နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် အပါအဝင် ဆုဖလားများစွာ ရခဲ့ဖူးပေမယ့် ဘယ်လွန်ဒေါဆု နဲ့တော့ လွဲချော်ခဲ့ရတဲ့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူများ

ဘယ်လွန်ဒေါဆု ဆိုတာ ကမ္ဘာပေါ်က ဘောလုံးသမားတိုင်း အတွက် စိတ်ကူး အိမ်မက် တစ်ခု ဖြစ်သလို ကစားသမား တစ်ဦး နာမည်ကျော်ကြားလာပြီ ဆိုတာနဲ့ ဘယ်လွန်ဒေါဆု ရနိုင် မရနိုင်ကို ဘောလုံးပရိသတ်တွေက အမြဲတမ်း ကြိုတင် ခန့်မှန်းလေ့ ရှိကြပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလုံးမှာ ဘယ်လွန်ဒေါဆုကို လက်ဝါးကြီး အုပ်ထားတဲ့ ကစားသမား ၂ ဦးသာ ရှိခဲ့ပြီး သူတို့ ကတော့ အားလုံးသိကြတဲ့ အတိုင်း ချန်ပီယံလိဂ် အပါအဝင် ကစားခဲ့သမျှ ပြိုင်ပွဲစုံမှာ အောင်မြင်မှုတွေ တစ်သီတစ်တန်းကြီး ရရှိခဲ့သူတွေ ဖြစ်တဲ့ မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒို တို့ ဖြစ်ပါတယ်။

ဒါကိုမှ ရီးရဲယ်မက်ဒရစ် ကွင်းလယ်လူ လူကာမိုဒရစ် က ဆယ်စုနှစ် တစ်ခု အကြာ မက်ဆီ-ရော်နယ်ဒိုရဲ့ ဘယ်လွန်ဒေါဆု လွှမ်းမိုးမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၀၇ နောက်ပိုင်း ကာကာ ပြီးရင် ကွင်းလယ် ကစားသမား တစ်ဦးက ဘယ်လွန်ဒေါဆုကို ပထမဦးဆုံး အကြိမ် ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် နှစ်ပေါင်း များစွာ တိုင်အောင် ကမ္ဘာ့အဆင့် ခြေစွမ်းရှိတဲ့ ကွင်းလယ် ကစားသမားတွေဟာ ဘယ်လွန်ဒေါနဲ့ လွဲချော်ခဲ့ကြပြီး အဲ့ထဲကမှ အကောင်းဆုံး ၅ ဦးကို ရွေးချယ်ဖော်ပြရမယ် ဆိုရင်တော့…
 

၅ | ဒေကို

ပေါ်တိုနဲ့ ဘာစီလိုနာ အသင်းတွေရဲ့ အဓိက ကစားသမား ဖြစ်ခဲ့သူ ဒေကိုဟာ ဘောလုံးသမိုင်းထဲက အကောင်းဆုံး ကွင်းလယ်လူ တစ်ဦးလို့ ပြောလို့ရပါတယ်။ ပေါ်တူဂီသား ဒေကိုဟာ ၂၀၀၄ ခုနှစ်မှာ ပေါ်တိုနဲ့ အတူ ချန်ပီယံလိဂ် အပါအဝင် တစ်ရာသီတည်း ဖလား ၃ လုံး အောင်မြင်မှု ရရှိခဲ့ပြီးနောက် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ နည်းပြ ဖရန့်ခ် ရစ်ဂျ်ကတ် လက်အောက်မှာ ချက်ချင်း အသားကျခဲ့ပြီး ဘာစီလိုနာတို့ နှစ်နှစ်ဆက်တိုက် လာလီဂါ ဖလား ရရှိခဲ့ခြင်းနဲ့ ၂၀၀၆ ခုနှစ် ချန်ပီယံလိဂ် ဖလား ရရှိခဲ့တာတွေ အတွက် အရေးအပါဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ အဲ့နောက် အံ့အားသင့်စရာ စွမ်းဆောင်ရည်တွေနဲ့ အတူ မော်ရင်ဟိုရဲ့ အသင်းမှာ အဓိက ကွင်းလယ် ဖန်တီးရှင် တစ်ဦး ဖြစ်ခဲ့ပေမယ့် ဘယ်လွန်ဒေါဆု မရရှိခဲ့တာ ကတော့ နှာမြောစရာကောင်းတယ်လို့ပဲ ဆိုရမှာပါ။
 

