နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီတစ်ကြိမ် စိန့်ဂျိမ်းစ်ပါ့ခ်မှာ အာဆင်နယ်တို့ ရလဒ်မကောင်းနိုင်ဘူး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ် – အာဆင်နယ်

အခုတစ်ပတ် တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၄) အဖြစ် နယူးကာဆယ်နဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ် ရှိနေပါတယ်။ အာဆင်နယ်တို့ နယူးကာဆယ်နဲ့ အိမ်ကွင်း/အဝေးကွင်း နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု တော်တော်များများမှာ အနိုင်ရထားပေမယ့် လက်ရှိ အခြေအနေအရတော့ အာဆင်နယ်တို့ ကျိန်းသေပေါက် ရုန်းကန်ရမယ့် သဘောရှိနေပါတယ်။

နယူးကာဆယ်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက် ရလဒ်တွေ ကောင်းခဲ့တာကြောင့် တန်းဆင်းဇုန် ဖိအားအောက်ကနေ အတန်သင့် ရုန်းထွက်ထားနိုင်တာ တွေ့ရပါတယ်။ စပါးနဲ့ လစ်ဗာပူးလ်ကို သရေကစားပြီး ဘန်လေနဲ့ ဝက်စ်ဟမ်းကို အနိုင်ယူထားတဲ့ ငှက်ကြားတွေရဲ့ ရုန်းအားကို လျော့တွက်လို့မရပါဘူး။ အဲ့ဒီ ၄ ပွဲမှာ ထူးခြားချက်က နယူးကာဆယ်တို့ ဦးဆောင်ဂိုးတွေ ပေးခဲ့ရပြီးမှ နောက်ကလိုက်ကစားပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် နယူးကာဆယ်တို့ မာကျောတဲ့ ကစားပုံအပြင်၊ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကလည်း  ဘယ်လောက်အထိ မြင့်မားနေသလဲ ဆိုတာ သိသာပါတယ်။ ကာဆယ်တို့ အခုပွဲ အပါအဝင် လက်ကျန် ၅ ပွဲမှာ အာဆင်နယ်၊ လက်စတာစီးတီး၊ မန်ချက်စတာစီးတီး၊ ရှက်ဖီးလ်ယူနိုက်တက်၊ ဖူလ်ဟမ် တို့နဲ့ ကစားရဦးမှာ ဖြစ်လို့ ပွဲအများစု ကြပ်နေတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် နည်းပြ စတိဗ်ဘရုစ် အနေနဲ့ အသင်းရဲ့ လက်ရှိ ခြေစွမ်းပိုင်းနဲ့ စိတ်ဓာတ်ကို ထိန်းသိမ်းထားနိုင်မယ် ဆိုရင်တော့ အခုပွဲမှာ အာဆင်နယ်ကို အနိမ့်ဆုံး သရေကစားနိုင်စွမ်း ရှိနေပါတယ်။ ဒါပေမယ့် ဒဏ်ရာရ ကစားသမားတွေ များနေတာက ကာဆယ်တို့အတွက် အခက်အခဲ ရှိလာနိုင်ပြီး ကစားသမား အင်အားချင်း ယှဉ်ရင် အနည်းငယ် အားနည်းနေမှာ သေချာပါတယ်။ နောက်ဆုံး ၄ ပွဲမှာ ၃ ဂိုးသွင်းထားတဲ့ အာဆင်နယ် ကနေ အငှားလာကစားနေသူ ဂျိုးဝေးလ်လော့ခ် အပါအဝင်၊ ရှား၊ ဟေဒင်၊ ဒါလိုး၊ လက်ဆဲလက်စ်တို့ ပါဝင်လာနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အာဆင်နယ်ရဲ့ လက်ရှိ ပရီးမီးယားလိဂ် ရပ်တည်မှုကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တာကြောင့် အဆင့် ၁၀ နေရာမှာပဲ ရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်

အာဆင်နယ် တိုက်စစ်က အော်ဘာမီယန်းနဲ့ ခံစစ်က ဒါးဗစ်လုဇ်တို့ ဒဏ်ရာက ပြန်ပြီး သက်သာလာလို့ နည်းပြ အာတေးတား အနေနဲ့ အနည်းငယ် စိတ်သက်သာရာ ရနေပါလိမ့်မယ်။ ဒါပေမယ့် ကြားရက်မှာ ဗီလာရီးရဲယ်နဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ နွှဲရဦးမှာ ဖြစ်လို့ အဓိကကစားသမား တော်တော်များများကို အနားပေးထားပါလိမ့်မယ်။ တိုက်စစ်မှာ အန်ကတ်တီးယားကို အသုံးပြုပြီး ဂါဘရီရယ် မာတင်နယ်လီ၊ ဝီလျံ၊ အဲလ်နီနီ၊ ဒါးဗစ်လုဇ်၊ ဂါဘရီရယ် တို့ကို ပွဲထွက်ကစားခိုင်းဖို့ များပါတယ်။ အာဆင်နယ်ရဲ့ လက်ရှိ ပရီးမီးယားလိဂ် ရပ်တည်မှုကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တာကြောင့် အဆင့် ၁၀ နေရာမှာပဲ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ထက် ယူရိုပါလိဂ် ကိုပဲ အာရုံစိုက်ရမယ့် အာတေးတား ရဲ့အသင်းက အခုပွဲကိုတော့ မရှုံးဖို့လောက်ပဲ ထိန်းကစားသွားမယ် သဘောရှိပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အာဆင်နယ်တို့ ပြီးခဲ့တဲ့ ၁၀ စုနှစ် တစ်ခုအတွင်း နယူးကာဆယ်နဲ့ ၂၁ ကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားခဲ့ရာမှာ ၁၇ ကြိမ် အထိ အနိုင်ရပြီး ၂ ကြိမ်ပဲ ရှုံးနိမ့်ထားခဲ့ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် အနိုင်ရထားပြီး တစ်ပွဲ ပျမ်းမျှ ၂ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီ အက်ဖ်အေဖလားမှာ အာဆင်နယ်တို့ အချိန်ပို သွင်းဂိုးတွေနဲ့ အနိုင်ရထားသလို ပရီးမီးယားလိဂ် မှာလည်း အော်ဘာမီယန်း၊ ဆာကာတို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ ဂိုးပြတ် အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ခရစ္စတယ်ပဲလေ့စ် vs အာဆင်နယ် 1X2 ခရစ္စတယ်ပဲလေ့စ် @ 3.35
မေလ ၂ ရက်, ည ၇:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၆၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၆၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းအရ အာဆင်နယ်တို့ နယူးကာဆယ်ကို အနိုင်ရဖို့ ခက်နေပါလိမ့်မယ်။ တန်းဆင်းဇုန် ရုန်းအားနဲ့အတူ အတက်ဘက် ပြန်ရောက်နေတဲ့ နယူးကာဆယ်တို့ ကပ်နိုင်သွားဖို့ များပါတယ်။ ခန့်မှန်းရလဒ် ၂-၁ ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်