နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီတလီမြေမှာ နာပိုလီကို ဂိုးပြတ် အနိုင်ယူပြီး နောက်တစ်ဆင့် တက်ခဲ့တဲ့ ဘာစီလိုနာ (ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်)

နာပိုလီ ၂-၄ ဘာစီလိုနာ

(နှစ်ကျော့ပေါင်း ရလဒ် ၃-၅နဲ့ ဘာစီလိုနာ နောက်တစ်ဆင့်တက်)

မနေ့ညက ယူရိုပါလိဂ် ၃၂ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ရာ မှာတော့ ဘာစီလိုနာတို့ အီတလီမြေမှာ နာပိုလီကို ၂-၄ ရလဒ်နဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၅ နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။


ပွဲစဉ် အကျဉ်း

ဒီနေ့ပွဲမှာ အိမ်ရှင် နာပိုလီတို့ ၄-၂-၃-၁ နဲ့ ပွဲထွက်လာခဲ့ပြီး ဘာစီလိုနာ ကတော့ ထုံးစံ အတိုင်း ၄-၃-၃ ကစားကွက် ကိုပဲ အသုံးပြုခဲ့ပါတယ်။ နာပိုလီ ဘက်မှာ အန်ဂစ်ဆာ၊ လိုဇာနိုတို့ ဒဏ်ရာကြောင့် ပါဝင်လာခဲ့ခြင်း မရှိပေမယ့် အင်ဆစ်ဂ်ညီ၊ အော့ဆီမန်၊ ဇီလင်းစကီး၊ ဖေဘီယန်၊ ရူအီ၊ ကူလီဘာလီ တို့လို အမာခံတွေ နဲ့ပဲ ဘာစီလိုနာကို ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ ဘက်မှာတော့ တိုက်စစ်က အော်ဘာမီယန်း၊ အဒမ်မာ ထရာအိုရေး၊ ဖာရန်း တောရက်စ်တို့ပဲ ဦးဆောင်လာခဲ့ပြီး ကွင်းလယ် မှာ ဒီယောင်၊ ဘူးစကွက်စ်၊ ပက်ဒရီ၊ ခံစစ် မှာတော့ ဒက်စ်၊ ပီကေး၊ အာရူဟို၊ အဲလ်ဘာနဲ့ တာစတီဂန်တို့ ပါဝင်ခဲ့ပါတယ်။

နာပိုလီ ကတော့ ပထမ အကျော့ ခြေစွမ်းမျိုး မရှိခဲ့သလို ကစားသမား အင်အား တောင့်တင်းမှုမှာ ဘာစီလိုနာကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ ဒီနှစ် မှာတော့ ယူရိုပါလိဂ် ၃၂ သင်း အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ပြိင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရတဲ့ နာပိုလီ

