နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနိုင်/အရှုံးထက် ပိုပြီး အရေးပါခဲ့တဲ့ လူသားဆန်မှု အလှတရား – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ဒိန်းမတ် ၀ – ၁ ဖင်လန်

 

(ဂျိုဝဲလ်ပိုဂျန်ပါလို ၆၀’)

မနေ့ညက ကစားခဲ့တဲ့ ဒိန်းမတ်နဲ့ ဖင်လန်တို့ရဲ့ ယူရို ၂၀၂၀ အုပ်စု(B) အဖွင့်ပွဲစဉ်ကတော့ အမှတ်တရ ဖြစ်ရပ်ပေါင်း များစွာနဲ့ ပြည့်နှက်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒိန်းမတ်ရဲ့ တိုက်စစ်ကို ဖင်လန်တို့ ပွဲချိန်ပြည့် ပိတ်ဆို့ တားဆီးခဲ့ရပေမယ့် တစ်ပွဲလုံးမှာမှ တစ်ကြိမ်သာ ရရှိတဲ့ အခွင့်အရေးကို တိုက်စစ်မှူး ပိုဂျန်ပါလိုက အကောင်းဆုံး အသုံးချသွားခဲ့လို့ ဖင်လန် အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူရို နိုင်ပွဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
 

ဒိန်းမတ် အတွက် အဓိကမောင်းနှင်အား ရပ်တန့်သွားတဲ့အခါ…

ဒိန်းမတ်နိုင်ငံ၊ ကိုပေဟေဂင်မြို့၊ တီလီယာ ပါကန် ကွင်းမှာ ကစားခဲ့တဲ့ အခုပွဲကနေ ရလဒ်ပိုင်းထက် ပိုပြီးအရေးပါတဲ့ လူသားဆန်မှု၊ လေးစားမှုတွေနဲ့ အတူ ဘောလုံးကမ္ဘာဟာ ဘယ်လောက်အထိ လှပသလဲ ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။ ကတ်စပါ ရှမိုက်ကယ်၊ ဆိုင်မွန် ကေဂျား၊ ခရစ္စတင်ဆန်၊ ဒန်နီရယ် ဝက်စ်၊ အဲရစ်ခ်ဆင်၊ ဒယ်လာနီ၊ ယူဆက်ဖ်ပိုလ်ဆင်၊ ဘရေ့ဝိတ် တို့လို နာမည်ကြီး ကစားသမား အများစုနဲ့ ပွဲထွက်လာတဲ့ ဒိန်းမတ်တို့ ပုံမှန်အတိုင်းသာ ဆိုရင် ဖင်လန်ကို အနိုင်ရဖို့ လုံးဝ မခက်ခဲပါဘူး။ ဒါပေမယ့် ပွဲချိန် ၄၂ မိနစ်မှာ မထင်မှတ်ပဲ ကြုံတွေ့လိုက်ရတဲ့ အဖြစ်အပျက် တစ်ခုကြောင့် ဒိန်းမတ် အတွက် အရာရာဟာ ပြောင်းပြန် ဖြစ်သွားခဲ့ပါတယ်။ ဒိန်းမတ် ရဲ့ အဓိက မောင်းနှင်အားလည်း ဖြစ်တဲ့ ကွင်းလယ် ဖန်တီးရှင် ခရစ္စတီယန် အဲရစ်ခ်ဆင် နှလုံးနဲ့ ဆိုင်တဲ့ ဝေဒနာကြောင့် ကစားနေရင်း အရုပ်ကျိုးပျက် လဲကျသွားခဲ့ပြီး အရေးပေါ် အသက် ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ရတဲ့ အပြင် ဆေးရုံကို ချက်ချင်း ပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင် အန်တိုနီ တေလာက ပွဲကို ချက်ချင်း ရပ်နားခဲ့ပြီး ယူအီးအက်အေ ကလည်း ပွဲရွှေ့ဆိုင်းဖို့ ချက်ချင်းပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲရစ်ခ်ဆင်ရဲ့ Video Call ကတစ်ဆင့် တောင်းဆိုမှုကြောင့် ယူအီးအက်ဖ်အေက ပွဲကို ဆက်လက် ကစားစေခဲ့ပါတယ်။ အဲရစ်ခ်ဆင် မရှိတော့တဲ့နောက် ဒိန်းမတ်ရဲ့ ကစားပုံ သိသိသာသာ ကျဆင်းသွားခဲ့ပြီး မိနစ် ၆၀ မှာ ပြိုင်ဘက် တိုက်စစ်မှူး ပိုဂျန်ပါလိုရဲ့ သွင်းဂိုးကိုလည်း ခွင့်ပြုပေးခဲ့ရပါတယ်။ အဲ့နောက် ဒိန်းမတ်တို့ ဖင်လန် ဂိုးပေါက်ကို ဖိအားပေးနိုင်ရုံ လွဲလို့ ဂိုးရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့တဲ့ အပြင် ပွဲချိန် ၇၄ မိနစ်မှာ ချေပဂိုးရဖို့ အကောင်းဆုံး အခွင့်အရေးကို ဟုဂျ်ဘတ်က ဖြုန်းတီး ပစ်ခဲ့ပါတယ်။ ယူဆက်ဖ် ပိုလ်ဆင်ကြောင့် ရတဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကို ဟုဂျ်ဘတ် ကန်သွင်းခဲ့ရာမှာ ဖင်လန် ဂိုးသမား ဟွာဒက်ကီ ကာကွယ်ခဲ့လို့ ဒိန်းမတ်တို့ ကံဆိုးတာထက် ပိုသွားခဲ့ပါတယ်။ လက်ကျန် မိနစ်တွေ မှာလည်း ဒိန်းမတ်တို့ပဲ ဖင်လန် ဘက်ကို တစ်ဖက်သတ် ဖိကစားသွားပေမယ့် ဘရေ့ဝိတ်၊ ပိုလ်ဆင်၊ ဒီလာနီ၊ ဗတ်စတာဂတ်တို့ရဲ့ ကြိုးစားမှုတွေ မအောင်မြင်ခဲ့လို့ ပွဲအပြီးမှာ ၁-၀ နဲ့ အရှုံးပေးခဲ့ရပါတယ်။

