နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ၂၀၂၀ မှာ ဘယ်အသင်းတွေ လန်းပြီး ဘယ်အသင်းတွေ ဂွမ်းနေလဲ…? (အုပ်စု အဆင့်ထိသာ)

ဇွန်လ ၁၂ ရက်နေ့ ကတည်းက စတင်ကျင်းပခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကြီးကတော့ အုပ်စုအဆင့် ပွဲစဉ်တွေ လွန်လို့ လာမယ့်ရက်မှာ ရှုံးထွက်ပွဲစဉ်တွေ စတင်ကစားတော့မှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အသင်းပေါင်း ၂၄ သင်း ကို ၄ သင်း တစ်အုပ်စုစီခွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ လက်တလော မှာတော့ နောက်ဆုံး ၁၆ သင်းသာ ကျန်ရှိပါတော့တယ်။

ပြိုင်ပွဲပုံစံသစ်အရ အုပ်စု ပထမနဲ့ ဒုတိယတွေ သာမက အကောင်းဆုံး တတိယ ၄ သင်းပါ ရှုံးထွက် တက်ရောက်ခွင့်ရခဲ့တာ ဖြစ်လို့ အင်အားနည်းတဲ့ အသင်းတွေ အတွက်လည်း အရင်ထက် အခွင့်အလမ်း ပိုရှိလာခဲ့ပါတယ်။ အရင်လို အိမ်ရှင် တစ်နိုင်ငံ(+ပူးတွဲအိမ်ရှင်) တည်းက လက်ခံကျင်းပခြင်း မဟုတ်ပဲ ဥရောပတလွှားက နိုင်ငံပေါင်း ၁၁ နိုင်ငံမှာရှိတဲ့ နာမည်ကျော် ကွင်းပေါင်း ၁၁ ကွင်းမှာ ခွဲပြီး ကျင်းပတာ ဖြစ်လို့ ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပါသေးတယ်။ ဝေဖန်မှုတွေ၊ ကိုဗစ် ၁၉ ကြောင့် အခက်အခဲတွေ ရှိခဲ့ပေမယ့် လက်ရှိ မှာတော့ ယူရိုပြိုင်ပွဲရဲ့ ထုံးစံအတိုင်း ခြေစွမ်း သိပ်မကွာတဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းတွေရဲ့ အားပြိုင်မှုနဲ့ အတူ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားထားခဲ့ပါပြီ။ ဒါ့ကြောင့် ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းတွေရဲ့ လက်ရှိအချိန်ထိ စွမ်းဆောင်ရည် မှတ်တမ်း တချို့ကို ဦးစားပေး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ယူရို ၂၀၂၀ အုပ်စု ပွဲစဉ် ၃ ပွဲမှာမှ သွင်းဂိုး ၂ ဂိုးသာ ရရှိခဲ့တဲ့ အင်္ဂလန်ကတော့ ၃ ပွဲလုံး ပေးဂိုးမရှိ စွမ်းဆောင်ထားနိုင်ခဲ့ပြီး အီတလီ ကလည်း အခုထိ ပေးဂိုး မရှိသေးတာ တွေ့ရပါတယ်။
ရဂိုး ၂ ဂိုးသာရှိပေမယ့် ပေးဂိုး လုံးဝမရှိအောင် စွမ်းဆောင်ထားတဲ့ အင်္ဂလန်

