နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှုံးနိမ့်ခဲ့ပေမယ့် စပိန်မြေကနေ အဖိုးတန် သွင်းဂိုးရလာခဲ့တဲ့ အာဆင်နယ် – ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်

ဗီလာရီးရဲယ် ၂ – ၁ အာဆင်နယ်

မနေ့ညက ကစားခဲ့တဲ့ ဗီလာရီးရဲယ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ဟာလည်း အကြိတ်အနယ် ရှိခဲ့ပြီး ၂-၁ ရလဒ်နဲ့ အိမ်ရှင်တို့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဗီလာရီးရဲယ်က ပိုပြီး ထိရောက်တဲ့ ထိုးဖောက်မှုတွေ လုပ်နိုင်ခဲ့ပြီး အနိုင်လည်း ရခဲ့ပေမယ့် အာဆင်နယ် ကတော့ အဖိုးတန် အဝေးဂိုး ၁ ဂိုး ပြန်ရခဲ့လို့ ဗိုလ်လုပွဲ မျှော်လင့်ချက် ဆက်လက်ရှင်သန်ခဲ့ရပါတယ်။
 

 
ဒီနေ့ပွဲမှာ နည်းပြ အူနိုင်းအန်မေရီရဲ့ အသင်းက ၄-၄-၂ ကစားကွက်နဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ ဂျရတ်မိုရီနိုနဲ့ အဲလ်ကာဆာ၊ ကွင်းလယ်မှာ ကာပူး၊ ပယ်ရီဂျို၊ ထရစ်ဂေးရော့စ်၊ ချူကွီဇီ၊ နောက်တန်းမှာတော့ ပေါင်တောရက်စ်၊ အဲလ်ဘီယို၊ ပက်ဒရာဇာ၊ ဂျူအန်ဖွိုက်၊ ဂိုးမှာတော့ ရူလီတို့ ပါဝင်လာခဲ့ပါတယ်။ အာဆင်နယ် ကတော့ ဒဏ်ရာရ ကစားသမားတွေ များနေလို့ လူငယ်ကစားသမားတွေကိုပဲ အဓိကထား အသုံးပြုခဲ့ရပြီး အထောင်တိုက်စစ်မှူးနေရာမှာ စမစ်ရိုးဝ်ကို ကစားစေပြီး တောင်ပံနှစ်ဖက်မှာ ဘာကာယိုဆာကာ၊ နီကိုလက်စ်ပေပေ၊ အိုဒီဂတ်၊ ကွင်းလယ် အထိုင်တွေ အဖြစ် သောမက်စ်ပါတေးနဲ့ ဒန်နီဆယ်ဘာယော့စ်၊ နောက်တန်းမှာတော့ ဂရန်းနစ်ရှာကာ၊ ပါဘလိုမာရီ၊ ရော့ဘ်ဟိုးလ်ဒင်း၊ ချိမ်ဘာ့စ်၊ ဂိုးမှာတော့ ဘန်လန်နိုတို့ကို ပွဲထွက်ကစားခိုင်းခဲ့ပါတယ်။ ပွဲစကတည်းက ဗီလာရီးရဲယ်တို့ တောင်ပံနှစ်ဖက် ကနေ အာဆင်နယ် နောက်တန်းကို ထိုးဖောက်လာခဲ့ပြီး ပွဲချိန် ၅ မိနစ်မှာတင် အိမ်ရှင်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ နောက်ခံလူတွေကြားကနေ လိမ်ခေါက်ထွက်လာတဲ့ ချူကွီဇီ ဆီက ဘောလုံးကို အသင့်ပါလာတဲ့ ထရစ်ဂေးရော့စ်က မထင်မှတ်ပဲ ကန်သွင်းသွားခဲ့လို့ ဂိုးသမား ဘန်လန်နို အနေနဲ့ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ အဲ့နောက်မှာလည်း ကစားကွက်တည်ဖို့ ခက်ခဲနေတဲ့ အာဆင်နယ်ကို ဗီလာရီးရဲယ်တို့ပဲ ဆက်လက် ဖိအားပေး ကစားနေခဲ့ပြီး ပွဲချိန် ၂၉ မိနစ်မှာတော့ ဒုတိယ ဦးဆောင်ဂိုး ရသွားခဲ့ပြန်ပါတယ်။ ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ တစ်ဆင့် ဂျရတ်မိုရီနို ခေါင်းတိုက်ချပေးတာကို အသင်းခေါင်းဆောင် ရာအူးလ် အဲလ်ဘီယိုက ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မှာတော့ ဗီလာရီးရဲယ်က အနိုင်ရလဒ်ကို ထိန်းဖို့အတွက် တိုက်စစ်က အဲလ်ကာဆာနဲ့ ကိုကွီလင်ကို လူစားလဲခဲ့လို့ အာဆင်နယ်တို့ ပြန်ပြီး အသာရလာခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးတာက ပထမပိုင်းမှာ တစ်ဝါထိထားပြီးသား ဖြစ်တဲ့ ဒန်နီဆယ်ဘာယော့စ် နောက်ထပ် တစ်ဝါနဲ့အတူ အထုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါကလည်း ဂန်းနားတို့ အတွက် အားတစ်ရပ် ဖြစ်သွားစေခဲ့တာလည်း ဖြစ်ပြီး ၁၀ ယောက်တည်းနဲ့ ကစားရတဲ့ အချိန်၊ မာတင်နယ်လီလည်း ဝင်လာခဲ့တာကြောင့် အာဆင်နယ်တို့ ကစားပုံကောင်းလာခဲ့ပါတယ်။ ပွဲချိန် ၇၃ မိနစ်မှာတော့ ဆာကာကြောင့် ရတဲ့ ပင်နယ်တီကို နီကိုလက်စ်ပေပေ က အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့လို့ အာဆင်နယ်တို့ အဖိုးတန်ချေပဂိုး ရရှိခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ ဗီလာရီးရဲယ်တို့ ကာပူး ထုတ်ခံရပြီး ခြေစွမ်းပြန်ကောင်းခဲ့သလို အာဆင်နယ် ဘက်ကလည်း တိုက်စစ်က အော်ဘာမီယန်း ပွဲပြီးခါနီး အပိုင်အခွင့်အရေးရတာကို ဖြုန်းတီးပစ်ခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

