နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိဒ်စ်ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ကို တကျော့ပြန်ခြေချနိုင်ခြင်းရဲ့ အဓိကအချက် ၅ချက်

လိဒ်စ်ယူနိုက်တက်အသင်းဟာ ၁၆နှစ်အကြာမှာ ပရီးမီးယားလိဂ် ကို တကျော့ပြန်‌ခြေချနိုင်ခဲ့ပါပြီ။ SBOTOP ဘောလုံးပရိသတ်တွေထဲမှာလည်း လိဒ်စ်အသင်းကို အသည်းစွဲအားပေးခဲ့တဲ့ ပရိသတ်တွေ ရှိကြမယ်ထင်ပါတယ်။ အခုတစ်ခုမှာတော့ လိဒ်စ်ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ကို ပြန်လည်တက်လှမ်းလာနိုင်ခြင်းရဲ့ အဓိကအချက် ၅ချက်ကို ဖော်ပြပေးချင်ပါတယ်။

 

အဆုံးအဖြတ် ပြန်ကန်ပွဲတွေ ရှောင်ရှားနိုင်ခဲ့ခြင်း

လိဒ်စ်တို့ ပရီးမီးယားလိဂ်ကို ပြန်တက်နိုင်ဖို့ အရင်နှစ်တွေကတည်းက အခွင့်အရေးရခဲ့ပေမယ့် အဆုံးအဖြတ်ပြန်ကန်ပွဲတွေဆိုရင် ကံမကောင်းခဲ့လို့ ရွှေပြည်တော် မျှော်တိုင်းဝေးခဲ့ရဖူးပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံရှစ်မှာတော့ လိဒ်စ်တို့ ပြန်ကန်ပွဲတွေမကစားရဖို့ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ရာသီအစ အဖွင့်ပွဲ ၇ပွဲမှာ ၁၆မှတ်ထိရရှိခဲ့ပြီး ဘောလုံးရာသီတစ်ခုလုံးမှာ အမှတ်ပေးဇယား အဆင့် ၇နေရာအထိ အနိမ့်ဆုံးရောက်ရှိခဲ့ပါတယ်။ နို၀င်ဘာလလောက်ကစပြီး အဆင့် ၁နဲ့ ၂ နေရာကနေ အောက်မကျခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ ရာသီအကုန် ၄၆ပွဲကစားပြီးချိန်မှာ ဒုတိယနေရာက ၀က်စ်ဘရွန်းကို ၁၀မှတ်တိတိဖြတ်ပြီး ချန်ပီယံရှစ်မှာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ အဆင့် ၂နေရာက ၀က်စ်ဘရွန်းဟာလည်း လိဒ်စ်နဲ့ အတူ ပရီးမီးယားလိဂ် ကို ၃ရာသီအတွင်း ဒုတိယအကြိမ် ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

 

အဓိက ကစားသမားတွေ ဖြည့်တင်းနိုင်ခဲ့ခြင်း

နည်းစနစ်ပိုင်းကျွမ်းကျင်လှတဲ့ နည်းပြကြီး ဘိုင်လ်ဆာရဲ့ ပြီးခဲ့တဲ့ ရာသီက အကောင်းဆုံးလူခေါ်ယူမှုကို ပြောပါဆိုရင် ဘရိုက်တန် က လူငယ်ဗဟိုခံစစ်မှူးလေး ဘန်ဝှိုက်ကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၁နှစ်သာရှိသေးတဲ့ အဂ်လန်သားလေးဟာ လိဒ်စ်အတွက် ပြိုင်ပွဲစုံ ၄၉ပွဲကစားပေးပြီး တစ်ပွဲချင်းစီအလိုက် အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသသွားပြီး ပြီးခဲ့တဲ့ ရာသီချန်ပီယံရှစ်ရဲ့ အကောင်းဆုံးဗဟိုခံစစ်မှူးလို့တောင် သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် အငှားစာချုပ်ပြည့်ချိန်မှာ ဘရိုက်တန်ကို ပြန်သွားရလို့ လိဒ်စ်နဲ့ လမ်းခွဲခဲ့ရပါတယ်။ လက်တလောမှာတော့ ဘရိုက်တန်အတွက်လည်း အရေးပါနေတဲ့ ဘန်ဝှိုက်ကို နည်းပြဘိုင်လ်ဆာ အနေနဲ့ အပြီးသတ်ခေါ်ယူချင်ပေမယ့် အဆင်မပြေမှုတွေ ရှိနေတယ်လို့သိရပါတယ်။ နောက်တစ်ဦးကတော့ ဝုဗ်ကအငှားနဲ့ လာကစားနေတဲ့ ပေါ်တူဂီတိုက်စစ်မှူး ဟဲလ်ဒါကော်စတာ ဖြစ်ပါတယ်။ ကော်စတာကြောင့် လိဒ်စ်တို့ အရေးပါတဲ့ သွင်းဂိုးတော်တော်များများ ရခဲ့ပြီး ပရီးမီးယားလိဂ်ပြည်တော်ပြန် ခရီးလမ်းကို ဖြောင့်ဖြူးစေခဲ့တဲ့ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

 

ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တိုးတက်လာခြင်း

ပိုင်ရှင်ဖြစ်တဲ့ စပိန်မီလျံနာ ရာဒရစ်ဇ်ဇာနီဟာ အသင်းကို ပြုပြင်ပြောင်းလဲပြီး အနာဂတ်မှာ တိုးတက်လာဖို့အတွက် ငွေကြေးအလုံးအရင်း အသုံးပြုပြီး နာမည်ကြီးကစားသမားတွေ ခေါ်ယူခြင်းမရှိခဲ့ပေမယ့် နည်းစနစ်ကြွယ်၀တဲ့ အာဂျင်တီးနားနည်းပြ ဘိုလ်ဆာကိုတော့ ခေါ်ယူပေးခဲ့ပါတယ်။ အသင်းရဲ့နည်းပြနေရာအတွက် ခေါ်ယူပေးဖို့တောင် မက်ဆီကိုယ်တိုင် ဘာစီလိုနာကို တောင်းဆိုခဲ့ဖူးတဲ့ နည်းပြဘိုလ်ဆာရဲ့ အရည်အသွေးကိုတော့ သံသယဖြစ်ဖွယ်မရှိပါဘူး။ လိဒ်စ်ယူနိုက်တက်ကို သူရောက်ရှိချိန်မှာ အသင်းရဲ့ကစားသမား အားလုံးနီးပါး ခြေစွမ်းထက်မြတ်လာတာကို မြင်တွေ့ရပြီး ဖြစ်ပါတယ်။ အသင်းနဲ့ ပြသနာရှိတဲ့ လုခ်အိုင်လင်းကို တန်ဖိုးရှိတဲ့ကစားသမား ဖြစ်စေခဲ့သလို ကယ်လ်ဗင်ဖီးလစ်ကလည်း ဘိုလ်ဆာ‌ရဲ့ နည်းစနစ်ကောင်းကြောင့် တောက်ပလာတဲ့ ကစားသမားဖြစ်ပါတယ်။ ကလစ်ခ်ျ၊ ပါဘလိုဟာနန်ဒက်စ်တို့ကို အကောင်းဆုံးအသုံးချပြီး ဘန်ဝှိုက်၊ လီယန်ကူပါး တို့လို ခံစစ် ကစားသမားသမားကောင်းတွေနဲ့ အချိူးကျတည်ဆောက်နိုင်ခဲ့ပြီး ကစားသမားတွေကလည်း တိုးတက်လာခဲ့တဲ့အတွက် အခုလို ပရီးမီးယားလိဂ်မှာ ပြန်လည်အခြေချလာနိုင်တာပဲ ဖြစ်ပါတယ်။

 

ပွဲစဉ်‌များ ရပ်နားထားခဲ့ခြင်းကို အကျိုးရှိရှိအသုံးချနိုင်ခဲ့ခြင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲစဉ်တွေ ၃လနီးပါး ရပ်နားထားခဲ့တဲ့အချိန်ဟာ  လိဒ်စ်ယူနိုက်တက်ကစားသမားတွေ  ‌စိတ်ရောလူပါအနားရခဲ့ပါတယ်။ ပြိုင်ပွဲတွေ ပြန်လည်စတင်ချိန် ၇ပွဲကစားရာမှာ ၅ပွဲထိ အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ လိဒ်စ်ယူနိုက်တက် ဟာ နောက်ဆုံး ၉ပွဲမှာ ၅ပွဲရှုံးပြီး အဆင့်၂နေရာ အပြင်ကို ရောက်ရှိခဲ့ဖူးပါတယ်။ ဒီနှစ်မှာတော့ အမှားကိုပြင်ဆင်နိုင်ခဲ့တဲ့ လိဒ်စ်တို့ ချန်ပီယံရှစ်ဆုဖလားပါရရှိပြီး ပရီးမီးယားလိဂ်မှာ ကစားဖို့ ထိုက်တန်ခဲ့ပါတယ်။

 

ငွေကြေးအလုံးအရင်း မသုံးစွဲပဲ အသင်းကို အကောင်းဆုံးတည်ဆောက်နိုင်ခဲ့ခြင်း

လိဒ်စ်ယူနိုက်တက်မှာ ကောင်းမွန်တဲ့ သမိုင်းကြောင်းတွေ၊ တောင့်တင်းတဲ့ပရိသတ်တွေ၊ အသင်းတည်ဆောက်ပုံတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် အသင်းကို ဘယ်တော့မှ ငွေကြေးအမြောက်အမြားသုံးစွဲပြီး တည်ဆောက်တယ်ဆိုတာ မရှိခဲ့ပါဘူး။ နည်းပြဘိုင်လ်ဆာကိုယ်တိုင်ကလည်း ငွေအမြောက်အမြား တောင်းဆိုခြင်းမရှိခဲ့ပဲ အသင်းမှာရှိတဲ့ ကစားသမားတွေကိုသာ ထူးချွန်လာအောင် လေ့ကျင့်ပေးခဲ့ပါတယ်။ အားသာချက်ကတော့ နာမည်ကြီးကစားသမားတွေ မရှိတာကြောင့် လစာငွေ အများအပြားပေးချေရခြင်းမရှိလို့ ဘဏ္ဍာငွေပိုင်းမှာလည်း အခက်အခဲမဖြစ်စေခဲ့ပါဘူး။ လက်ရှိ ပရီးမီးယားလိဂ်ကို တန်းတက်လာချိန်မှာလည်း နာမည်ကြီးကစားသမားတွေ ၀ယ်ယူဖို့ထက် အလယ်အလတ်တန်းကစားသမားတွေကို ခေါ်ယူဖို့သာ ပစ်မှတ်ထားနေတာတွေ့ရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်