 

လူသားဆန်မှုထက် အရေးကြီးတာ ဘာမှမရှိ…

ဒီနေ့ပွဲကို မကြည့်ရင်တောင် နှစ်သင်းစလုံးရဲ့ ခြေစွမ်းကို ခန့်မှန်းကြည့်လို့ ရနိုင်ပါတယ်။ ဒိန်းမတ်ဟာ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ၂၂ ကြိမ် ပြုလုပ်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၆ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဖင်လန်ရဲ့ တစ်ပွဲလုံးမှ တစ်ကြိမ်ပဲ ထိုးဖောက်ခွင့် ရခဲ့တာကို တားဆီးနိုင်ခြင်း မရှိခဲ့တာ အပြင် ပွဲအဖြေကို ပြောင်းလဲနိုင်မယ့် ကစားသမား မရှိခဲ့တာတွေက ဟူဂျယ်မန်းရဲ့ အသင်းကို နိုင်ပွဲနဲ့ ဝေးစေခဲ့တာပါ။ အဓိက ကတော့ ဒိန်းမတ်ရဲ့ အသက်သွေးကြော အဲရစ်ခ်ဆင် မရှိတော့တဲ့ နောက်မှာ အသင်းဖော်တွေရဲ့ ယုံကြည်ချက်နဲ့ ရည်ရွယ်ချက်ပါ ပျောက်ဆုံး သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲ အတွက် အရေးပါခဲ့တာက အနိုင်/အရှုံး ရလဒ် မဟုတ်ခဲ့ပါဘူး။ လူသားဆန်မှု အလှတရားပဲ ဖြစ်ပါတယ်။

အဲရစ်ခ်ဆင် လဲကျသွားချိန်မှာ အရင်ဆုံး အပြေးအလွှားရောက်လာပြီး အရေးပေါ် ရှေးဦးသူနာပြုစုနည်းနဲ့ ကယ်တင်ခဲ့သူက အသင်းခေါင်းဆောင် ဆိုင်မွန်ကေဂျား ဖြစ်ပါတယ်။ ကေဂျား အနေနဲ့ အဲရစ်ခ်ဆင် လျှာမခေါက်ပြီး လေရှုပြွန် မပိတ်သွားစေဖို့ ကူညီပေးခဲ့ပြီး နှစ်ဖက် အသင်းသားတွေရဲ့ စိုးရိမ်စိတ် အပြည့်နဲ့ ဆေးအဖွဲ့ကို လှမ်းခေါ်ခဲ့ကြတဲ့ ပုံရိပ်တွေက ကြည့်မိသူတိုင်းကို တစ်ခုခုတော့ ခံစားသွားစေမယ် ဆိုတာ သေချာပေါက် ပြောရဲပါတယ်။ ကွင်းအတွင်း အရေးပေါ် ဆေးကုသမှု ခံယူနေချိန်နဲ့ ဆေးရုံကို ပို့ဆောင်ဖို့ ကွင်းထဲက ထွက်ခွာချိန်မှာလည်း အဲရစ်ခ်ဆင်ရဲ့ အခြေအနေကို ပရိသတ်နဲ့ ရုပ်သံ၊ မီဒီယာ တွေမှာ မမြင်ရအောင် ဒိန်းမတ် အသင်းဖော်တွေ အားလုံး ဝိုင်းပြီး ကာရံပေးခဲ့ကြ ပါတယ်။ ဒါ့အပြင် ပွဲစဉ်ကို လိုက်ပါအားပေးခဲ့တဲ့ အဲရစ်ခ်ဆင်ရဲ့ ဇနီးဖြစ်သူ ငိုကြွေးနေတာကို ကေဂျားနဲ့ ဂိုးသမား ကတ်စပါ ရှမိုက်ကယ်တို့ နှစ်သိမ့်ပေးခဲ့တဲ့ မြင်ကွင်းတွေဟာ တွစ်တာနဲ့ အခြား လူမှုကွန်ယက်‌ တော်တော်များများကို ပျံ့နှံ့သွားပြီး သူတို့နှစ်ဦးရဲ့ လူသားဆန်မှုကို အားလုံးက ဝိုင်းဝန်း ချီးကျူးခဲ့ကြပါတယ်။ ပွဲပြန်လည် စတင်ချိန်မှာ ဖင်လန် ကစားသမားတွေနဲ့ ကွင်းထဲက ပရိသတ် ၁၅၂၀၀ရဲ့ အဲရစ်ခ်ဆင် နာမည်အော်ပြီး လက်ခုပ်တီး အားပေးမှုတွေ ကလည်း အဲရစ်ခ်ဆင်နဲ့ အသင်းသား အတွက်ပါ အားတက်စရာပါ။ အခုလို လေးစားစရာ လုပ်ရပ်တွေထဲကမှ အနိုင်ဂိုး သွင်းပေးခဲ့တဲ့ ဖင်လန် တိုက်စစ်မှူးရဲ့ လုပ်ရပ်က စာရေးသူ အတွက် ပိုပြီး ပီတိ ဖြစ်စေခဲ့ပါတယ်။ ပိုဂျန်ပါလို အနေနဲ့ ဖင်လန် အသင်းရဲ့ ပထမဦးဆုံးအကြိမ် ကစားခွင့်ရတဲ့ ယူရို ၂၀၂၀ အဖွင့်ပွဲမှာ အရေးပါတဲ့ဂိုး သွင်းပေးခဲ့ပေမယ့် အောင်ပွဲမခံတဲ့ အပြင် အသင်းဖော်တွေ ကိုလည်း ထိန်းထိန်းသိမ်းသိမ်း ပျော်ရွှင်ဖို့ တိုက်တွန်းခဲ့တာဟာ မပြောပဲ သိခဲ့ရတဲ့ လူသားဆန်မှု တစ်ခုပဲ ဖြစ်ပါတယ်။
 