ပြိုင်ပွဲရဲ့ အဓိကအချက်အလက်များ

ပြိုင်ပွဲတစ်ခုလုံးရဲ့ အချက်အလက်တွေကို အရင်ဆုံးကြည့်မယ်ဆိုရင် ယူရို ၂၀၂၀ မှာ အုပ်စု အဆင့် ကနေ ဗိုလ်လုပွဲ အထိ ပွဲစဉ် စုစုပေါင်း ၅၁ ပွဲမှာ ၃၆ ပွဲ ကစားထားခဲ့ပြီး ဖြစ်ပါတယ်။ အသင်းပေါင်း ၂၄ သင်း ကစားခဲ့တဲ့ အုပ်စု ပွဲစဉ်အားလုံး ပြီးဆုံးခဲ့ချိန်မှာ သွင်းဂိုး အရေအတွက် ကတော့ ၉၄ ဂိုးအထိ ရှိခဲ့ပါပြီ။ တစ်ပွဲ ပျမ်းမျှ ၂.၆၂ ဂိုး သွင်းထားပြီး ၃၄ မိနစ် လျှင် တစ်ဂိုးနှုန်း သွင်းယူထားတာ တွေ့ရပါတယ်။ ပွဲအစကနေ ၁၅ မိနစ်အထိ သွင်းဂိုး ၈ ဂိုး၊ ၁၆-၃၀ မိနစ် အထိ ၁၂ ဂိုး၊ ၃၁-၄၅ မိနစ် အထိ ၁၁ ဂိုးနဲ့ နာကျင် အချိန်ပိုမှ သွင်းတဲ့ ဂိုးကတော့ ၄ ဂိုး ရှိခဲ့ပါတယ်။ ထူးထူးခြားခြားပဲ ဒုတိယပိုင်း စတင်ချိန် ကနေ မိနစ် ၆၀ အထိ ဂိုးအများဆုံး သွင်းထားတာ တွေ့ရပြီး ၂၂ ဂိုး အထိ ရှိခဲ့ပါတယ်။ ၆၁-၇၅ မိနစ်အထိ ၁၈ ဂိုး၊ ၇၆-၉၀ မိနစ် အထိ ၁၆ ဂိုး၊ ဒုတိယပိုင်းပြီးလို့ နာကျင် အချိန်ပိုမှာတော့ ၃ ဂိုး သွင်းထားတာ တွေ့ရပါတယ်။
 

ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့တဲ့ အသင်းများ

ရှုံးထွက်အဆင့် ကိုတော့ အုပ်စု ပထမနဲ့ ဒုတိယ ရခဲ့တဲ့ အသင်းပေါင်း ၁၂ သင်းနဲ့ အကောင်းဆုံး တတိယ ၄ သင်း စုစုပေါင်း ၁၆ သင်း တက်လှမ်းလာခဲ့ပြီး ဖြစ်ပါတယ်။ အုပ်စု(A)က အီတလီနဲ့ ဝေးလ်စ်၊ အုပ်စု(B)က ဘယ်ဂျီယံနဲ့ ဒိန်းမတ်၊ အုပ်စု(C)က နယ်သာလန်နဲ့ ဩစတြီးယား၊ အုပ်စု(D)က အင်္ဂလန်နဲ့ ခရိုအေးရှား၊ အုပ်စု(E)က ဆွီဒင်နဲ့ စပိန်၊ အုပ်စု(F)က ပြင်သစ်နဲ့ ဂျာမနီ အပြင် အကောင်းဆုံး တတိယတွေ အဖြစ် ပေါ်တူဂီ၊ ချက်၊ ဆွစ်ဇာလန်နဲ့ ယူကရိန်းတို့ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီအဆင့်ကို ရောက်ဖို့ ဒိန်းမတ်၊ ဩစတြီးယား၊ ခရိုအေးရှား၊ အင်္ဂလန်၊ စပိန်၊ ဂျာမနီ၊ ပေါ်တူဂီ၊ ဆွစ်ဇာလန်၊ ယူကရိန်း စတဲ့ အသင်း တော်တော်များများ ကတော့ နောက်ဆုံးပွဲစဉ်ရဲ့ နောက်ဆုံး မိနစ်တွေအထိ ရင်တမမနဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။
 

အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ အသင်းများ

အကောင်းဆုံး တတိယ အဖြစ်နဲ့ ရှုံးထွက်တက်ခွင့်ရှိတဲ့ အတွက် ခြေစစ်ပွဲ အောင်မြင်လာတဲ့ အသင်းငယ်တွေဟာ တတ်နိုင်သမျှ အမှတ်ရဖို့ အတွက်ရော၊ ဂိုးကွာခြားချက် ကျဉ်းမြောင်းစေဖို့ပါ ကြိုးစား ရုန်းကန်ခဲ့ကြပါတယ်။ ဒါပေမယ့် အသင်းကြီး အများစုပဲ ဒီအဆင့်ကို‌ ရောက်ရှိလာခဲ့တာ ကတော့ စိတ်မကောင်းစရာပါပဲ။ အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အသင်းတွေထဲမှာ ဖင်လန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ စကော့တလန်တို့ အသင်းကြီးတွေကို ခက်ခဲစေခဲ့ပြီး ရှုံးထွက်တက်ဖို့ နောက်ဆုံးအချိန်ထိ ရေကုန်ရေခမ်း တိုက်ပွဲဝင်သွားခဲ့ကြတာ တွေ့ရပါတယ်။ အုပ်စု(B)က ဖင်လန်နဲ့ ရုရှားတို့ ဆိုရင် ဒိန်းမတ်လိုပဲ ၃ မှတ်စီရခဲ့ကြပေမယ့် ဂိုးကွာခြားချက်နဲ့ အားမတန်မာန်လျှော့ခဲ့ရတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဟန်ဂေရီဟာ အုပ်စု(F) နောက်ဆုံးပွဲစဉ်မှာ ဂျာမနီကို ပွဲပြီးခါနီးမှ ပေးလိုက်ရတဲ့ ချေပဂိုးကြောင့် မျှော်လင့်ချက်တွေ ပျက်ဆီးခဲ့ရသလို ၃ မှတ်ရထားပေမယ့် နောက်ဆုံးပွဲမှ ဂိုးပြတ်ရှုံးခဲ့ရတဲ့ ဆလိုဗက်ကီးယား ဟာလည်း ဒီအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ နာမည်ကြီး လီဝမ်ဒေါစကီးရဲ့ ချေပဂိုးတွေနဲ့ ပြန်လာဖို့ နီးစပ်ခဲ့ပေမယ့် ဆွီဒင်ရဲ့ နာကျင်အချိန်ပို ဂိုးနဲ့ အသဲကွဲခဲ့ရတဲ့ ပိုလန်၊ ခြေစွမ်းကောင်းပေမယ့် အသင်းကြီးတွေရဲ့ ရုန်းအားကို မကျော်နိုင်ခဲ့တဲ့ စကော့တလန် တို့ဟာလည်း ရှုံးထွက်အဆင့်ထိ ပါမလာခဲ့ပေမယ့် သူတို့တွေရဲ့ ကြိုးစားအားထုတ်မှု ကိုတော့ မဖြစ်မနေ အသိအမှတ်ပြု ချီးကျူးရပါလိမ့်မယ်။ တူရကီ၊ မြောက်မက်ဆီဒိုးနီးယား နှစ်သင်းကတော့ ပြိုင်ပွဲစတင်ချိန် ကတည်းက ခြေစွမ်း ကွာဟချက် ကြီးမားနေခဲ့တာ တွေ့ရလို့ အုပ်စု အဆင့်နဲ့ပဲ ကျေနပ်သင့်တဲ့ အသင်းတွေ ဖြစ်ပါတယ်။
 

 

အသင်းလိုက် စွမ်းဆောင်ရည်များ

 

နိုင်ပွဲ/ရှုံးပွဲ

ယူရို ၂၀၂၀ အုပ်စု ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲရခဲ့တာ နယ်သာလန်၊ အီတလီနဲ့ ဘယ်ဂျီယံ ၃ သင်းသာ ရှိခဲ့ပါတယ်။ အင်္ဂလန်နဲ့ ဩစတြီးယား၊ ဆွီဒင်က ၂ ပွဲစီ အနိုင်ရခဲ့ပြီး ကျန်အသင်းကြီးတွေ ကတော့ နိုင်ပွဲ ၁ ပွဲစီပဲ ရရှိခဲ့ကြပါတယ်။ မြောက်မက်ဆီဒိုးနီးယား၊ ဟန်ဂေရီ၊ တူရကီ၊ စကော့တလန်၊ ပိုလန် တို့ကတော့ ရာနှုန်းပြည့် ရှုံးပွဲနဲ့ အတူ အုပ်စု ကနေ နှုတ်ဆက်သွားခဲ့ရတဲ့ အသင်းတွေ ဖြစ်ပါတယ်။
 

ရဂိုး/ပေးဂိုး

ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ အသင်းတွေထဲမှာ သွင်းဂိုး အများဆုံး ရထားတဲ့ အသင်းကတော့ နယ်သာလန် ဖြစ်ပြီး ၃ ပွဲကစားပြီး ရဂိုး ၈ ဂိုး ရှိထားပါတယ်။ အီတလီ၊ ပေါ်တူဂီနဲ့ ဘယ်ဂျီယံတို့ ကတော့ ၇ ဂိုးစီ ရရှိခဲ့ကြပြီး ဂျာမနီနဲ့ စပိန်က ၆ ဂိုး၊ ဒိန်းမတ်က ၅ ဂိုး၊ ဩစတြီးယား၊ ဆွီဒင်၊ ယူကရိန်း၊ ခရိုအေးရှား၊ ပြင်သစ်၊ ဆွစ်ဇာလန် တို့က ၄ ဂိုးစီ၊ ဝေးလ်စ်နဲ့ ချက်က ၃ ဂိုးစီ ရရှိထားခဲ့ကြပြီး ထူးထူးခြားခြားပဲ အင်္ဂလန် ကတော့ ၂ ဂိုးသာ ရရှိထားခဲ့ပါတယ်။ အုပ်စုကနေ ပြုတ်ခဲ့တဲ့ အသင်းတွေ ထဲမှာတော့ ပိုလန်က ၄ ဂိုးအထိ အများဆုံး ရခဲ့ပြီး၊ ဟန်ဂေရီက ၃ ဂိုး၊ ရုရှား၊ ဆလိုဗက်ကီးယား၊ မြောက်မက်ဆီဒိုးနီးယား တို့က ၂ ဂိုးစီနဲ့ စကော့တလန်၊ တူရကီ၊ ဖင်လန် တို့ကတော့ ၁ ဂိုးစီ ရရှိခဲ့ ပါတယ်။

