နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မတတ်သာတဲ့အဆုံး ဝှက်ဖဲတွေ ထုတ်သုံးပြီး ကွာတားဖိုင်နယ် တက်ခဲ့ရတဲ့ အဇူရီ – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

အီတလီ ၂ – ၁ ဩစတြီးယား

(ခီယေဇာ ၉၅’၊ ပက်ဆီနာ ၁၀၅+၁’)  ( ကာလက်ဂျ်ဇစ် ၁၁၄’)

ယူရို ၂၀၂၀ ရဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေ မနေ့ညက စတင်ယှဉ်ပြိုင်ခဲ့ကြပြီး အီတလီက ဩစတြီးယားကို နာကျင်အချိန်ပို အထိ အကြိတ်အနယ် ကစားပြီးမှ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ယူရို ၂၀၂၀ မှာ အထင်ကြီးလောက်တဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အီတလီတို့ အခုပွဲမှာတော့ တော်တော်လေး ရုန်းကန်ခဲ့ရပြီး လူစားဝင် ကစားသမား ခီယေဇာနဲ့ ပက်ဆီနာတို့ရဲ့ သွင်းဂိုးတွေကြောင့်သာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဝေးလ်စ်နဲ့ အုပ်စု နောက်ဆုံးပွဲမှာ အဓိက ကစားသမား အများစုကို အနားပေးခဲ့တဲ့ ရော်ဘတ်တို မန်ချီနီ အနေနဲ့ ဒီနေ့ပွဲမှာတော့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ထုံးစံ အတိုင်းမှာ တိုက်စစ်မှာ အင်မိုဘီလီ၊ ဘာရက်ဒီ၊ လော်ရန်ဇို အင်ဆစ်ဂ်ညီ၊ ကွင်းလယ်မှာ ဘာရယ်လာ၊ ဂျော်ဂျင်ဟို၊ ဗာရက်တီ၊ နောက်တန်းမှာ ဘိုနူချီ၊ အကာဘီ၊ စပင်နာဇိုလာ၊ ဒီလော်ရန်ဇိုနဲ့ ဂိုးမှာတော့ ဒွန်နာရမ်းမား ပွဲထွက်လာခဲ့ပါတယ်။ ဩစတြီးယား ကတော့ ယူကရိန်းကို အနိုင်ရခဲ့တဲ့ လူစာရင်း အတိုင်း အပြောင်းအလဲ လုံးဝမလုပ်ပဲ အီတလီကို ရင်ဆိုင်လာခဲ့ပါတယ်။ ၄-၃-၃ ကစားကွက် အစား ၄-၂-၃-၁ ကို အနည်းငယ် ပြောင်းလဲခဲ့ရုံက လွဲလို့ အာနူတိုဗစ်၊ ဘမ်ဂတ်နာ၊ လိုင်မာ၊ ဂရီလ်စတစ်ချ်၊ ရှလာဂါ၊ အလာဘာ၊ ဟင်တာရက်ဂါ၊ ဒရာဂိုဗစ်၊ လိန်နာ၊ ဘက်မန်းတို့နဲ့ပဲ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ အီတလီ တို့ရဲ့ ကစားပုံက တော်တော်လေး ကောင်းခဲ့ပြီး ဦးဆောင်ဂိုးတွေ ရဖို့ နီးစပ်ခဲ့ပေမယ့် ဘာရက်ဒီရဲ့ ဂိုးကို ဘက်ချ်မန်း ကာကွယ်နိုင်ခဲ့သလို အင်မိုဘီလီရဲ့ ကန်ချက်ကောင်းပေးမယ့်လည်း တိုင်ထိခဲ့တာတွေကြောင့် ဂိုးကံခေနေခဲ့ ရပါတယ်။

ဒီနေ့ပွဲမှာ ဩစတြီးယားရဲ့ ဒုတိယပိုင်း ခြေစွမ်းက တော်တော်လေး ကောင်းခဲ့ပေမယ့် ပွဲအဖြေပြောင်းလဲနိုင်တဲ့ ကစားသမား မပါခဲ့လို့ ဝေးလ်စ် ပြီးရင် ယူရို ၂၀၂၀ ရှုံးထွက်အဆင့်နဲ့ ကျေနပ်ခဲ့ရတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။
သမိုင်းတစ်လျှောက် အမြင့်ဆုံး အောင်မြင်မှု အဖြစ် ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ထိ ရောက်ရှိခဲ့တဲ့ ဩစတြီးယား