အဲရစ်ခ်ဆင် အတွက် ဆုတောင်းပေးခဲ့ကြသူများ

ပိုဂျန်ပါလို အနေနဲ့ ဖင်လန် အသင်းရဲ့ ပထမဦးဆုံးအကြိမ် ကစားခွင့်ရတဲ့ ယူရို ၂၀၂၀ အဖွင့်ပွဲမှာ အရေးပါတဲ့ဂိုး သွင်းပေးခဲ့ပေမယ့် အောင်ပွဲမခံတဲ့ အပြင် အသင်းဖော်တွေ ကိုလည်း ထိန်းထိန်းသိမ်းသိမ်း ပျော်ရွှင်ဖို့ တိုက်တွန်းခဲ့တာဟာ မပြောပဲ သိခဲ့ရတဲ့ လူသားဆန်မှု တစ်ခုပဲ ဖြစ်ပါတယ်။
ယူရို ၂၀၂၀ ရဲ့ အားအနည်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ ဖင်လန်

နည်းပြ ကတ်စပါ ဟူဂျယ်မန်းနဲ့ အသင်းဖော်တချို့ မျက်ရည်ကျခဲ့သလို ဖင်လန်ပြ ယူအီးအက်ဖ်အေ ဥက္ကဌ အလက်ခ်ဆန်းဒါး ကာဖာရင်ကလည်း “ဘောလုံးဟာ လှပတဲ့ ပြိုင်ပွဲ ဖြစ်သလို ခရစ္စတီယန် ကလည်း လှပစွာ ကစားနိုင်ခဲ့ပါတယ်။ ဒီညအတွက် ပြိုင်ပွဲရဲ့ ကြယ်ပွင့်ကစားသမားဟာ အဲရစ်ဆင်ပဲ ဖြစ်ပါတယ်။ အမြန်ဆုံး ပြန်လည် သက်သာလာဖို့ ဆုတောင်း ပေးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲရစ်ခ်ဆင် အတွက် ခရစ္စတီယာနို ရော်နယ်ဒိုက ချက်ချင်းပဲ အားပေးစကားဆိုခဲ့ပြီး လူကာကူ ကလည်း ဘယ်ဂျီယံ အတွက် ဂိုးသွင်း အပြီး အဲရစ်ခ်ဆင် အတွက် ရည်ရွယ် အောင်ပွဲခံခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့နေရာ အနှံ့အပြားမှာ ရှိတဲ့ ဘောလုံးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်း တွေကလည်း အဲရစ်ခ်ဆင် အမြန်ပြန်ပြီး သက်သာစေဖို့ မတူညီတဲ့ ပုံစံမျိုးစုံနဲ့ ဆုတောင်းပေးခဲ့ကြပါတယ်။
 

လာမယ့်ပွဲစဉ်များ

ယူရို ၂၀၂၀ အုပ်စု(B) ရဲ့ ဒုတိယပွဲစဉ်တွေ ကိုတော့ လာမယ့် ဇွန်လ ၁၆နဲ့ ၁၇ ရက်နေ့တွေမှာ ဆက်လက် ကစားကြမှာ ဖြစ်ပြီး ဒိန်းမတ်က ဘယ်ဂျီယံနဲ့ တွေ့ဆုံနေပြီး ဖင်လန်က ရုရှားနဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်