နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရလဒ်တွေ ဆိုးရွားနေရင်တောင် ငှက်ကြားဆိုတာနဲ့ ဂန်းနားတွေက ပစ်ချပြီးသားပဲ – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

နယူးကာဆယ် ၀ – ၂ အာဆင်နယ်

ပရီးမီးယားလိဂ် ပွဲစဉ် (၃၄)ရဲ့ တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့  ပွဲတစ်ပွဲမှာတော့ အာဆင်နယ်က နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုပွဲမတိုင်ခင် အာဆင်နယ်တို့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပေမယ့် အသင်းခေါင်းဆောင် ပီယာအန်းမရစ်ခ် အော်ဘာမီယန်းရဲ့ ခြေစွမ်းပြမှုနဲ့အတူ နယူးကာဆယ်နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲဆက် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ မီခယ် အာတေးတားအနေနဲ့ အဓိက ကစားသမားတချို့ကို အနားပေးခဲ့ပြီး တိုက်စစ်မှာ နေပြန်ကောင်းလာတဲ့ အော်ဘာမီယန်း ဦးဆောင်လာခဲ့သလို တောင်ပံနှစ်ဖက်မှာ မာတင်နယ်လီနဲ့ ဝီလျံ၊ ကွင်းလယ်မှာ မာတင်အိုဒီဂတ်၊ ဆယ်ဘာလော့စ်၊ အယ်နီနီ၊ နောက်တန်းမှာ ရှာကာ၊ ဂါဘရီရယ်၊ ဒါးဗစ်လုဇ်၊ ဘယ်လာရင်၊ ဂိုးမှာ မတ်သယူး ရွိုင်ယန်တို့နဲ့ ပွဲထွက်လာပါတယ်။ နယူးကာဆယ် ဘက်မှာတော့ စိန့်မက်ဆီမင်၊ ကော်လမ်ဝီလ်ဆင်၊ ရှဲလ်ဗီ၊ လောင်းစတက်ဖ်၊ ဒန်းမတ်၊ ကလာ့ခ်၊ ဒူဘရက်ဗ်ကာ တို့ပါဝင်လာပါတယ်။ ပြိုင်ပွဲစုံ ၃ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ အာဆင်နယ်တို့ ဒီနေ့ပွဲမှာတော့ ပုံစံကောင်းတစ်ခုကို ပြန်လည်ရရှိခဲ့ပြီး ပွဲချိန် ၅ မိနစ်မှာတင် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ကွင်းလယ်က မိုဟာမက် အဲလ်နီနီက ဂိုးဧရိယာထဲမှာ အော်ဘာမီယန်း ပြန်ခင်းပေးတဲ့ ဘောလုံးကို အဝေးကနေ အပိုင်ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ အဲလ်နီနီ အတွက်တော့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ အာဆင်နယ်တို့ အသင်းလိုက် ကစားပုံ ကောင်းကောင်းနဲ့ နယူးကာဆယ် ဘက်ကို တောက်လျောက်ထိုးဖောက်နိုင်ခဲ့ပါတယ်။ ပထမပိုင်း အပြီးမှာ အာဆင်နယ်တို့ ၁-၀ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း မှာတော့ ဒေးဗစ်လုဇ် ဒဏ်ရာရသွားခဲ့လို့ ကော်လမ်ချိန်ဘာစ် ဝင်လာခဲ့ပါတယ်။ အဲ့နောက်မှာလည်း အာဆင်နယ်တို့ ပုံစံကောင်းတစ်ခု ပျက်မသွားပဲ ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၆ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုး ထပ်မံရရှိသွားခဲ့ပြီး ဒီနေ့ပွဲမှာ တောင်ပံကနေ တောက်လျောက် ခြေစွမ်းပြနေခဲ့တဲ့ ဂါဘရီရယ် မာတင်နယ်လီ ဖန်တီးပေးတဲ့ ဘောလုံးကို အော်ဘာမီယန်းက အမိအရ လေပေါ်ခုန်ပြီး ပိတ်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာ‌တော့ အာဆင်နယ်တို့ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး တစ်ချက်တစ်ချက်မှပဲ တိုက်စစ်ပုံစံနဲ့ ကစားခဲ့တာကြောင့် ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