ဒုတိယပိုင်း မှာတော့ အီတလီရဲ့ ကစားအား သိသိသာသာ ကျသွားပြီး အမှားတွေ များခဲ့တာကြောင့် ဩစတြီးယားတို့ ပြန်လည် ဖိကစားလာနိုင်ပြီး ပွဲချိန် ၆၅ မိနစ်မှာ အလာဘာ ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို အာနူတိုဗစ်က ခက်ခက်ခဲခဲ ခေါင်းတိုက် သွင်းယူပေးခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး ကွင်းလယ်ဒိုင်က လူကျွံဘော အဖြစ်ပဲ သတ်မှတ်ပေးခဲ့ပါတယ်။ အသင်းရဲ့ ရုန်းကန်နေရတဲ့ ပုံစံကြောင့် မဖြစ်မနေ ပြောင်းလဲမှ ရတော့မယ်ဆိုတာ နားလည်ခဲ့တဲ့ ရော်ဘတ်တို မန်ချီနီ အနေနဲ့ ပွဲချိန် ၆၇ မိနစ် ကစပြီး လူစားလဲမှုတွေ တောက်လျောက် ပြုလုပ်ခဲ့ပါတယ်။ ဗာရက်တီ နေရာမှာ လိုကတ်တယ်လီ၊ ဘာရယ်လာ နေရာမှာ ပက်ဆီနာ၊ အင်မိုဘီလီ နေရာမှာ ဘယ်လော့တီ၊ ဘာရက်ဒီ နေရာမှာ ဖက်ဒရစ်ကို ခီယေဇာ ဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း မိနစ် ၉၀ ပြည့်ချိန် အထိ ၀-၀ ရလဒ်ပဲ ထွက်ပေါ်နေခဲ့လို့ အချိန်ပိုအထိ ဆက်ကစားခဲ့ကြပါတယ်။

အချိန်ပို ပထမပိုင်း ၅ မိနစ် မှာတော့ စပင်နာဇိုလာရဲ့ အကွက်မြင်လွန်းတဲ့ ပေးပို့မှုကနေ ခီယေဇာက ခေါင်းနဲ့တစ်ချက်၊ ညာခြေနဲ့ တစ်ချက်ထိန်းပြီး မြေမကျ အပြင်းကန်သွင်းခဲ့လို့ အီတလီတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ဦးဆောင်ဂိုး ရပြီးတဲ့နောက် အားတက်သွားတဲ့ အီတလီတို့ ပွဲချိန် ၁၀၅ မိနစ်မှာ အကာဘီရဲ့ ပေးပို့မှုကနေ ပက်ဆီနာက ဒုတိယဂိုး ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ အီတလီတို့ နောက်ဆုံး ကစားသမား လဲလှယ်မှု အဖြစ် တိုက်စစ်က ခြေမပေါ်တဲ့ အင်ဆစ်ဂ်ညီ အစား နောက်ခံလူ ခရစ္စတန်တီကို ဝင်ရောက် ကစားစေခဲ့ပြီး ဩစတြီးယား ကလည်း ကစားသမား ၄ ဦးအထိ လဲလှယ်ခဲ့ပါတယ်။ ၁၁၄ မိနစ် မှာတော့ ဆာဆာ ကလက်ဂျ်ဇစ်က ဩစတြီးယား အတွက် ချေပဂိုး သွင်းပေးခဲ့ပေမယ့် မန်ချီနီရဲ့ အသင်းက လက်ကျန်မိနစ်တွေကို အကောင်းဆုံး ထိန်းချုပ် ကစားသွားနိုင်ခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ အီတလီတို့ ကွာတားဖိုင်နယ် တက်သွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဩစတြီးယားရဲ့ ဒုတိယပိုင်း ခြေစွမ်းက တော်တော်လေး ‌ကောင်းခဲ့ပေမယ့် ပွဲအဖြေပြောင်းလဲနိုင်တဲ့ ကစားသမား မပါခဲ့လို့ ဝေးလ်စ် ပြီးရင် ယူရို ၂၀၂၀ ရှုံးထွက်အဆင့်နဲ့ ကျေနပ်ခဲ့ရတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။
 

ကြယ်ပွင့် ကစားသမား – လီယိုနာဒို စပင်နာဇိုလာ

(စာရေးသူ စိတ်ကြိုက်ကစားသမား – ဖက်ဒရစ်ကို ခီယေဇာ)

