နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အက်သလက်တီကို မက်ဒရစ်ကို အဝေးကွင်းမှာ အနိုင်ယူဦးမယ့် ဘေယန်မြူးနစ် – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

အက်သလက်တီကို မက်ဒရစ် vs ဘေယန်မြူးနစ်

အခုတစ်ပတ်မှာ ကစားမယ့် ဥရောပ ချန်ပီယံလိဂ် ပွဲစဉ်တွေထဲက အက်သလက်တီကို မက်ဒရစ်နဲ့ ဘေယန်မြူးနစ်တို့ရဲ့ ပွဲစဉ်ကို SBOTOP ပရိသတ်တွေ အတွက် ပွဲကြို ခန့်မှန်း သုံးသပ်ပေးချင်ပါတယ်။ ဧည့်သည် ဘေယန်မြူးနစ်တို့ နောက်တစ်ဆင့် တက်ရောက်သွားပြီ ဖြစ်လို့ စိတ်အေးနေရပေမယ့် အက်သလက်တီကို မက်ဒရစ်ကတော့ ရမှတ်လိုအပ်ချက်အတွက် အားစိုက်ကစားလာမှာ ဖြစ်လို့ ကျိန်းသေပေါက် ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

အက်သလက်တီကို မက်ဒရစ်တို့ ဒီရာသီမှာ အရင်နှစ်ကထက် ပိုပြီး ခြေစွမ်းကောင်းနေပြီးတော့ လာလီဂါမှာ ရလဒ်ကောင်းနေပေမယ့် ချန်ပီယံလိဂ် မှာတော့ ရုံးကန်နေရဆဲပါ။ အက်သလက်တီကို မက်ဒရစ်တို့ လက်ရှိ လာလီဂါမှာ ရှုံးပွဲလုံးဝမရှိသေးပဲ ၉ ပွဲကစား ၇ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ချန်ပီယံလိဂ် မှာတော့ ၄ ပွဲကစား ၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးပြီး ရမှတ် ၅ မှတ်ပဲရရှိသေးလို့ တတိယနေရာက လိုကိုမိုးတစ်ဗ် မော်စကို အသင်းရဲ့ ဖိအားပေးခြင်းကိုပါ ခံနေရပါတယ်။ အက်သလက်တီကိုတို့ အုပ်စု အဖွင့် ပွဲစဉ်မှာ ဘေယန်မြူးနစ်ကို ၄ ဂိုး ပြတ်နဲ့ အရေးနိမ့်ပြီး ဒုတိယပွဲစဉ်မှာတော့ ဆဲလ်ဘာဂ်ကို အိမ်ကွင်းမှာ အသည်းအသန်ကစားပြီး ၃-၂ နဲ့ အနိုင်ရထားပါတယ်။ အဲ့နောက် လိုကိုမိုးတစ်ဗ်ကို နှစ်ကျော့စလုံး သရေကျခဲ့ပြီး ရှုံးထွက်အဆင့် တက်ရောက်နိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။ အခုလည်း အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့် ဘေယန်မြူးနစ်နဲ့ တွေ့ဆုံနေတာ ဖြစ်လို့ ကျိန်းသေပေါက် ရုန်းကန်ရဖို့ ရှိနေပါတယ်။

 
နည်းပြ ဟန်ဆီဖလစ်ခ်ရဲ့ ဘေယန်မြူးနစ်ကတော့ အက်သလက်တီကို မက်ဒရစ် နဲ့ပြောင်းပြန် ပြည်တွင်း အမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်း အနည်းငယ် ယိမ်းယိုင်နေတယ်ဆိုပေမယ့် ချန်ပီယံလိဂ် မှာတော့ ကစားထား ခဲ့တဲ့ အုပ်စုပွဲစဉ် အကုန်လုံး အနိုင်ရထားပြီး ရမှတ် ၁၂ မှတ်နဲ့ နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်တို့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်မှာ လိုကိုမိုးတစ်ဗ်မော်စကို အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ အဲ့နောက် ဆဲလ်ဘာဂ်ကို ၂-၆ နဲ့ ဂိုးပြတ်အနိုင်ရပြီး ဒုတိယ အကျော့ပွဲစဉ်မှာ ၃-၁ နဲ့ ထပ်မံ အနိုင်ရခဲ့ ပါတယ်။ ဘေယန်မြူးနစ်တို့ နောက်ဆုံး ၅ ပွဲ ကစားရာမှာ ၄ ပွဲ နိုင်ပြီး ၁ ပွဲ သရေကျထား ပါတယ်။ ဘေယန်မြူးနစ်တို့ ချန်ပီယံလိဂ်မှာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်ကတည်းက ဆက်တိုက် နိုင်ပွဲဆက်ခဲ့တာဟာ လက်ရှိ အချိန်အထိ ဖြစ်ပြီး စံချိန်သစ်တွေ လည်း တင်ထားနိုင်ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ချန်ပီယံလိဂ်မှာတော့ ကစားထား ခဲ့တဲ့ အုပ်စုပွဲစဉ် အကုန်လုံး အနိုင်ရထားပြီး ရမှတ် ၁၂ မှတ်နဲ့ နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ သေချာသွားပြီဖြစ်တဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်တို့ အက်သလက်တီကို မက်ဒရစ်နဲ့ ကစားခဲ့တဲ့ အဓိက ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲ တွေ့ဆုံမှု ၅ ကြိမ်မှာ ၃ ကြိမ် အနိုင်ရပြီး အက်သလက်တီကို မက်ဒရစ် အသင်းကတော့ ၂ ကြိမ် အနိုင်ရထားပါတယ်။ အခုနှစ် ချန်ပီယံလိဂ် ပထမအကျော့ တွေ့ဆုံမှုမှာတော့ ဘေယန်မြူးနစ်က အိမ်ကွင်း အလိုင်းရန့်ဇ် အရီးနားမှာ ကိုမန်၊ ဂိုရက်ဇ်ကာ၊ တိုလစ်ဆို တို့ရဲ့ သွင်းဂိုးတွေနဲ့ ၄ ဂိုးပြတ် အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အက်သလက်တီကိုမက်ဒရစ် vs ဘေယန်မြူးနစ် အချိန်ပြည့် 1X2 ဧည့်သည် @ 3.40
ဒီဇင်ဘာလ ၂ ရက်, မနက် ၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၉၈ဆ၊ ဧည့်သည် အသင်းအတွက် ၃.၃၅ ဆနဲ့ သရေအတွက်ကိုတော့ ၃.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ပေါက်ကြေးအရ ဆိုရင်တော့ အက်သလက်တီကို မက်ဒရစ်ဘက်မှာ ရပ်တည်သင့်တယ်လို့ ထင်ရပေမယ့် လက်ရှိခြေစွမ်းပိုင်းနဲ့ ချန်ပီယံလိဂ် နိုင်ပွဲဆက်မှုအရ ဧည့်သည် ဘေယန်မြူးနစ် ဘက်မှာပဲ ရပ်တည်ရမှာပဲ။ ဘေယန်မြူးနစ်တို့ တိုက်စစ်က လူငယ်ကစားသမားလေး ကိုမန်ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲ ရရှိသွားဦးမှာပါ။ ဘေယန်မြူးနစ်နဲ့ နှစ်သင်းပေါင်း သွင်းဂိုး အများကို သဘောကျပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်