နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နူးကမ့်ပ်မှာ နာပိုလီကို သရေပဲ ကစားနိုင်ခဲ့တဲ့ ဘာစီလိုနာ (ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘာစီလိုနာ ၁ – ၁ နာပိုလီ

ယူရိုပါလိဂ် Play-Off ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ် တစ်ပွဲ အဖြစ် ဘာစီလိုနာနဲ့ နာပိုလီတို့ နူးကမ့်ပ်မှာ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး တစ်ဖက် ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဘာစီလိုနာတို့ နာပိုလီကို အိမ်ကွင်းမှာ အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့် နိုင်ပွဲနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ နှစ်သင်းလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး ဘာစီလိုနာ ကတော့ ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့ပြီး နာပိုလီ ကတော့ ၄-၂-၃-၁ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ဇာဗီ အနေနဲ့ ဆောင်းရာသီ အပြောင်းအရွှေ့တုန်းက ခေါ်ယူခဲ့တဲ့ အော်ဘာမီယန်း၊ အဒမ်မာ ထရာအိုရေး၊ ဖာရန်းတောရက်စ် တို့ကို လူငယ်ကစားသမားတွေ ဖြစ်တဲ့ ပက်ဒရီ၊ ဒီဂျောင်၊ ဂွန်ဇာလက်ဇ်၊ မင်ကွဲဇာ တို့နဲ့ တွဲဖက် ပွဲထွက်စေခဲ့ပြီး စပယ်လက်တီရဲ့ အသင်း မှာတော့ အော့စီမန်၊ ဇီလင်းစကီး၊ ဖေဘီယန်၊ အင်ဆစ်ဂ်ညီ၊ ဒီလောရန်ဇို၊ ကူလီဘာလီ၊ မီရတ် တို့လို ပုံမှန် ပွဲထွက်နေကျ ကစားသမားတွေပဲ ပါဝင်လာခဲ့ပါတယ်။

လာလီဂါ
ဂရာနာဒါ
ဗီလာရီးယဲလ်
1X2 ဗီလာရီးယဲလ် @ 1.99
ဂရာနာဒါ အာရှ အကျောပေး +0.25 @ 2.28
ဂိုး‌အောက် 2.25 @ 2.13
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာတို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့တယ်လို့ ဆိုနိုင်ပေမယ့် လျော့ရဲနေတဲ့ ကစားပုံကြောင့် ဧည့်သည် နာပိုလီ အသင်းရဲ့ ပွဲအစပိုင်း ဖိအားပေးမှု ဆက်တိုက် ခံခဲ့ရပါတယ်။ အင်ဆစ်ဂ်ညီ၊ ဇီလင်းစကီး၊ အော့စီမန်တို့ရဲ့ လျင်မြန်တဲ့ တိုက်စစ် တွဲလုံးတွေကို ဘာစီလိုနာ နောက်တန်းက တော်တော်လေး ထိန်းချုပ်ရခက်နေခဲ့ပြီး ပွဲချိန် ၂၉ မိနစ်မှာ နာပိုလီရဲ့ ဦးဆောင်ဂိုး သွင်းယူခြင်း ခံခဲ့ရပါတယ်။ ပီကေး ဦးဆောင်တဲ့ ဘာစီလိုနာ ခံစစ်ရဲ့ ပေါ့တီးပေါ့ပျက် တားဆီးမှု ကနေ ဇီလင်းစကီးရဲ့ ပထမတစ်ကြိမ် ကန်ချက်ကို တာစတီဂန် ကာကွယ်နိုင်ခဲ့ပေမယ့် ဒုတိယ တစ်ကြိမ် အားပါတဲ့ ကန်ချက် ကိုတော့ ဘယ်လိုမှ မတားဆီးနိုင်တော့လို့ ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။

