နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်တို့ အက်ဖ်အေဖလားမှာ ၁၄ကြိမ်မြောက် အောင်ပွဲခံ

၂၀၂၀ ခုနှစ်အတွက် လန်ဒန်ဒါဘီဗိုလ်လုပွဲ ဒါမှမဟုတ် အက်ဖ်အေဖလားဗိုလ်လုပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ အာဆင်နယ်အနေနဲ့ အက်ဖ်အေဖလား ချန်ပီယံဘွဲ့ကို ၁၄ကြိမ်ထိရယူသွားနိုင်ခဲ့ပြီးတော့ စံချိန်သစ်လည်းတင်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးတို့ ပွဲအစပိုင်းမှာ အကောင်းဆုံးပုံစံရခဲ့ပေမယ့် အဓိကကစားသမားပူလီဆစ်ဒဏ်ရာရရှိခဲ့တာကစပြီး အာဆင်နယ်တို့ ပွဲပြီးတဲ့အထိ အခွင့်အရေးကောင်းတွေကို အသုံးချသွားခဲ့ပါတယ်။အာဆင်နယ်အတွက် အဆိုးရွားဆုံးရာသီလို့ အစောပိုင်းက ပြောခဲ့ကြပေမယ့် ဗိုလ်လုပွဲအပြီးမှာတော့ အဆိုးရွားဆုံးမဖြစ်ခဲ့တဲ့အပြင် လာမယ့်ရာသီအတွက်ပါ အ‌ခြေအနေကောင်းသွားခဲ့ပါတယ်။

 
အာဆင်နယ်တို့ ဗိုလ်လုပွဲမှာ အနိုင်ရသွားခဲ့လို့ ယူရိုပါလိဂ် တိုက်ရိုက်၀င်ခွင့်တစ်နေရာကို မိမိရရဆုပ်ကိုင်နိုင်ခဲ့သလို ဖလားကရရှိတဲ့ဆုကြေးတစ်ရပ်ကလည်း အသင်းပြန်လည်တည်ဆောက်ရေး လမ်းကြောင်းပေါ်ပို့ဆောင်ပေးနိုင်မှာဖြစ်လို့ အာဆင်နယ်ရဲ့ အောင်မြင်မှုကို တစ်ချက်ခုတ်၃ချက်ပြတ်လို့တောင် ချီးကျူးနေကြပါတယ်။နည်းပြအာတေးတားအတွက်လည်း နည်းပြဖြစ်ပြီး ပွဲ၃၀မပြည့်ခင်မှာတင် ဆုဖလားတစ်လုံးကိုင်မြှောက်သွားနိုင်တာဖြစ်ပါတယ်။ပြိုင်ဘက် ချဲလ်ဆီးအတွက်‌ကတော့ ဆုံးရှုံးမှုများခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး အဓိကကစားသမားတွေ မပါနိုင်ခဲ့တဲ့အပြင် ဒဏ်ရာထပ်ရခဲ့လို့ ရှုံးချက်နာခဲ့ရပါတယ်။ အစောပိုင်းက ပရီးမီးယားလိဂ်မှာ အဆင့် ၄နေရာကနေ ချန်ပီယံလိဂ်၀င်ခွင့်ရယူပေးထားခဲ့ပေမယ့် လမ်းပတ်အနေနဲ့လည်း သူ့ရဲ့နည်းပြဘ၀ ပထမဆုံးဆုဖလားကို လိုချင်ခဲ့မယ်ဆိုတာ သေချာပါတယ်။ချဲလ်ဆီးတို့ ၉ ကြိမ်မြောက် အက်ဖ်အေဖလားကို ရရှိဖို့ အခွင့်အရေး‌တွေရခဲ့ပေမယ့်လည်း ကစားသမားတွေရဲ့ လိုအပ်ချက်ကြောင့် ဆုံးရှုံးခဲ့ရတယ်ဆိုတာကို နည်းပြလမ်းပတ်ကိုယ်တိုင် ၀န်ခံသွားခဲ့ပါတယ်။
 

ပွဲစဉ်ရဲ့ အထင်ကရအချက်အလက်များ

ဗိုလ်လုပွဲဖြစ်တာနဲ့အညီ နှစ်သင်းစလုံး အကောင်းဆုံးဖြစ်နိုင်မယ့် ကစားကွက်၊လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ပြီး ၃-၄-၃ကစားကွက်ဆင်တူနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ချဲလ်ဆီးက ခရစ်စတီယန်ပူလီဆစ် အနေနဲ့ အာဆင်နယ်နောက်တန်းကို အကောင်းဆုံးထိုးဖောက်နိုင်ခဲ့ပြီးတော့ ပွဲအစ၅မိနစ်မှာတင် ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ဒါပေမယ့် လည်း ၂၈မိနစ်မှာ အာဆင်နယ်ရဲ့ထိုးဖောက်မှုကို ချဲလ်ဆီးနောက်ခံလူ တားဆီးရင်း အော်ဘာမီယန်ကို ဆွဲလှဲမိလို့ ပင်နယ်တီပေးခဲ့ရပြီး ဂါဘွန်းသားကပဲ ပင်နယ်တီဂိုးကို အဆုံးသတ်ပေးခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

အော်ဘာမီယန် ဟာလည်း အက်ဖ်အေဖလား ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။
ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားဆုကိုလည်း ရရှိခဲ့တဲ့ အော်ဘာမီယန်

အဲ့နောက်မှာ ပူလီဆစ်ဒဏ်ရာရခဲ့ပြီး ချဲလ်ဆီးကစားအားလုံး၀ကျသွားခဲ့ပါတယ်။ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း အာဆင်နယ်တို့ပဲ ခြေစွမ်းပြပြီး အပိုင်အခွင့်အရေး‌တစ်ရပ်ဖြစ်တဲ့ မိနစ် ၇၀ လောက်မှာ အော်ဘာမီယန်က အကောင်းဆုံး အဆုံးသတ်ဂိုးရယူပေးခဲ့ပါတယ်။အဲ့နောက်မှာ ကွင်းလယ်က ကိုဗာချစ်ဒဏ်ရာထပ်ရခဲ့လို့ ချဲလ်ဆီးတို့ နလန်မထူဖြစ်ခဲ့ရပါတယ်။ပွဲပြီးတဲ့အချိန်ထိ အာဆင်နယ်ကပဲ အနိုင်ရလဒ်ကို ထိန်းချုပ်သွားခဲ့လို့ ၂-၁ဂိုးရလဒ်နဲ့ အာဆင်နယ်တို့ ဖလားတစ်လုံးရရှိသွားခဲ့ပါတယ်။ဒီပွဲမှာ နည်းပြအာတေးတား နည်းစနစ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုကို ချီးကျူးရမှာဖြစ်သလို ကစားသမားဘ၀မှာရော နည်းပြဘ၀မှာရော အက်ဖ်အေဖလားရယူနိုင်သူဖြစ်လာပါတယ်။ အော်ဘာမီယန် ဟာလည်း အက်ဖ်အေဖလား ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။
 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်ကတော့ ဒီပွဲအပြီးမှာ ဘာပြိုင်ပွဲမှ ကစားရဖို့မရှိတော့ အနားရသွားပြီဖြစ်ပေမယ့် ချဲလ်ဆီးကနေ ဘေယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဆက်ကစားဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်