နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

MSN၊ BBC – အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ၃ ယောက်တွဲ တိုက်စစ်။ MMN – ??? (ချန်ပီယံလိဂ်)

မော်ဒန် ဘောလုံး လောကမှာ မာကျော ကျစ်လျစ်တဲ့ ခံစစ် တည်ဆောက်နိုင်ရုံနဲ့ တစ်ခုတည်း နဲ့တော့ ဆုဖလား အောင်မြင်မှု မပြောနဲ့ နိုင်ပွဲ တစ်ပွဲ ရှာဖွေဖို့တောင် မလုံလောက်တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘောလုံးအသင်း အများစုဟာ ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ ဖျော်ဖြေမှု ရသ ပိုပြီး ပေးနိုင်တဲ့ တိုက်စစ် အသားပေး ကစားဟန်နဲ့ ပြောင်းလဲ ယှဉ်ပြိုင်လာကြလို့ပါပဲ။ အကောင်းဆုံး ‘Attacking Trio’ ပိုင်ဆိုင်ထားပြီ ဆိုရင်တော့ အချိန်မရွေး ပွဲရလဒ်ကို ပြောင်းလဲနိုင်စွမ်း ရှိတဲ့ အထိ သက်ရောက်မှု ရှိနေတာ တွေ့ရပါတယ်။ ‘Attacking Trio’ ၃ ယောက်တွဲ တိုက်စစ် ဆိုတာ အလွယ် ပြောရရင်တော့ ဂိုးသွင်းဖို့ အတွက် တိုက်စစ်မှူး ၃ ဦးလုံးက တာ၀န်ယူရတဲ့ ၄-၃-၃ ကစားပုံမျိုး ဖြစ်ပါတယ်။ တကယ်တော့ ၄-၃-၃ ဟာ အရင် ခေတ်ကတည်းက ပေါ်ပြူလာ ဖြစ်ခဲ့တဲ့ ကစားကွက်လို့ ပြောလို့ ရပြီး ၄-၃-၃ နဲ့ပဲ နော်တင်ဟမ် ဖောရက်စ် အသင်း ၁၉၇၉၊ ၁၉၈၀ ချန်ပီယံလိဂ်မှာ ၂ နှစ်ဆက် ဗိုလ်စွဲခဲ့ဖူးပါတယ်။ ဒီနေ့ခေတ်မှာ ဆိုရင် အနီးစပ်ဆုံး ‘BBC’၊ ‘MSN’ တိုက်စစ် ၃ ယောက်တွဲကို ပိုင်ဆိုင်ခဲ့တဲ့ ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ချန်ပီယံလိဂ် အပါအ၀င် ဆုဖလားပေါင်းများစွာ ကိုင်မြှောက်နိုင်ခဲ့တာ တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ စုနှစ်တာ ကာလကနေ လက်ရှိအထိ စာရေးသူ စိတ်ကြိုက် ၃ ယောက်တွဲ တိုက်စစ် ၃ တွဲ ဆိုရင်တော့ ကျိန်းသေပေါက် ‘MSN’၊ ‘BBC’ နဲ့ ‘MSF’ ကိုပဲ ရွေးချယ်ရပါလိမ့်မယ်။

 

MSN (ဘာစီလိုနာ)

‘MSN’ ကတော့ ဘောလုံး သမိုင်းရဲ့ အအောင်မြင်ဆုံး ၃ ယောက်တွဲ တိုက်စစ်လို့ ပြောရမှာ ဖြစ်ပါတယ်။  မက်ဆီ-ဆွာရက်ဇ်-နေမာ ၃ ယောက်တွဲ တိုက်စစ်ဟာ ၂၀၁၄ ကနေ ၂၀၁၇ ခုနှစ် အထိ ၃ ရာသီ အတွင်း ၃၆၄ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၇၁ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ အတွက် လာလီဂါ ဖလား ၂ ကြိမ်၊ စပိန်ဘုရင့်ဖလား ၂ ကြိမ်၊ စပိန်စူပါဖလား၊ ချန်ပီယံလိဂ်၊ ဥရောပ စူပါဖလားနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ နှစ်ရာသီ အတွင်း ဆုဖလား ၈ လုံး အထိ ရယူနိုင်ခဲ့တာ ကတော့ တကယ့်ကို ရှားပါးတဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။