နှစ်သင်းလုံး တိုက်စစ် အသားပေး ကစားခဲ့ကြလို့ ပွဲစကတည်းက တော်တော်လေး ကြည့်ကောင်းခဲ့ပြီး ပွဲချိန် ၈ မိနစ်မှာ သွင်းဂိုးတွေ စတင်မြင်တွေ့ခဲ့ရပါတယ်။ ဦးဆောင်ဂိုး စတင် သွင်းယူခဲ့တာ ကတော့ ဧည့်သည် ဘာစီလိုနာ တို့ပဲ ဖြစ်ပြီး တန်ပြန် တိုက်စစ် ကနေ ထရာအိုရေး ခင်းပေးတဲ့ ဘောလုံးကို အသင့်ပါလာတဲ့ ဂျော်ဒီ အဲလ်ဘာက ဂိုးသမား မီရတ်ရဲ့ ဘယ်ဘက်ထောင့်ကို မြေလှိမ့်ဘောနဲ့ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ချေပဂိုး ရလိုဇောနဲ့ တိုက်စစ် အလွံအကျွံ လိုက်ပါပြီး နောက်ခံလူတွေ ပြန်မဆင်းနိုင်ခြင်းက နာပိုလီ အတွက် အားနည်းချက် ဖြစ်ခဲ့ပြီး ဒါအခြေအနေကို ဘာစီလိုနာတို့ အခွင့်အရေး ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် ၁၃ မိနစ်မှာ ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဒီဂိုး ကိုတော့ ဖရန်ကီ ဒီယောင်က ဘီးကုပ် စက်ဝိုင်းထိပ်ကနေ အဝေးကန်ချက်နဲ့ လှလှပပ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၂၃ မိနစ်မှာ အိမ်ရှင်တို့ ပင်နယ်တီ ကန်ခွင့် ရခဲ့ပြီး လောရန်ဇို အင်ဆစ်ဂ်ညီက အမှားအယွင်း ကန်သွင်းခဲ့ပေမယ့် ပွဲချိန် ၄၅ မိနစ်မှာ ပီကေးက တတိယဂိုး သွင်းယူခဲ့လို့ ဘာစီလိုနာတို့ ပထမပိုင်း အပြီးမှာတင် ၁-၃ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နာပိုလီတို့ ဒမ်မီ အစား ပိုလီတာနိုကို ထည့်ပြီး ကွင်းလယ်ချင်း ယှဉ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၅၉ မိနစ်မှာ ဘာစီလိုနာ တို့ပဲ ဂိုးထပ် ရသွားခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာတော့ ထရာအိုရေး ဧရိယာထဲ ပို့ပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး အော်ဘာမီယန်းက အားပါ ပြင်းထန်တဲ့ ကန်ချက်နဲ့ ဂိုးသမားရဲ့ ဘယ်ဘက် အပေါ်ထောင့်ထဲကို ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၈၄ မိနစ်မှာ ပိုလီတာနိုက နာပိုလီ အတွက် ချေပဂိုး တစ်ဂိုး ထပ်မံ သွင်းယူပေးခဲ့ပေမယ့် လက်ကျန် ပွဲချိန်တွေမှာ ဘာစီလိုနာက အနိုင်ဂိုးတွေကို ထိန်းသွားခဲ့လို့ ၂-၄ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

လာလီဂါ
ဆီဗီလာ FC
ရီးယဲလ် ဘက်တစ်
1X2 ဆီဗီလာ FC @ 2.21
ရီးယဲလ် ဘက်တစ်အာရှ ဟန်းဒီးကပ် +0.25 @ 2.02
ဂိုးပေါ် 2.25 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ဇာဗီ လက်ထက် ဘာစီလိုနာတို့ ကစားခဲ့သမျှ ပွဲစဉ်တွေ ထဲမှာ အပြစ် ပြောစရာ မရှိတဲ့ နောက်ထပ် အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်ပါတယ်။ အက်တလက်တီကိုနဲ့ ပွဲ၊ ဗလင်စီယာနဲ့ ပွဲတွေမှာ ပုံစံကောင်း တစ်ခုကို မြင်တွေ့ခဲ့ရပေမယ့် ဒီနေ့ပွဲ မှာတော့ ကစားသမားတွေရဲ့ နိုင်ပွဲ ဆာလောင်စိတ်ကို မြင်တွေ့ခဲ့ရပြီး ရှေ့၊ လယ်၊ နောက် နေရာစုံက ကစားသမားတွေ ဂိုးသွင်းနိုင်ခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် နည်းပြ ဇာဗီ ကတော့ ဘာစီလိုနာတို့ ပြန်လာပြီလို့ ထုတ်ပြောရတဲ့ အထိ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့ အားရ ကျေနပ်နေတာ တွေ့ရပါတယ်။ ဘာပဲပြောပြော ချန်ပီယံလိဂ် အပြီး ယူရိုပါလိဂ် ကိုပါ ထပ်မံ နှုတ်ဆက်ရနိုင်တယ် ဆိုတဲ့ ဝေဖန်သံတွေကို ဘာစီလိုနာတို့ အလုပ်နဲ့ သက်သေပြပြီး ရပ်တန့်ပစ်ခဲ့တယ်လို့ ဆိုရပါမယ်။ နာပိုလီ ကတော့ ပထမ အကျော့ ခြေစွမ်းမျိုး မရှိခဲ့သလို ကစားသမား အင်အား တောင့်တင်းမှုမှာ ဘာစီလိုနာကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ ဒီနှစ် မှာတော့ ယူရိုပါလိဂ်၃၂ သင်း အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

နာပိုလီတို့ လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ လာဇီယိုနဲ့ အရေးပါတဲ့ စီးရီးအေ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး အဲ့ဒီနေ့မှာပဲ ဘာစီလိုနာ ကလည်း ဘီလ်ဘာအိုနဲ့ လာလီဂါ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်