယှဉ်ပြိုင်ကြမယ့် ဒီပွဲ ကတော့ ပြတ်သားတဲ့ ရလဒ် ထွက်မယ် မထင်ပါဘူး။ ၁-၁ လောက်နဲ့ပဲ ပွဲပြီးသွားဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်