နယူးကာဆယ် ကတော့ ရှုံးနိမ့််ခဲ့ပေမယ့် ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲက ဖူလ်ဟမ် ကလည်း ဒီတစ်ပတ်မှာ အမှတ်မရခဲ့လို့ ၉ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပြီး ဖိအားကင်းနေပါသေးတယ်။
နောက်ဆုံး ၅ ပွဲမှာ အာဆင်နယ် တစ်သင်းတည်းကို ပဲ ရှုံးနိမ့်ခဲ့ရတဲ့ နယူးကာဆယ်

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ အာဆင်နယ် တို့ ခြေစွမ်းပြနိုင်မယ်လို့ ထင်ကိုမထင်ခဲ့မိတာပါ။ ယူရိုပါလိဂ်လည်း ကစားဖို့ ရှိနေတဲ့ ဂန်းနားတို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ အရန်တွေနဲ့ ရုန်းကန်ရလိမ့်မယ်လို့ တွက်ဆခဲ့ကြပေမယ့် တကယ့်ကို မထင်မှတ်တဲ့ ကစားပုံနဲ့အတူ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ပွဲတွေကို ပြန်ကြည့်မယ်ဆိုရင် ဂါဘရီရယ် မာတင်နယ်လီရဲ့ လုပ်အားနှုန်း၊ ထူးချွန်မှု၊ ကြိုးစားအားထုတ်မှုတွေကို မြင့်တွေ့ခဲ့ရပြီး တိုက်စစ်အပြင် ခံစစ်အထိပါ ဆင်းကူနိုင်တာ တွေ့ရပါတယ်။ မီခယ်အာတေးတား အနေနဲ့ ဂါဘရီရယ်မာတင်နယ်လီ ကို အခုထက် ပိုပြီးတော့ သုံးသင့်နေပြီလို့ ထင်ပါတယ်။ အာဆင်နယ်တို့ ဒီနေ့ပွဲမှာ အားရစရာ ခြေစွမ်းနဲ့ ပရီးမီးယားလိဂ် နိုင်ပွဲရခဲ့ပေမယ့် ခံစစ်က ဒါးဗစ်လုဇ် ဒဏ်ရာရသွားတာတော့ အသင်းအတွက် အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ လက်ရှိ အာဆင်နယ်မှာ တိုက်စစ် အမြင်ရှိပြီး လိုက်ပါကစားနိုင်တဲ့ သူဆိုလို့ ဒါးဗစ်လုဇ်ပဲ ရှိပါတယ်။ ဒါးဗစ်လုဇ် အနေနဲ့ အာဆင်နယ်နဲ့ မကြာခင်မှာ စာချုပ်သက်တမ်း ကုန်တော့မှာမို့လို့ အခုပွဲကတော့ သူ့အတွက် နောက်ဆုံး ဖြစ်သွားမလား ဆိုတာတော့ မသိနိုင်သေးပါဘူး။ အခုနိုင်ပွဲကြောင့် အာဆင်နယ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာ ပြန်ရောက်ခဲ့ပေမယ့် ယူရိုပါလိဂ် ဝင်ခွင့်ရဖို့ မဖြစ်နိုင်သလောက် ရှိနေလို့ လာမယ့် ဗီလာရီးရဲယ်နဲ့ ပွဲကိုပဲ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ ရှုံးနိမ့််ခဲ့ပေမယ့် ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲက ဖူလ်ဟမ် ကလည်း ဒီတစ်ပတ်မှာ အမှတ်မရခဲ့လို့ ၉ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပြီး ဖိအားကင်းနေပါသေးတယ်။

 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် သောကြာနေ့မှာ ဗီလာရီးရဲယ်နဲ့ အရေးကြီးတဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကို အန်းမရိတ်စ် မှာ ကစားရမှာ ဖြစ်ပြီး နယူးကာဆယ် ကလည်း စနေနေ့မှာ အသင်းကောင်း တစ်သင်း ဖြစ်တဲ့ လက်စတာစီးတီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်