နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အလွန်ဆို နေရာမှာ ရာအူးလ်နဲ့ အစားထိုးဖို့ ရည်ရွယ်ထားတဲ့ လေဗာကူဆင် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် ကတော့ အကယ်၍ လာမယ့် ဘောလုံးရာသီမှာ ဇာဘီ အလွန်ဆိုကို လက်လွှတ်ခဲ့ရမယ် ဆိုရင်တော့ ရာအူးလ် ဂွန်ဇာလက်ဇ်နဲ့ ပြလည် အစားထိုးချင်နေတယ်လို့ သိရပါတယ်။ ရာအူးလ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးပဲ ဖြစ်ပြီး လက်ရှိမှာတော့ လာလီဂါ ကလပ်ရဲ့ ဒုတိယအသင်းမှာ နည်းပြ အဖြစ် လုပ်ကိုင်နေခဲ့ပါတယ်။

၁၉၉၄ ခုနှစ် ကနေ ၂၀၁၀ ခုနှစ် အထိ ရီးရဲလ်မက်ဒရစ်မှာ ပွဲပေါင်း ၅၅၀ ကစားခဲ့တဲ့ ရာအူးလ် ဂွန်ဇာလက်ဇ်ဟာ ၂၂၈ ဂိုး အထိလည်း သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာပြီးနောက် မှာတော့ ရာအူးလ်က ရှော်လ်ကီ၊ အဲလ်ဆက်ဒ်၊ နယူးယောက် ကော့စ်မို အသင်းတွေမှာ ကစားခဲ့ပါတယ်။ ရာအူးလ်ဟာ ၂၀၁၅ ခုနှစ် မှာတော့ ကစားသမားဘဝ ကနေ အနားယူခဲ့ပြီးတော့ ၂၀၁၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် လူငယ် အသင်းမှာ နည်းပြ လုပ်ခဲ့ပါတယ်။ အဲ့နောက် ရီးရဲလ်မက်ဒရစ် ဒုတိယအသင်းကို နည်းပြ အဖြစ် ကိုင်တွယ်ခဲ့ပြီး လက်ရှိ အချိန်ထိ ကိုင်တွယ်နေဆဲ ဖြစ်ပါတယ်။

စပိန် ကစားသမားဟောင်း ဇာဘီ အလွန်ဆို ကတော့ ၂၀၂၃ ခုနှစ်မှာ လေဗာကူဆင်ရဲ့ နည်းပြ အဖြစ် စတင် ဆောင်ရွက်ခဲ့ပြီး သူရဲ့ ပွဲဦးထွက် ရာသီမှာတင်ပဲ နည်းပြ အရည်အသွေးကောင်းတွေကို ပြသနိုင်ခဲ့ပြီး ဒုတိယရာသီ မှာတော့ ဆုဖလားတွေနဲ့ ထပ်ပြီး သက်သေပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အလွန်ဆိုဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုဖလားကို ရှုံးပွဲ မရှိပဲ ရယူနိုင်ခဲ့ပြီး ဂျာမန် ပိုကယ်ဖလားလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ် မှာလည်း ဗိုလ်လုပွဲ အထိ ရောက်ခဲ့ပေမယ့် အတ္တလန္တာကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့လို့သာ ဥရောပဆုဖလား တစ်လုံးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုး အရည်အသွေးကောင်းတွေ ပြသထားနိုင်တဲ့ အလွန်ဆိုကို ဥရောပထိပ်တန်း ကလပ်တိုင်းက အလိုရှိနေခဲ့ပြီး အထူးသဖြင့် ရီးရဲလ်မက်ဒရစ် ဘေယန်မြူးနစ်နဲ့ လစ်ဗာပူးလ် တို့က နည်းပြ အဖြစ် ခန့်အပ်ဖို့ တော်တော်လေး စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို စိတ်ဝင်စားမှုတွေ ရှိနေပေမယ့်လည်း အလွန်ဆို ကတော့ လေဗာကူဆင် မှာပဲ နောက်တစ်ရာသီ ဆက်နေဖို့သာ ရွေးချယ်ခဲ့ပါတယ်။

လက်ရှိမှာတော့ အလွန်ဆိုက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ လေဗာကူဆင် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ကြီးနေပါတယ်။ အကယ်၍ အလွန်ဆိုသာ ထွက်သွားခဲ့ရင်တော့ ဘွန်ဒက်စ်လီဂါ ကလပ်က စပိန် ဘောလုံးသမားဟောင်း တစ်ဦး ဖြစ်တဲ့ ရာအူးလ်နဲ့ ပြန်လည် အစားထိုးဖို့ စီစဉ်နေပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ စပိန် အသင်း တို့ရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ရာအူးလ် ကိုတော့ အနာဂတ်မှာ ရီးရဲလ်မက်ဒရစ် စီနီယာ အသင်းရဲ့ နည်းပြ ဖြစ်လာမယ့်သူလို့ သတ်မှတ်ထားကြပြီး ကလပ် အသင်း တော်တော်များများ ကလည်း မျက်စိကျနေကြပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ရာသီမှာ နည်းပြ ကာလို အန်ဆယ်လော့တီနဲ့ လမ်းခွဲဖွယ် ရှိနေပြီး သူ့နေရာ မှာတော့ ဇာဘီ အလွန်ဆိုကို အစားထိုး ခန့်အပ်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်