ယူရို ၂၀၂၀ အုပ်စု ပွဲစဉ် ၃ ပွဲမှာမှ သွင်းဂိုး ၂ ဂိုးသာ ရရှိခဲ့တဲ့ အင်္ဂလန်ကတော့ ၃ ပွဲလုံး ပေးဂိုးမရှိ စွမ်းဆောင်ထားနိုင်ခဲ့ပြီး အီတလီ ကလည်း အခုထိ ပေးဂိုးမရှိသေးတာ တွေ့ရပါတယ်။ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင် တို့ကတော့ ၂ ပွဲ၊ ဖင်လန်၊ ဝေးလ်စ်၊ ပေါ်တူဂီ၊ စကော့တလန်၊ ချက်၊ ရုရှား၊ ပြင်သစ်၊ ဩစတြီးယား တို့ကတော့ ပေးဂိုးမရှိတဲ့ပွဲ ၁ ပွဲရှိခဲ့ပါတယ်။ ပေးဂိုး အများဆုံး အသင်းတွေ ကတော့ တူရကီနဲ့ မြောက်မက်ဆီဒိုးနီးယား တို့ ဖြစ်ပြီး ၈ ဂိုးအထိ ပေးခဲ့ရပါတယ်။ ရုရှားနဲ့ ဆလိုဗက်ကီးယားက ၇ ဂိုးစီ၊ ပိုလန်၊ ပေါ်တူဂီ၊ ဟန်ဂေရီ တို့က ၆ ဂိုးစီနဲ့ ဆွစ်ဇာလန်၊ စကော့တလန်၊ ဂျာမနီ၊ ယူကရိန်း တို့ကတော့ ၅ ဂိုး၊ ဒိန်းမတ်က ၄ ဂိုး၊ ဖင်လန်၊ ခရိုအေးရှား၊ ပြင်သစ်၊ ဩစတြီးယားတို့က ၃ ဂိုးစီ၊ ဆွီဒင်၊ ဝေးလ်စ်၊ ချက်၊ နယ်သာလန်တို့က ၂ ဂိုးစီ၊ ဘယ်ဂျီယံနဲ့ စပိန်က ၁ ဂိုးစီနဲ့ အင်္ဂလန်နဲ့ အီတလီ ၂ သင်းပဲ ပေးဂိုး လုံးဝမရှိခဲ့တာ ဖြစ်ပါတယ်။
 

အခြားစွမ်းဆောင်ရည်များ

ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်း အများဆုံး အသင်းတွေ အဖြစ် ထုံးစံအတိုင်း စပိန်၊ ဂျာမနီ တို့ပဲ ထိပ်ဆုံးက ရပ်တည်နေပြီး စပိန်ဆိုရင် တစ်ပွဲပျမ်းမျှ ၆၈.၇ ရာခိုင်နှုန်းအထိ ရရှိခဲ့ပါတယ်။ ဂျာမနီ ကတော့ ၆၁ ရာခိုင်နှုန်းနဲ့ အခြား ရှုံးထွက်တက်ခဲ့တဲ့ အသင်းကြီး‌ တော်တော်များများ ဘောလုံးပိုင်ဆိုင်မှု ၅၀ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။ ယူကရိန်း၊ ချက်၊ ဝေးလ်စ်၊ ဆွီဒင်တို့ ကတော့ ဘောလုံးပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်း အောက်နဲ့ အဲ့ထဲကမှ ဆွီဒင်ဟာ ၃၅.၇ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။