 

BBC (ရီးရဲယ်မက်ဒရစ်)

‘MSN’ ပြီးရင် နောက်ထပ် အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ၃ ယောက်တွဲ တိုက်စစ် ကတော့ အားလုံး သိပြီးကြတဲ့ အတိုင်း ‘BBC’ ပဲ ဖြစ်ပါတယ်။ ဘေးလ်-ဘန်ဇီမာ-ခရစ္စတီယာနို ရော်နယ်ဒို တိုက်စစ် အတွဲဟာ ၃ ရာသီ အတွင်း ၂၆၈ ဂိုးသွင်းကာ ၁၀၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဆုဖလား အောင်မြင်မှု အနေနဲ့ ရီးရဲယ်မက်ဒရစ်ဟာ ‘BBC’ တိုက်စစ် အတွဲနဲ့ စပိန်စူပါဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား ၃ ကြိမ်၊ ဖီဖာကလပ် ကမ္ဘာ့ဖလား ၃ ကြိမ်၊ လာလီဂါ ဖလားနဲ့ ချန်ပီယံလိဂ် ဖလား ၄ ကြိမ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

MSF (လစ်ဗာပူးလ်)

၂၁ ရာစု ဘောလုံး ကမ္ဘာမှာ ‘MSN’နဲ့ ‘BBC’ ရဲ့ စွမ်းဆောင်ရည်ကို လိုက်မှီနိုင်တဲ့ ၃ ယောက်တွဲ တိုက်စစ် ဆိုရင်တော့ လစ်ဗာပူးလ်ရဲ့ ‘MSF’ ပဲ ရှိပါတယ်။ မိုဟာမက်ဆာလာ-ဆာဒီယိုမာနေး-ဖေမီနို ၃ယောက်တွဲ တိုက်စစ်ဟာ ကလော့ပ်ရဲ့ High Pressing ကစားဟန်နဲ့ အံအဝင်ဆုံး ကစားနိုင်ပြီး လက်ရှိ အချိန်အထိကို အရေးပါတဲ့ သွင်းဂိုးတွေ ရယူပေးနေဆဲ ဖြစ်ပါတယ်။ ‘MSF’ ဟာ လစ်ဗာပူးလ် အတွက် ၄ ရာသီ အတွင်း သွင်းဂိုး ၃၀၀ ကျော် အထိ သွင်းယူပေးထားခဲ့ပြီး ဖြစ်ပါတယ်။ လစ်ဗာပူးလ်တို့ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဥရောပ စူပါဖလားနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတို့ ပြန်လည် ကိုင်မြှောက်နိုင်ဖို့လည်း အဓိကကျခဲ့သူတွေ လို့လည်း ပြောလို့ ရပါတယ်။

လက်တလောမှာ ဆိုရင်တော့ အန်ဘာပေး-မက်ဆီ-နေမာ ‘MMN’ ဟာ ပရိသတ် စိတ်ဝင်စားမှု အများဆုံး တိုက်စစ် အတွဲအဖက်လို့ ပြောနိုင်ပေမယ့် လက်ရှိအချိန်ထိ လောက်လောက်လာလား စွမ်းဆောင်ပြထားနိုင်ခြင်း မရှိသေးတဲ့ အတွက် ဝေဖန်မှုတွေ နဲ့သာ ရင်ဆိုင်နေရပါသေးတယ်။ ပြီးခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ ပွဲမှာ မက်ဆီ ဂိုးပေါက် ပြန်တွေ့ခဲ့ပြီး အန်ဘာပေး လည်း ဂိုးဖန်တီးပေးနိုင်ခဲ့လို့ ‘MMN’ အနေနဲ့ မကြာခင်မှာ အားလုံး မျှော်လင့်နေတဲ့ အတိုင်း ‘BBC’၊ ‘MSN’ ခြေရာကို လိုက်နင်းနိုင်မလား ဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်