 
ဒီနေ့ပွဲမှာတော့ အီတလီရဲ့ ဘယ်နောက်ခံလူ လီယိုနာဒို စပင်နာဇိုလာဟာ ကြယ်ပွင့်ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ယူအီးအက်ဖ်အေရဲ့ နည်းစနစ်ပိုင်း လေ့လာသူ ပက်ကီဘွန်နာ ကတော့ စပင်နာဇိုလာဟာ ပထမပိုင်းမှာ တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့ပြီး သူ့ရဲ့ ဘယ်ခြမ်းကနေ ပြိုင်ဘက်အသင်းဘက်ကို ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လော်ရန်ဇို အင်ဆစ်ဂ်ညီ နဲ့လည်း အကောင်းဆုံး ချိတ်ဆက်ကစားနိုင်ခဲ့ပြီး အီတလီရဲ့ ဦးဆောင်ဂိုး ကို ဖန်တီးပေးခဲ့သူ ဖြစ်သလို ဒုတိယဂိုး အတွက်လည်း သူ့ရဲ့ ဖြတ်တင်ပေးပို့မှုဟာ အရမ်းကို အရေးပါခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။ စပင်နာဇိုလာ အနေနဲ့ ယူရို ၂၀၂၀ မှာ ဒုတိယအကြိမ်မြောက် ပွဲစဉ်ရဲ့ ကြယ်ပွင့် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပြီး အမှန်တကယ်လည်း ဒီဆုနဲ့ ထိုက်တန်ခဲ့သူ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေက စပင်နာဇိုလာကို ရွေးချယ်ခဲ့တဲ့ အတွက် စာရေးသူ အနေနဲ့ ကတော့ အီတလီရဲ့ နိုင်ပွဲ အတွက် အရေးပါတဲ့ သွင်းဂိုးရှင် လူစားဝင် ကစားသမား ခီယေဇာကို ရွေးချယ်ချင်ပါတယ်။ ခီယေဇာဟာ ပွဲထွက် ကစားခွင့်ရချိန်တိုင်းမှာ အရေးပါတဲ့ သွင်းဂိုး ဒါမှမဟုတ် ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။ မှတ်မှတ်ရရ အတ္တလန္တာနဲ့ ကစားခဲ့တဲ့ ကိုပါအီတလီယာ ဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ် အတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ခီယေဇာဟာ အမြဲတမ်း ကြိုးစားအားထုတ်မှု အပြည့်နဲ့ ကစားတတ်သူ ဖြစ်ပြီး ပင်ကိုယ်ပါရမီ ပါတာကြောင့်လည်း မကြာခင် ဥရောပ ထိပ်တန်းကလပ်တွေရဲ့ အဓိကပစ်မှတ်ထား စောင့်ကြည့်ခြင်း ခံရတဲ့ ကစားသမား ဖြစ်လာဖို့ သေချာနေခဲ့ပါပြီ။
 

ပွဲစဉ်ရဲ့ အဓိကအချက်အလက်များ

·       ခီယေဇာ အနေနဲ့ သူရဲ့ဖခင် အန်ရီကို လိုပဲ ယူရိုနောက်ဆုံး အဆင့်ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ အန်ရီကိုဟာ ယူရို ၁၉၉၆ မှာ ချက်အသင်း ဘက်ကို ဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။

·       ပက်ဆီနာဟာ အီတလီ အတွက်‌ ပွဲထွက်ကစားခွင့် ရခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

·       ပက်ဆီနာရဲ့ သွင်းဂိုးဟာ ယူရို ၂၀၂၀ ရဲ့ ရာပြည့်ဂိုး ဖြစ်ခဲ့ပါတယ်။

·       ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၁၈ ပွဲမှာ အီတလီတို့ ပထမပိုင်း ပေးဂိုး ၂ ဂိုးသာ ရှိခဲ့ပါတယ်။

·       လက်ရှိ ယူရို ၂၀၂၀ မှာ အီတလီတို့ ၄ ပွဲ ကစားပြီး ၉ ဂိုးသွင်းယူထားနိုင်ခဲ့တာကြောင့် ယူရို ၂၀၀၀ မှာ သူတို့ အသင်း အမြင့်ဆုံး တင်ထားတဲ့ ၉ ဂိုးစံချိန်နဲ့ တူညီသွားခဲ့ပါတယ်။ ပြိုင်ပွဲတစ်ခုလုံး သွင်းဂိုး အများဆုံး ရရှိခဲ့တဲ့ အသင်း ကတော့ ပြင်သစ်ဖြစ်ပြီး ယူရို ၁၉၈၄ ယူရိုမှာ သွင်းဂိုး ၁၄ ဂိုး အထိ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

·       အီတလီတို့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ရှုံးထွက်အဆင့်မှာ ၈ ကြိမ်မြောက် အချိန်ပို ကစားခဲ့ရတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒါဟာ ယူရိုပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေ အားလုံးထက် ပိုများတဲ့ စံချိန်လည်း ဖြစ်ခဲ့ပါတယ်။

·       ဩစတြီးယား အတွက်တော့ ယူရို ရှုံးထွက်အဆင့်မှာ အချိန်ပိုအထိ ပထမဦးဆုံး အကြိမ် ကစားခဲ့ရတဲ့ ပွဲလည်း ဖြစ်ပါတယ်။

·       ကာလက်ဂျ်ဇစ် ရဲ့ သွင်းဂိုးဟာ အီတလီရဲ့ ၁၁ ပွဲဆက်တိုက် ပေးဂိုးမရှိခဲ့တဲ့ စံချိန်ကို ရပ်တန့်သွားစေခဲ့ပါတယ်။
 

လာမယ့် ပွဲစဉ်များ

ဩစတြီးယားရဲ့ ယူရို ၂၀၂၀ မျှော်လင့်ချက် ကုန်ဆုံးသွားပြီ ဖြစ်ပေမယ့် အီတလီ ကတော့ လာမယ့် ဇူလိုင်လ ၂ ရက်နေ့မှာ ဘယ်ဂျီယံ ဒါမှမဟုတ် ပေါ်တူဂီနဲ့ ကွာတားဖိုင်နယ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်