ပထမပိုင်း အပြီး မှာတော့ ဧည့်သည် နာပိုလီတို့ ၀-၁ ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်း ပွဲပြန်စချိန် မှာတော့ အိမ်ရှင်တို့ လိုအပ်နေတဲ့ သွင်းဂိုးတွေ ရဖို့ ပိုပြီး အားစိုက်လာခဲ့ပါတယ်။ ပွဲကစားချိန် ၅၉ မိနစ် အရောက် မှာတော့ ဘာစီလိုနာတို့ ချေပဂိုး ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ နာပိုလီ တိုက်စစ်မှူး အော့စီမန် ဂိုးဧရိယာထဲမှာ လက်ထိရာကနေ ဘာစီလိုနာတို့ ပင်နယ်တီ ပြစ်ဒဏ်ဘော ကန်သွင်းခွင့် ရခဲ့ပြီး ဖာရန်း တောရက်စ်က အမှားအယွင်း မရှိ အဆုံးသတ်ပေးခဲ့လို့ ၁-၁ ဖြစ်သွားခဲ့ပါတယ်။ အဲ့နောက် ဇာဗီ အနေနဲ့ ဂါဗီရာ၊ အူစမန်နီ ဒမ်ဘီလီ၊ ဘူးစကွက်စ်တို့ ထည့်ပြီး တိုက်စစ် ထပ်မြှင့်ခဲ့ပေမယ့် အော်ဘာမီယန်း၊ ထရာအိုရေးနဲ့ ဖာရန်းတောရက်စ်တို့ တိုက်စစ်က အခွင့်အရေးတွေကို ဒိုင်ခံ ဖြုန်းတီးပစ်ခဲ့လို့ လိုအပ်တဲ့ ဂိုးတွေနဲ့ ဝေးခဲ့ရပြီး ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အခုပွဲမှာ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒုတိယအကျော့ ပွဲစဉ်က ပိုပြီး စိတ်ဝင်စားစရာ ကောင်းသွားခဲ့သလို နာမည်ကြီး ယူရိုပါလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုရင်တော့ ဘာစီလိုနာတို့ အခုထက်ပိုပြီး ရုန်းကန် ရတော့မှာလည်း ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာတို့ ခြေစွမ်းပိုင်းအရ အသာရခဲ့တယ် ဆိုပေမယ့် အဆုံးသတ် ကောင်းမွန်မှုနဲ့ အခွင့်အရေး အသုံးချနိုင်မှု အပိုင်းတွေ မှာတော့ ဧည့်သည် နာပိုလီ ကတောင် ပိုကောင်းခဲ့တယ်လို့ ပြောလို့ရပါတယ်။ ချန်ပီယံလိဂ် ကနေ ဆင်းလာတဲ့ ဘာစီလိုနာကို ယူရိုပါလိဂ် ဟာ ထင်သလောက် မလွယ်ကူဘူး ဆိုတာ နာပိုလီတို့ သက်သေပြခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ ကစားသမားဘဝ နူးကမ့်ပ်ကွင်းမှာ ပထမဦးဆုံး သွင်းဂိုး ရရှိသွားခဲ့တဲ့ ဖာရန်းတောရက်စ် အခုထက် ပိုပြီး အခွင့်အရေး ကောင်းတွေကို အသုံးချနိုင်ခဲ့သင့်သလို အော်ဘာမီယန်း၊ ထရာအိုရေး တို့လည်း အသင်းသစ်နဲ့ အံဝင်ဖို့ လိုနေသေးတယ် ဆိုတာ မြင်သာခဲ့တဲ့ ပွဲလို့ ပြောလို့ ရပါတယ်။ ဖာရန်းတောရက်စ်ဟာ ညက ပွဲမှာ ဂိုးကန်သွင်းခွင့် ၇ ကြိမ်အထိ ရရှိခဲ့ရာမှာ ၇ ကြိမ်စလုံး လွဲချော်ခဲ့သလို ဒုတိယပိုင်း ပွဲကစားချိန်မှာ အသင်းလိုဂိုနဲ့ စပွန်ဆာ Nike လိုဂို မပါတဲ့ အင်္ကျီကို ဝတ်ဆင်ကစားမိခဲ့တဲ့ အထိ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲမှာ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒုတိယအကျော့ ပွဲစဉ်က ပိုပြီး စိတ်ဝင်စားစရာ ကောင်းသွားခဲ့သလို နာမည်ကြီး ယူရိုပါလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုရင်တော့ ဘာစီလိုနာတို့ အခုထက်ပိုပြီး ရုန်းကန် ရတော့မှာလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘာစီလိုနာတို့ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ဗလင်စီယာနဲ့ လာလီဂါ ပွဲစဉ် ၂၅ ကို ဆက်လက် ကစားရမှာ ဖြစ်ပြီး နာပိုလီ ကတော့ ကက်ဂလီယာရီနဲ့ စီးရီးအေ ပွဲစဉ် ၂၆ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်