နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သရေ တစ်မှတ် ရဖို့တောင် မနည်း ကစားနေရတဲ့ ဘာစီလိုနာ (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

ဘာစီလိုနာ ၁ – ၁ ဂရန်နာဒါ

ဘာစီလိုနာ ဟာ ဒီက‌နေ့ မနက်အ‌စောပိုင်းမှာ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဂရန်နာဒါ အသင်းနဲ့ တဖက် ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ဘာစီလိုနာ အနေနဲ့ သရေ တစ်မှတ် ရဖို့ အသည်းအသန် အားထုတ်ခဲ့ရတာ ဖြစ်ပြီး အခုလို ရလဒ်ဆိုး တွေကြောင့် ရော်နယ် ကိုးမန်းရဲ့ နည်းပြ ရာထူး ကလည်း ပိုပြီး လှုပ်ခတ်သထက် လှုပ်ခတ်လာပြီလို့ ဆိုရပါမယ်။
 

ပွဲစဉ်အကျဉ်း

ဂရန်နာဒါ ဟာလည်း ၃ ပွဲ သရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၃ မှတ်နဲ့ အဆင့် ၁၇ နေရာ အထိ ရောက်ရှိသွားခဲ့ပြီး အခုနှစ် လာလီဂါ မှာ ခက်ခက်ခဲခဲ ရုန်းကန်နေရပြီလို့ ဆိုရပါမယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ ဂရန်နာဒါ

ဒီနေ့ပွဲမှာ နည်းပြ ရော်နယ်ကိုးမန်းရဲ့ အသင်းက ၄-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဂရန်နာဒါ ကတော့ ၄-၁-၄-၁ နဲ့ ပြန်လည် ရင်ဆိုင်ခဲ့တာ တွေ့ရပါတယ်။ ဘာစီလိုနာရဲ့ ပွဲထွက် လူစာရင်းမှာတော့ တိုက်စစ်မှာ ဒီမီယာ၊ ဒီပေး၊ ကော်တင်ဟို၊ ကွင်းလယ်မှာ ဘူးစကွက်စ်၊  ရော်ဘတ်တို၊ ဒီယောင်၊ ခံစစ်မှာ ဒက်စ်၊ အာရူဟို၊ ဂါစီယာ၊ ဘလိတ်ဒ်၊ ဂိုးမှာတော့ တာစတီဂန်ပဲ ပွဲထွက်လာပါတယ်။ ဒါပေမယ့် ပွဲချိန်(၂)မိနစ်မှာ ထဲက ဂရန်နာဒါ အသင်းကို ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။ ဒီဂိုး ကိုတော့ အက်စ်ကူဒီယိုရဲ့ ပေးပို့မှု ကနေ ဒူရာတီ ကသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့‌နောက် အိမ်ရှင်တို့ ဂိုးရဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ပြီး လူစား လဲလှယ်မှု များစွာလည်း ပြုလုပ်ခဲ့‌ပါတယ်။ ပွဲချိန် ၇၅ မိနစ်မှာ တောင်ပံ တိုက်စစ် ကစားသမား ဒီမီယာရဲ့ နေရာမှာ ဂျရတ်ပီကေး ၀င်ကစားရတဲ့ အထိ ဘာစီလိုနာတို့  အခြေအနေ ဆိုးရွားခဲ့ပါတယ်။ သို့ပေမယ့်လည်း ပွဲချိန် မိနစ် ၉၀ မှာ လူစား၀င် ကစားသမား ဂါဗီယာရဲ့ ပေးပို့မှု ကနေ အာရူဟို က ချေပဂိုး သွင်းယူပေးခဲ့လို့ ဘာစီလိုနာတို့ ကံကောင်းထောက်မစွာနဲ့ သရေ ၁ မှတ် ရရှိသွားခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ဘာစီလိုနာတို့ လာလီဂါ ပွဲစဉ် ၄ ပွဲကစားအပြီး ၂ ပွဲနိုင် ၂ပွဲ သရေ ရမှတ် ၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဂရန်နာဒါ ဟာလည်း ၃ ပွဲ သရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၃ မှတ်နဲ့ အဆင့် ၁၇ နေရာ အထိ ရောက်ရှိသွားခဲ့ပြီး အခုနှစ် လာလီဂါ မှာ ခက်ခက်ခဲခဲ ရုန်းကန်နေရပြီလို့ ဆိုရပါမယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ ဘာစီလိုနာတို့ ဂိုးရဖို့ အတွက် ဧရိယာထဲကို ဖြတ်တင်ပေးပို့မှုတွေ တောက်လျှောက်ပြုလုပ်နေခဲ့ပေမယ့် ဂရန်နာဒါ အသင်း နောက်ခံလူတွေနဲ့ ဂိုးသမား ဖြစ်သူရဲ့ အတင်း ဖျက်ထုတ် ကာကွယ်မှုတွေ‌‌ ကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဓိက ပြသနာက တိုက်စစ်မှူးတွေ ဖြစ်တဲ့ အဂွဲရိုး၊ ဒမ်ဘီလီ၊ အန်ဆုဖာတီ၊ ဘရေ့သ်ဝိတ် တို့အပြင် တိုက်စစ် လမ်းကြောင်း စတင်ရာ ဖြစ်တဲ့ ဂျော်ဒီ အဲလ်ဘာ၊ ပက်ဒရီ တို့လည်း ပါ၀င်လာနိုင်ခြင်း မရှိလို့ ဘာစီလိုနာရဲ့ တိုက်စစ် ကစားပုံက တော်တော်လေး ဆိုးရွား‌နေခဲ့ရတာ ဖြစ်ပါတယ်။ ခြုံငုံ သုံးသပ်ရရင် ဘာစီလိုနာရဲ့ ကစားပုံက တစ်ပွဲထက် တစ်ပွဲ ပိုပို ဆိုးရွားလာခဲ့ပြီး ပွဲအပြီးမှာ ရော်နယ်ကိုးမန်း ကိုယ်တိုင် နည်းပြ ရာထူးနဲ့ ပတ်သတ်ပြီး မသေချာဘူးလို့ ပြောကြားခဲ့သလို ဥက္ကဌ လာပေါ်တာ ကလည်း ကိုးမန်းကို နည်းပြ အဖြစ်က ထုတ်ပယ်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘာစီလိုနာ အသင်း အနေနဲ့ အခုတစ်ပတ် လာလီဂါ ပွဲစဉ် အဖြစ် ကာဒစ်ဇ်၊ လီဗန်တေး တို့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိပြီး ဂရန်နာဒါ ကတော့ ရီးရဲယ်ဆိုစီဒက်စ်၊ ဆဲလ်တာဗီဂို တို့နဲ့ ယှဉ်ပြိုင်ကစား ရမှာဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်