နောက်ပြီး နှစ်သင်းစလုံး လာမယ့် ရာသီ ဥရောပဝင်ခွင့်ရဖို့အတွက် ဆိုရင် ယူရိုပါလိဂ် ဖလား ကိုင်မြှောက်နိုင်ဖို့ လိုအပ်နေပြီး မျှော်လင့်ချက် ကိုယ်စီနဲ့ အစွမ်းကုန် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။
နှစ်သင်းစလုံး တစ်ယောက်စီ အထုတ်ခံခဲ့ရတဲ့ ဗီလာရီးရဲယ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်

 

ပွဲပြီးသုံးသပ်ချက်

အာဆင်နယ်တို့ ပထမပိုင်း တစ်ပိုင်းလုံး ဗီလာရီးရဲယ်တို့ ဖိကစားတာ ခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ မာတင်နယ်လီ ဝင်လာပြီး ‌နောက်ပိုင်း ကစားပုံ ပြန်ကောင်းခဲ့သလို သွင်းဂိုး ၁ ဂိုးလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်တို့ အနေနဲ့ ဒုတိယအကျော့ အန်းမရိတ်စ်မှာ အနည်းဆုံး ၁-၀ နဲ့ အနိုင်ရရင်တောင် ဗိုလ်လုပွဲ တက်မှာ ဖြစ်ပေမယ့် မေးခွန်းထုတ်စရာ ရှိလာတာက ဒီရာသီ အိမ်ကွင်းရလဒ်ဆိုးနေတဲ့ အာဆင်နယ်တို့ ဗီလာရီးရဲယ်ကို အနိုင်ရပါ့မလား ဆိုတာပါပဲ။ နောက်တစ်ချက်က တောင်ပံကနေ အင်နဲ့အားနဲ့ ထိုးဖောက်ကစားတတ်တဲ့ ဗီလာရီးရဲယ်လို အသင်းမျိုးကိုမှ ကွင်းလယ်ကစားသမား ရှာကာနဲ့ထိန်းခိုင်းတာဟာ မီခယ်အာတေးတား အနေနဲ့ ကိုယ့်ဒုက္ခကိုယ်ရှာပြီး အရှုံးကို ဖန်တီးယူသလိုပဲ ဖြစ်နေဦးမှာပါ။ ဗီလာရီးရဲယ် ကတော့ အနိုင်ရထားလို့ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ဖို့ အခွင့်အရေး ပိုများနေတာ မှန်ပေမယ့် အာဆင်နယ် ကလည်း မျှော်လင့်ချက် အပြည့်ရှိနေဆဲပါပဲ။ နောက်ပြီး နှစ်သင်းစလုံး လာမယ့် ရာသီ ဥရောပဝင်ခွင့်ရဖို့အတွက် ဆိုရင် ယူရိုပါလိဂ် ဖလား ကိုင်မြှောက်နိုင်ဖို့ လိုအပ်နေပြီး မျှော်လင့်ချက် ကိုယ်စီနဲ့ အစွမ်းကုန် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့် ဒုတိယအကျော့ ပွဲစဉ်ကိုလည်း ပရိသတ်တွေ အနေနဲ့ စိတ်ဝင်တစား စောင့်ကြည့်သင့်တယ်လို့ ပြောချင်ပါတယ်။ 
 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် တနင်္ဂနွေနေ့မှာတော့ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ဗီလာရီးရဲယ် ကတော့ ဂီတာဖေးနဲ့ ကစားရမှာ ဖြစ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်