နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘေးလ်၊ ရမ်ဆေးကြောင့် ရှုံးထွက်တက်ဖို့ အခြေအနေ ကောင်းသွားတဲ့ ဝေးလ်စ် – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

တူရကီ ၀ – ၂ ဝေးလ်စ်

(အာရွန်ရမ်ဆေး  ၄၂’၊ ကော်နာရောဘတ်စ် ၉၀+၅’)

မနေ့ညက အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူကွင်းမှာ ကစားခဲ့တဲ့ ယူရို ၂၀၂၀ အုပ်စု(A) ပွဲစဉ်မှာတော့ ဝေးလ်စ် အသင်းက အာရွန်ရမ်ဆေးနဲ့ ကော်နာရောဘတ်စ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ရှုံးထွက်အဆင့် တက်ရောက်နိုင်ရေး နှစ်သင်းစလုံးအတွက် အရေးကြီးခဲ့လို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပါတယ်။ ပွဲချိန် အတွင်း တူရကီရော၊ ဝေးလ်စ်ပါ အခွင့်အရေး တွေလည်း ဆတူ ရရှိခဲ့ကြပေမယ့် ခြေစွမ်း ပိုကောင်းခဲ့သလို နိုင်လို စိတ်ပြင်းထန်မှု ပိုသာခဲ့တဲ့ ဝေးလ်စ်အသင်းက အဖိုးတန် ၃ မှတ်ကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အီတလီက လွဲလို့ ခြေစွမ်း သိပ်မကွာကြတဲ့ ၃ သင်း ပါဝင်နေတဲ့ အုပ်စု(A) ကတော့ ထင်ထားတဲ့ အတိုင်း စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါပြီ။ အင်အားအကြီးဆုံး အီတလီ အတွက် ကျိန်းသေပေါက် ထိပ်ဆုံး နေရာပေးရမယ် ဆိုတာ သိထားကြတဲ့ ဝေးလ်စ်၊ ဆွစ်ဇာလန်၊ တူရကီတို့ အုပ်စု ဒုတိယနဲ့ ရှုံးထွက်တက်ဖို့ မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။ အဖွင့်ပွဲစဉ်မှာ တူရကီတို့ အီတလီနဲ့ တွေ့ဆုံခဲ့လို့ အမှတ် မရခဲ့ပေမယ့် ဝေးလ်စ် ကတော့ ခြေစွမ်း ပိုသာခဲ့တဲ့ ဆွစ်ဇာလန် ဆီက သရေ တစ်မှတ် အရယူနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒုတိယပွဲစဉ် ရလဒ်တွေဟာ ပိုပြီး အရေးပါလာခဲ့သလို နောက်တစ်ဆင့် အတွက် အနီးစပ်ဆုံး အဖြေ ထုတ်ပေးနိုင်မယ့် ပွဲတွေ ဖြစ်လို့ အားစိုက် ကစားခဲ့ကြပါတယ်။

တစ်သင်းလုံးမှာ ချလနောလူ တစ်ဦး ကလွဲလို့ နိုင်လို စိတ်မရှိ၊ အသင်းလိုက် ကစားပုံမကောင်း၊ တစ်ဦးချင်းလည်း ခြေစွမ်းမပြနိုင်တဲ့ တူရကီတို့ ယူရို ၂၀၂၀ ဒီအဆင့်နဲ့ လှည့်ပြန်ရတာပဲ တန်ပါတယ်။
ယူရို ပြိုင်ပွဲရဲ့ အုပ်စု အဆင့်ကနေ လှည့်ပြန်ရဖို့ သေချာသလောက်ရှိနေတဲ့ တူရကီ