ဂိုးရရန် ကြိုးပမ်းမှုကို ကြည့်မယ်ဆိုရင် ဒိန်းမတ်က ၆၁ ကြိမ်နဲ့ အများဆုံး ဖြစ်ပြီး အီတလီက အကြိမ် ၆၀ အထိ ရှိခဲ့တာ တွေ့ရပါတယ်။ အဲ့ထဲကမှ ဆွစ်ဇာလန်က ၄၇ ကြိမ်၊ နယ်သာလန်က ၄၆ ကြိမ်၊ စပိန်က ၄၅ ကြိမ်၊ ဂျာမနီက ၃၉ ကြိမ်၊  ပြင်သစ်က ၃၁ကြိမ်၊ လက်ရှိချန်ပီယံ ပေါ်တူဂီက ၂၉ ကြိမ်ရှိခဲ့ပြီး နာမည်ကြီး အင်္ဂလန် ကတော့ ၂၂ ကြိမ်သာ ရှိခဲ့လို့ အောက်ဆုံး ၃ သင်း စာရင်းဝင်နေပါတယ်။ ဂိုးပေါက်တည့်မှု မှာလည်း ဒိန်းမတ်က ထိပ်ဆုံးမှာ ဦးဆောင်နေပြီး အင်္ဂလန်ကတော့ ၅ ကြိမ်နဲ့ ၂၄ သင်းမှာ အဆင့် ၂၂ နေရာမှာ ရှိနေပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီကတော့ ဂိုးပေါက်တည့်မှု ၁၄ ကြိမ်ရှိပြီး၊ ကမ္ဘာ့ချန်ပီယံ ပြင်သစ်က ၁၀ကြိမ်သာ ရှိခဲ့ပါတယ်။ ဂိုးပေါက်လွဲချော်မှု အရ အသင်းကြီးတွေထဲမှာ အီတလီက ၂၉ ကြိမ် အထိ လွဲချော်ထားပြီး စပိန်က ၁၉ ကြိမ်၊ နယ်သာလန်က ၁၈ ကြိမ်၊ ပြင်သစ်က ၁၇ ကြိမ်၊ ဂျာမနီက ၁၆ ကြိမ်၊ အင်္ဂလန်က ၁၄ ကြိမ်၊ ပေါ်တူဂီနဲ့ ဘယ်ဂျီယံ ကတော့ ၁၁ ကြိမ်နဲ့ ၁၀ကြိမ်စီ လွဲချော်ထားပါတယ်။
 

စည်းကမ်း လိုက်နာမှုနဲ့ ပြစ်ဒဏ်ကျူးလွန်မှုများ

ရှုံးထွက်တက်ခဲ့တဲ့ အသင်းတွေထဲမှာ ဆိုရင် ပြစ်ဒဏ်ကျူးလွန်မှု အများဆုံးအသင်းတွေ အဖြစ် ဆွီဒင်က အကြိမ် ၄၀နဲ့ အများဆုံး ဖြစ်နေပြီး ပြင်သစ်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဩစတြီးယား၊ ဂျာမနီ၊ အင်္ဂလန်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ စပိန် တို့ကတော့ အကြိမ် ၃၀နဲ့ ၃၀ အထက် ကျူးလွန်ခဲ့တာ တွေ့ရပါတယ်။ ပြစ်ဒဏ်ဘော အများဆုံး ကျုးလွန်ခံရတဲ့ အသင်းတွေ ထဲမှာ စပိန်၊ ဒိန်းမတ်၊ ဝေးစ်လ်၊ ပေါ်တူဂီတို့ ထိပ်ဆုံး ကရပ်တည်နေပြီး တစ်ပွဲပျမ်းမျှ ၁၃ ကြိမ် ထက်မနည်း ကျူးလွန်ခံခဲ့ရပါတယ်။ ဂျာမနီ၊ ခရိုအေးရှား၊ ပြင်သစ်၊ ဆွစ်ဇာလန် အသင်းတွေ ကတော့ အဝါကတ် ၅ ကြိမ် ပြသခံထားရပြီး စပိန်၊ ချက်၊ ဒိန်းမတ်၊ ဩစတြီးယား၊ ဆွီဒင်တို့က ၃ ကြိမ်၊ ယူကရိန်း က ၂ ကြိမ်၊ ပေါ်တူဂီ၊ အီတလီ၊ ဘယ်ဂျီယံ၊ အင်္ဂလန်၊ နယ်သာလန် တို့ကတော့ ၁ ကြိမ်စီ ပြသခံထားရပါတယ်။ အခုနှစ် ယူရို ၂၀၂၀ ရဲ့ လက်ရှိအချိန်ထိ အနီကတ် ပြခံခဲ့ရတဲ့ အသင်းကတော့ ၂သင်းသာ ရှိသေးပြီး ဝေးလ်စ်နဲ့ ပိုလန်တို့ ဖြစ်ပါတယ်။ ပေါ်တူဂီ ကတော့ ပင်နယ်တီ အများဆုံး ကန်ခွင့်ရထားပြီး ၃ ကြိမ်လုံး လွဲချော်ခြင်း မရှိတာ တွေ့ရပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်