၄ | ဖရန့်ခ် ရစ်ဂျ်ကတ်

အီတလီ ဘောလုံးလောကကို ပြောင်းလဲပေးခဲ့တဲ့ အေစီမီလန် အသင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့တဲ့ ဖရန့်ခ် ရစ်ဂျ်ကတ် လောက် အဲ့ဒီအချိန်တုန်းက ကွင်းလယ်မှာ သူ့လို့ ထူးထူးချွန်ချွန် ကစားနိုင်တဲ့ ကစားသမား မရှိခဲ့ပါဘူး။ နယ်သာလန်သား ရစ်ဂျ်ကတ်ဟာ အသင်းဖော် ဂူလစ်၊ ဗန်ဘက်စတန် တို့နဲ့ အတူ အတွဲအဖက် ညီခဲ့ပြီး ယူရို၊ စီးရီးအေနဲ့ ချန်ပီယံလိဂ် ဖလားတွေ ကိုင်မြှောက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ ၁၉၈၈နဲ့ ၁၉၈၉ ခုနှစ်တွေမှာ ဘယ်လွန်ဒေါဆု ပေးပွဲမှာ တတိယ နှစ်ကြိမ်ရခဲ့တာက လွဲရင် တကယ့်ဆုကြီးကို ရရှိဖို့တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
 

 

၃ | ဇာဗီ ဟာနန်ဒက်ဇ်

ဇာဗီဟာ ဘာစီလိုနာ အသင်းနဲ့ ချန်ပီယံလိဂ်၊ လာလီဂါ အပါအဝင် ပြည်တွင်းပြည်ပ ဆုဖလား အားလုံးနီးပါး ရရှိခဲ့သလို စပိန်နဲ့လည်း ကမ္ဘာ့ဖလား၊ ယူရို ဖလား တွေ ရရှိခဲ့သူဖြစ်ပါတယ်။ ပပ်ဂွာဒီယိုလာ ကိုင်တွယ်စဉ်က ဘာစီလိုနာ အတွက် သံစုံတီးဝိုင်း ခေါင်းဆောင် လို့တောင် ချီးကျူးခဲ့ကြပြီး တစ်ခေတ် တစ်ခါက အင်နီယေစတာ၊ ဆာဂျီယို ဘူးစကွက်စ် တို့ဟာ ပြိုင်ဘက်အားလုံး ကြောက်ရွံ့ရတဲ့ ကွင်းလယ် အတွဲအဖက် ဖြစ်ပေမယ့် ဘယ်လွန်ဒေါ ဆု အတွက်တော့ တတိယနေရာ မှာပဲ ရှိခဲ့ပါတယ်။
 

၂ | ဝက်စလေ ရှနိုက်ဂျ်ဒါ

ဝက်စလေ ရှနိုက်ဂျ်ဒါဟာ ၂၀၁၀ ခုနှစ်မှာ အင်တာမီလန် အတွက် ၄၅ နှစ်ကြာ ဝေးကွာခဲ့ရတဲ့ ချန်ပီယံလိဂ် ဆုဖလား ကိုင်မြှောက်နိုင်ရေး အတွက် ကူညီပေးခဲ့သူတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ဂျိုဆေး မော်ရင်ဟိုနဲ့ အတူ ချန်ပီယံလိဂ် ဖလား အပါအဝင် တစ်ရာသီတည်း ဖလား ၃ လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဆိုရင်လည်း မမှားပါဘူး။ ရှနိုက်ဂျ်ဒါဟာ နယ်သာလန် အသင်းနဲ့ အတူ ၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ စပိန်နဲ့ တွေ့ဆုံခဲ့လို့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီလို အရည်အသွေးကောင်းတွေ များစွာ ရှိခဲ့တဲ့ နယ်သာလန်သားဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်ခဲ့ပေမယ့် ဘယ်လွန်ဒေါဆု အတွက်တော့ တတိယနေရာတောင် မရခဲ့ပါဘူး။
 

၁ | အန်ဒရီ အင်နီယေစတာ

ဇာဗီလိုပဲ အင်နီယေစတာ အနေနဲ့ ဘယ်လွန်ဒေါဆု အတွက် နှစ်ကြိမ်တိုင်တိုင် ရေပန်းအစားဆုံး စာရင်းမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ရုံ သာမက ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ စပိန် အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပြီး အဲ့ဒီနှစ်မှာ ဘယ်လွန်ဒေါဆု ရရှိသင့်သူ အဖြစ် အားလုံးက ယုံကြည်ထားခဲ့ကြပါတယ်။ ဘောလုံး အပေးအယူ ညက်ညောမှု၊ ပါးနပ်မှု တွေအပြင် တိုက်စစ်ကို အကောင်းဆုံး လိုက်ပါ ကစားနိုင်ခဲ့သူ အင်နီယေစတာဟာ စပိန်ဘောလုံး လောကကို တစ်ခေတ်ဆန်းစေခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ လက်ရှိမှာ ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်နီယေစတာ အနေနဲ့ ဗစ်ဆယ်ကိုဘေး အသင်းမှာ ကစားနေဆဲ ဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ်အထိ မျက်ခင်းစိမ်းပေါ်မှာ မြင်တွေ့ရဖို့လည်း ရှိနေပါတယ်။ စာရေးသူရဲ့ သဘောအရဆိုရင် အင်နီယေစတာ အနေနဲ့ ဘယ်လွန်ဒေါဆု ကို တစ်ကြိမ်လောက်တော့ ရကို ရသင့်တဲ့ ကစားသမား ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်