ဆွစ်ဇာလန်နဲ့ ပွဲမှာ ခြေစွမ်းပိုင်း လုံးဝကို အားရစရာ မရှိခဲ့တဲ့ ဝေးလ်စ်တို့ ပထမပွဲက လူစာရင်းကိုမှ ကစားကွက် အခင်းအကျင်း အနည်းငယ် ပြောင်းလဲပြီး တူရကီကို ရင်ဆိုင်ခဲ့တာပါ။ တူရကီ ကတော့ အီတလီနဲ့ ပွဲမှာ ကိုယ့်ဂိုးကိုယ် သွင်းခဲ့တ့ ဒါမီရယ် နေရာမှာ အေဟန်၊ ရက်ဇီရှီ နေရာမှာ အန်ဒါတို့နဲ့ ပွဲထွက်လာတာ ကလွဲလို့ လူစုံခဲ့ပါတယ်။ ဝေးလ်စ်တို့ ၄-၃-၃ ကစားကွက် အစား ၄-၂-၃-၁ နဲ့ ပွဲထွက်လာပေမယ့် တူရကီ ကတော့ ၄-၁-၄-၁ ကိုပဲ အသုံးပြုခဲ့ပါတယ်။ ကစားကွက် အခင်းအကျင်း အပြောင်းအလဲ လုပ်ခဲ့တဲ့ ရောဘတ်ပေ့ဂျ်ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပြီး တူရကီရဲ့ ခံစစ်ကို ဒန်ဂျိမ်းစ်၊ ဘေးလ် တို့ရဲ့ တောင်ပံနှစ်ဖက်ကနေ ပွဲချိန်ပြည့် အလုပ်ရှုပ်စေနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီနေ့ပွဲမှာ အထူး ခြေစွမ်းပြခဲ့သူတွေ ကတော့ စီနီယာ ကစားသမားတွေ ဖြစ်တဲ့ ရမ်ဆေးနဲ့ ဘေးလ် တို့ဖြစ်ပြီး ရမ်ဆေး အနေနဲ့ အစောပိုင်းမှာ အပိုင်အခွင့်အရေး နှစ်ကြိမ်တိုင်တိုင် ဖြုန်းတီးခဲ့ပေမယ့် ပထမပိုင်း ပွဲပြီးဖို့ ၃ မိနစ် အလိုမှာ ဝေးလ်စ် အတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးကို ကြည့်မယ်ဆိုရင် ဘေးလ်ရဲ့ အကွက်မြင်မှုကိုရော၊  ထုံးစံအတိုင်း ဘယ်နေရာကနေ ဘယ်လို ပြေးထွက်လာမှန်း မသိပဲ ဂိုးသွင်းတတ်တဲ့ ရမ်ဆေး ကိုရော ချီးကျူးရမှာ ဖြစ်ပါတယ်။ အဲ့နောက် ကစားကွက် အချိတ်အဆက် ပိုမိတဲ့ ဝေးလ်စ်တို့ တူရကီ ဘက်ကို ပိုမိုထိုးဖောက်လာနိုင်ပြီး မိနစ် ၆၀ မှာ ပင်နယ်တီ ကန်ခွင့် ထပ်ရခဲ့ပြန်ပါတယ်။ ဒီအခွင့်အရေး ကိုတော့ ဘေးလ် ဖြုန်းတီးပစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို နောက်ဆုံး မိနစ်မှာ ကော်နာရောဘတ်စ်ရဲ့ သွင်းဂိုးအတွက် ထပ်မံ ဖန်တီးပေးခဲ့လို့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ တူရကီရဲ့ ခြေစွမ်း ကတော့ ပြိုင်ပွဲမခင်က မျှော်လင့်ထားတာတွေနဲ့ လုံးဝကို ပြောင်းပြန်ပါပဲ။ အီတလီလို အသင်းကြီးကို ယှဉ်မကစားနိုင်ခဲ့တာ ခွင့်လွှတ်လို့ ရပေမယ့် ဝေးလ်စ်ကို ၂ ဂိုးပြတ် ရှုံးခဲ့တာ ကတော့ စိတ်ပျက်စရာ ကောင်းလွန်းခဲ့ပါတယ်။ တစ်သင်းလုံးမှာ ချလနောလူ တစ်ဦး ကလွဲလို့ နိုင်လို စိတ်မရှိ၊ အသင်းလိုက် ကစားပုံမကောင်း၊ တစ်ဦးချင်းလည်း ခြေစွမ်းမပြနိုင်တဲ့ တူရကီတို့ ယူရို ၂၀၂၀ ဒီအဆင့်နဲ့ လှည့်ပြန်ရတာပဲ တန်ပါတယ်။

 

ကြယ်ပွင့် ကစားသမား – ဂါရက်သ်ဘေးလ်

(စာရေးသူ စိတ်ကြိုက်ကစားသမား – ဂါရက်သ်ဘေးလ်)

