နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန်မြေမှာ အာဆင်နယ်တို့ ရုန်းကန်ရမယ် – ယူရိုပါလိဂ် ပွဲကြိုသုံးသပ်ချက်

ဗီလာရီးရဲယ် – အာဆင်နယ်

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့် နောက်ထပ်တစ်ပွဲ ဖြစ်တဲ့ ဗီလာရီးရဲယ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်ကလည်း တကယ့်ကို အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။ ယူရိုပါလိဂ်နဲ့ ကံစပ်လွန်းသလို တစ်ချိန်က အာဆင်နယ်ကို ကိုင်တွယ်ခဲ့ဖူးတဲ့ အူနိုင်းအန်မေရီဟာ အသင်းဟောင်းနဲ့ ပြန်လည်တွေ့ဆုံချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ရင်ဆိုင်လာမလဲဆိုတာ စိတ်၀င်စားဖို့ ကောင်းနေပါပြီ။

ဒီနှစ် ယူရိုပါလိဂ်မှာ မန်ချက်စတာယူနိုက်တက် ပြီးရင် စွမ်းဆောင်ရည် အကောင်းဆုံး အသင်းဖြစ်ပြီး အခုကစားမယ့် အာဆင်နယ် ထက်လည်း ပိုကောင်းတဲ့ အခြေအနေ အရပ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။
အခုနှစ် ယူရိုပါလိဂ်မှာ ယူနိုက်တက်ပြီးရင် စွမ်းဆောင်ရည် အကောင်းဆုံးအသင်း ဖြစ်တဲ့ ဗီလာရီးရဲယ်

ယူရိုပါလိဂ်မှာ ဆရာတစ်ဆူလို့ အားလုံးက လက်ခံထားကြတဲ့ အူနိုင်းအန်မေရီ ကိုင်တွယ်နေတဲ့ ဗီလာရီးရဲယ် ကတော့ ဒီပွဲကို ဘယ်လောက်အထိ အာရုံစိုက်နေသလဲ ဆိုတာ လာလီဂါ ရလဒ်တွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ အသင်းဟောင်း အာဆင်နယ်နဲ့ ပြန်ဆုံနေလို့လည်း အူနိုင်းအန်မေရီ အနေနဲ့ အကောင်းဆုံး ကျော်ဖြတ်ပြဖို့ စိတ်အားထက်သန် နေပါလိမ့််မယ်။ အူနိုင်းအန်မေရီရဲ့ အသင်းက ဒီနှစ် ယူရိုပါလိဂ် အိမ်ကွင်း ပွဲစဉ်အားလုံး အနိုင်ရထားပြီး အဝေးကွင်း မှာလည်း သရေ ၁ ပွဲပဲ ရှိထားတာကလွဲရင် ကျန်ပွဲစဉ်တွေအားလုံး အနိုင်ရထားပါတယ်။ တိုက်စစ်က တစ်ပွဲပျမ်းမျှ ၂.၃ ဂိုးနှုန်း ရရှိထားခဲ့ပြီး ခံစစ်ကတော့ ၁ ပွဲကို ၁ ဂိုးနှုန်းတောင် မပေးခဲ့ရတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီနှစ် ယူရိုပါလိဂ်မှာ မန်ချက်စတာယူနိုက်တက် ပြီးရင် စွမ်းဆောင်ရည် အကောင်းဆုံး အသင်းဖြစ်ပြီး အခုကစားမယ့် အာဆင်နယ် ထက်လည်း ပိုကောင်းတဲ့ အခြေအနေ အရပ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။ ဂိုးမြူးနေတဲ့ ဂျရတ်မိုရီနို အပြင်၊ ပယ်ရီဂျို၊ ပေါင်တောရက်စ်၊ အဲလ်ကာဆာ တို့လို ကစားသမားကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့အတွက် နည်းပြ အူနိုင်းအန်မေရီ အနေနဲ့ စိတ်ကြိုက် ကစားကွက်၊ လူစာရင်းတွေနဲ့အတူ အာဆင်နယ်ကို အကောင်းဆုံး ရင်ဆိုင်လာနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။

အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြန်လို့ ဗီလာရီးရဲယ်လိုပဲ ယူရိုပါလိဂ် ဝင်ခွင့်မျှော်လင့်လို့ မရနိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိ ပြိုင်ပွဲကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်ပေမယ့် ချန်ပီယံဖြစ်မှပဲ လာမယ့်ရာသီအတွက် မျှော်လင့်ထားတာတွေ အကောင်အထည်ပေါ်လာနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေအရတော့ အာတေးတားရဲ့ အသင်းက ခန့်မှန်းရမခက်လောက်တဲ့ အထိ ခြေစွမ်းက အကျပိုင်းကို ရောက်နေတာတွေ့ရပါတယ်။ တိုက်စစ်က အလက်ဇန္တား လာကာဇက်၊ အော်ဘာမီယန်းတို့ ဒဏ်ရာပြသနာတွေ ရှိနေချိန်မှာ အာဆင်နယ် တိုက်စစ်က လူငယ်ကစားသမားတွေ နဲ့ မလုံလောက်ဘူးဆိုတာ ပြီးခဲ့တဲ့ ပွဲတွေက သက်သေပါပဲ။ အခုပွဲမှာလည်း အော်ဘာမီယန်း ပါဝင်လာနိုင်မယ့် အခြေအနေမှာ ရှိနေပေမယ့် မသေချာသေးပဲ လာကာဇက်၊ ဒါးဗစ်လုဇ်နဲ့ တီယာနီတို့ကတော့ ကျိန်းသေပေါက် လွဲချော်ဦးမှာ ဖြစ်ပါတယ်။ အစဉ်အလာအရ ဗီလာရီးရဲယ်ကို အသာရခဲ့တယ် ဆိုတာလည်း ဆယ်စုနှစ်တစ်ခုလောက် ကြာသွားပြီမို့လို့ ထည့်တွက်လို့ မရတော့ပါဘူး။ အာတေးတား အနေနဲ့ ဗီလာရီးရဲယ်ကွင်းမှာ ဘယ်လိုပုံစံနဲ့ အကောင်းဆုံး သွားရောက် ရင်ဆိုင်နိုင်မလဲ ဆိုတာ စောင့်ကြည့်ဖို့ပဲ ရှိပြီး အရင်လို မျှော်လင့်နိုင်တဲ့ အခြေအနေမျိုးမှာ လုံးဝ ရှိမနေတာ ကတော့ အသေအချာပါပဲ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

??
ဗီလာရီးရဲယ် – အာဆင်နယ် 1×2 အိမ်ရှင် @ ၂.၄၅ ဆ
ဧပြီလ ၃၀ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

ဗီလာရီးရဲယ်နဲ့ အာဆင်နယ်တို့ရဲ့ နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ်မှာ အာဆင်နယ်က ၂ ပွဲနိုင်ပြီး ၂ ပွဲသရေကျထားပါတယ်။ စပိန်မြေမှာတော့ ဗီလာရီးရဲယ်တို့ လုံးဝ မရှုံးသေးတာကြောင့် အခုပွဲမှာလည်း အာဆင်နယ်တို့ ရုန်းကန်ရဦးမှာပါ။ ၂၀၀၉ ခုနှစ်က ချန်ပီယံလိဂ်မှာ နောက်ဆုံးတစ်ကြိမ် တွေ့ဆုံထားပြီး အဲ့တုန်းက အာဆင်နယ်တို့ အိမ်ကွင်းမှာ ၃ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၄၅ ဆ နဲ့ ဧည့်သည် အတွက် ၂.၉၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၄၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ အခြေအနေအရ နှစ်သင်း နှိုင်းယှဉ်ကြည့်ရင် ဗီလာရီးရဲယ်တို့က အဘက်ဘက်က သာနေပါတယ်။ အစဉ်အလာဆိုတာက ကြာနေပြီ မို့လို့ မေ့ထားလိုက်လို့ ရပြီး ဒီတစ်ကြိမ်မှာတော့ ဗီလာရီးရဲယ် ဘက်က ရပ်တည်တာ မမှားဘူးလို့ ထင်ပါတယ်။ ၂-၁ လောက်နဲ့ အိမ်ရှင်တို့ အနိုင်ရသွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်