ဂါရက်သ်ဘေးလ် ကတော့ ဒီနေ့ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် ရမ်ဆေးနဲ့ ကော်နာရောဘတ်စ် တို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဝေးလ်စ် အသင်းကို အကောင်းဆုံး ဦးဆောင်သွားခဲ့ပြီး ရှုံးထွက်အဆင့် တက်ရောက်နိုင်ဖို့ အဓိက စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဘေးလ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ဝေးလ်စ်ကို ဆီမီးဖိုင်နယ် ရောက်ရှိအောင် အဓိက ပို့ဆောင်ပေးခဲ့ပြီး လက်ရှိ ယူရို ၂၀၂၀ မှာလည်း ရှုံးထွက်အဆင့် တက်လှမ်းနိုင်ဖို့ အကောင်းဆုံး စွမ်းဆောင်ပေးနေသူ ဖြစ်ပါတယ်။ စာရေးသူရဲ့ ဒီပွဲအတွက် စိတ်ကြိုက် ကစားသမား ဆိုရင် ဂါရက်သ်ဘေးလ် လည်း ဟုတ်သလို အာရွန်ရမ်ဆေးလည်း ဟုတ်ပါတယ်။ ဘေးလ်ဟာ ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် အနိုင်ဂိုး ၂ ဂိုးစလုံး ဖန်တီးပေးခဲ့လို့ ဇီးရိုးမဖြစ်ပဲ ဟီးရိုး ဖြစ်ခဲ့ရသလို ရမ်ဆေးလည်း အတူတူပါပဲ။ ပထမပိုင်းမှာ အပိုင် အခွင့်အရေး ၂ ကြိမ် ဖြုန်းတီးပစ်ခဲ့ပေမယ့် အရေးပါတဲ့ ဦးဆောင်ဂိုး ကိုတော့ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်များ

·         အာရွန်ရမ်ဆေးဟာ အဓိကပြိုင်ပွဲကြီးတွေရဲ့ နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ တစ်ဂိုးထက်ပိုပြီး သွင်းနိုင်ခဲ့တဲ့ ၄ ဦးမြောက် ဝေးလ်စ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဘေးလ်(ယူရို ၂၀၁၆ မှာ ၃ ဂိုး)၊ ဟဲလ်ရော့ဘ်ဆင် ကနူး( ယူရို၂၀၁၆ မှာ ၂ ဂိုး)၊ အီဗော အောလ်ချက်ချ်(၁၉၅၈ ကမ္ဘာ့ဖလားမှာ ၂ ဂိုး)

·         ရမ်ဆေးဟာ နိုင်ငံအသင်းနဲ့ အတွက် အဓိက ပြိုင်ပွဲကြီး ၁ ပွဲထက် ပိုပြီး ဂိုးသွင်းပေးနိုင်ခဲ့တဲ့ ပထမဦးဆုံး ဝေးလ်စ် လက်ရွေးစင် ဖြစ်လာခဲ့ပါတယ်။

·         ဝေးလ်စ်တို့ နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ၁၇ ပွဲမှာ ၁၂ ပွဲက ပေးဂိုးမရှိခဲ့ပါဘူး။

·         ဝေးလ်စ် အတွက် ၂၈ ပွဲ ကစားပြီး ၂ ဂိုးသွင်းထာတဲ့ ကော်နာ ရောဘတ်စ်ဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း ပထမဦးဆုံး အကြိမ် ဂိုးပြန်သွင်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

·         တူရကီနဲ့ ဝေးလ်စ် ပွဲစဉ်ဟာ ယူအီးအက်ဖ်အေ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ပွဲ ၃၀၀ ပြည့် ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ (ခြေစစ်ပွဲများမပါ။)

 

လာမယ့် ပွဲစဉ်များ

အုပ်စု(A)ရဲ့ နောက်ဆုံးပွဲစဉ်တွေ အဖြစ် ဇွန်လ ၂၀ ရက်နေ့ တနင်္ဂနွေ နေ့မှာ တူရကီက ဆွစ်ဇာလန်နဲ့ ဘာကူကွင်းမှာ ကစားရမှာ ဖြစ်ပြီး ဝေးလ်စ် ကတော့ အီတလီနဲ့ ရောမမြို့မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်